မနက်ခင်းမှာနိုးထလာသောအဓိက သူ့ဘေးမှာအိပ်ပျော်နေတဲ့ ကိုကို့ကိုကြည့်ပြီး မနေ့က သူ့ကိုညတွင်းချင်းလာချော့တာကို ကျေးဇူးတင်နေမိသည်။ သူကြိတ်ပြီးဆုတောင်းနေခဲ့တာလေ။ ကိုကိုသူ့ကိုပြစ်ထားမှာတော့ သူသေလောက်အောင်ကြောက်သည်။
မနေ့ကတံခါးမဖွင့်ပေးပဲသာနေနေတာ အိမ်ထဲကနေ တံခါးလက်ကိုင်ကိုကိုင်ပြီး သူအကြာကြီးရပ်နေခဲ့တာ ကိုကိုသူ့ကိုစိတ်မရှည်ပဲ ပြန်ထွက်သွားမှာစိုးရိမ်နေခဲ့တာ
လေ။ တော်သေးသည် ကိုကိုသူ့ကိုပြစ်မထားခဲ့ပဲ စိတ်ရှည်လက်ရှည်စောင့်နေပေးလို့။ပြီးတော့ သူ့ကိုချစ်တဲ့အကြောင်းတွေ တစ်ညလုံးထိုင်ပြောနေတာ အိပ်ချင်ယောင်ဆောင်နေတဲ့သူ အကုန်သိနေတယ်လေ။
ကျေးဇူးတင်ပါတယ် ကိုကို....
ကျွန်တော့ကို စိတ်ရှည်ပေးလို့။
ကျွန်တော့်ကို ချစ်နေပေးလို့။
သူအိပ်ပျော်နေတဲ့ကိုကို့ရဲ့နဖူးလေးကို ဖွဖွနမ်းလေတော့ ပူခြစ်နေတဲ့ကိုကို့ရဲ့အသားတွေကြောင့် သူစိုးရိမ်သွားမိသည်။ ညကမိုးမိပြီးဖျားပြီထင်တယ်။ဒုက္ခပဲ...သူကလဲဒီနေ့ X.Fox မှာ ဦးကောင်းကြွယ်ကိုဖြုတ်ချဖို့ ဒါရိုက်တာအဖွဲ့ဝင်တွေနှင့်ဒုတိယအကြိမ် meeting လုပ်ရမဲ့နေ့ဖြစ်နေသည်။ နေမကောင်းတဲ့ကိုကို့ကိုလဲ သူထားမသွားနိုင်ပေ။
သူ့စိတ်ထဲဗျာများနေစဉ် ဆုံးဖြတ်ချက်နှင့်အတူ ကိုနိုင့်ကိုဖုန်းခေါ်လိုက်ကာ သူ့အစားကိုနိုင့်ကိုသာသွားခိုင်းပြီး အစည်းအဝေးကို နောက်နှစ်ရက်ကိုရွှေ့ခိုင်းလိုက်ရသည်။
ကိုကို့လောက်ဘယ်အရာမှအရေးမကြီးပေ။ သူအလျှင်အမြန်ပင် ကုတင်ပေါ်ကဆင်းကာ ဆရာဝန်ဆီဖုန်းဆက်၍ ကိုကို့ကို ရေအေးဝတ်ကပ်ပေးကာ အပူကျအောင် တတ်သလောက်မှတ်သလောက်လုပ်ပေးနေမိသည်။
သူ့ကြောင့်.... သူအလွန်အကျွံစိတ်ကောက်မိလို့ ကိုကိုမိုးမိရတာဆိုပြီး တွေးမိပြန်တော့ မျက်ရည်ကဝဲရပြန်သည်။...
ဆရာဝန်ရောက်လာပြီး ကိုကို့ကိုဆေးတစ်လုံးထိုးပေးကာ အစာပျော့ပျော့သာစားရန်မှာကြားပြီး ပြန်သွားလေပြီ။ အစာပျော့ပျော့ဆိုတော့ သူဆန်ပြုတ်ပြုတ်ရမှာပေါ့......
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...