အချစ်ဆိုသော ထိုအရာ. 14

2.6K 176 2
                                    

သူ့လက်ကိုဆွဲယူလိုက်တဲ့ ကိုတာရာကြောင့်မှင်သက်နေဆဲမှာပင် လက်ထဲရောက်လာတဲ့အရာတစ်ခု။ ဘူးလှလှလေးတစ်ဘူး။သူဖွင့်ကြည့်လိုက်တော့  ဆွဲကြိုးလေးတစ်ကုံးက လှပစွာသူ့ကိုပြုံးပြနေသယောင်။

"ဒါ  ဒါက. "

" မင်း ငါ့လည်ပင်းက ကြိုးလေးလိုချင်တယ်ဆိုပြီး ပြောဘူးတယ်လေ၊ငါ့ဟာတော့မပေးဘူး။ ဆင်တူဆွဲမယ်လေ. အသစ်ဝယ်လာတာ ကြိုက်လား "

သူမသိပဲနေမလား ဒီကြိုးလေးကို ကိုတာရာ့ဆီကနေသူတောင်းဘူးသည်။ အမှတ်တရတစ်ခုခု သူ့ဆီကလိုချင်လို့လေ။ အဲ့ဒီတုန်းကတော့မပေးပဲ အခုမှဆင်တူဆိုပြီး လာဝယ်ပေးနေတာလား။ ဆင်တူဆိုတော့ ပိုကောင်းတာပေါ့။ သူ့အတွေးနှင့်သူ နှုတ်ခမ်းဖျားတွေကော့တက်လာသည်အထိပြုံးမိသွားရသည်။

ကလေးတစ်ယောက်လို မိန့်မိန့်ကြီးပြုံးပြီး သဘောတွေကျနေသော အဓိကကိုကြည့်ရင်း အခုမှစိတ်ထဲမှာသက်သာရာရလေတော့သည်။ တော်သေးတာပေါ့ ချော့ဖို့စီစဉ်လာတာလေးကို ကိုယ်တော်ချောကကြိုက်ပေလို့။

" ဆွဲပေး "

သူ့လက်ထဲ ဘူးကိုပြန်ထိုးထဲ့ပြီးပြောလိုက်သောအဓိကကြောင့် အတော်ပင် စိတ်ထဲပျော်ရွှင်သွားရသည်။
ဒီကလေးဆိုးကို သူအဲ့တာတွေကြောင့် အလွန်အမင်းချစ်ရပါသည် ။

အဲ့ဒီလိုချွဲတာတွေ ကလေးဆန်တာတွေကို သူအမြဲပင်ဖြည့်ဆည်းပေးချင်လှသည်။
အမြဲတမ်း ငါ့အပေါ်ဆိုးနေပါအဓိက။ ငါအလိုလိုက်ပေးချင်တယ်။ အတွေးနှင့်အတူ လှပသောအပြုံးတစ်ပွင့်က သူ့မျက်နှာ ထက်မှာ အလှဆင်နေမည်မှာမလွဲပင်။

အဓိကလက်ထဲကဘူးလေးကိုယူ၍ ဆွဲကြိုးလေးကိုထုတ်ကာ သူကိုယ်တိုင်ပင် အဓိကလည်တိုင်မှာ ဝတ်ဆင်ပေးလိုက်သည်။

မြစ်ပြင်ကျယ်ကို ဖြတ်တိုက်လာသော လေပြေညှင်းသည် အလွန်အေးမြပြီး သူ့ရင်ထဲအနက်ရှိုင်းဆုံးတစ်နေရာအထိ အေးချမ်းသွားစေသည်။ ကျေနပ်စွာပြုံးပျော်နေသော အဓိကမျက်နှာလေးကို မြင်နေရတာ သူ့အတွက်သုခဘုံပဲမဟုတ်လား။

ချစ်ရသူပျော်ရွှင်နေခြင်းသည် ကိုယ့်ဘဝရဲ့ပျော်ရွှင်ခြင်းနှင့် တိုက်ရိုက်အချိုးကျသည်ဆိုတာကို သူအခုမှခံစားသိရှိခဲ့ရလေသည်။ မျှော်လင့်ခြင်းတွေမပါတဲ့ ဖြူစင်တဲ့ချစ်ခြင်း တရားသည်အလွန်တစ်ရာလှပပါသည်။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now