" ဟာ ဘာလို့ဆိုင်ကယ်နဲ့လာတာလဲ
လူတွေမြင်ကုန်မှာပေါ့.. ကားနဲ့လာပါဆိုတာကို..."အိမ်ရှေ့ထွက်ထွက်ချင်းမြင်လိုက်ရတဲ့ ဆိုင်ကယ်ကိုမှီပြီး ရပ်နေတဲ့သကောင့်သားကြောင့် အတွေးဖြင့်မလုံမလဲဘေးဘီကြည့်မိ၏။
" လာတက်...သွားမယ်.."
" အတင့်ရဲလှချည်လား ဘိုဓိ.....ဘာအားကိုးနဲ့ အဲ့လောက်အတင့်ရဲနေတာလဲ...."
" တက်ပါဆိုဗျာ ကိုပွားကြီးကလဲ..."
"ကြည့်စမ်း အကြီးကိုမခန့်လေးစားနဲ့ပြောပြန်ပြီ....မင်းက ကိုကို့စကားဆိုဘယ်တော့မှနားမထောင်ဘူး ပြောပြန်ရင်လဲ ပွားတယ်ဖြစ်သေးတယ်....
ပွားတော့ရော မင်းဘယ်တုန်းကနားထောင်လို့လဲ "ပွစိပွစိပြောပြီး သူ့ဆိုင်ကယ်နောက်ကနေ ခါးကိုကျစ်ကျစ်ပါအောင်ဖက်လိုက်လာတဲ့ အဘိုးကြီးအိုပေါက်စလေးဟာ အရမ်းပွားတာပဲ။ပြီးရင် သူမလိုက်ပဲနေနိုင်တာလဲမဟုတ်ပေ။
ဒီတစ်ခါတော့ သူ့ခါးကိုဆိုင်ကယ်ပေါ်တက်တည်းက ဖက်ထားလို့လားမသိဘူး ။ ဆိုင်ကယ်ကိုပုံမှန်လေးပဲမောင်းနေတာကြောင့် ပတ်ဝန်းကျင်အရသာကို ခံစားလို့ရနေသည်။ တံတားပေါ်ကနေ ဖြတ်လာတာဆိုတော့ ဟိုတစ်ခါသွားတဲ့သန်လျင်ဘက်ကမ်းကိုသွားနေတာပဲဖြစ်ရမည်။...
" ကျွီ....."
မှောင်ရိပ်ကျကျမှာထိုးရပ်လိုက်တဲ့ ဆိုင်ကယ်ပေါ်မှဆင်းလိုက်ပြီး ကမ်းနားစပ်မှာအတူတူလမ်းလျှောက်ရင်း လေညှင်းခံနေမိသည်။
" အဓိက...."
" ဗျာ....."
အမယ် ဗျာ ဆိုပါလား။ အဓိကထူးပုံကို သဘောကျစွာ တာရာရယ်လေတော့ အဓိကရှက်သွားပုံဖြင့် ခေါင်းကုတ်နေလေတော့သည်။
" ကိုကိုကလဲဗျာ ဘာရီစရာပါလို့လဲ..."
" မဟုတ်ပါဘူးကွာ.....အမြဲအဲ့လိုပဲ လိမ်လိမ်မာမာလေး ထူးပေးပါလား..... "
" အဟီး....."
သူ့ကိုသွားဖြဲပြီးပြန်ရီပြလိုက်သော အဓိကပုံစံလေးကြောင့် သူအသဲယားစွာဆံပင်တွေကိုဆွဲဖွမိလေတော့သည်။
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...