အချစ်ဆိုသော ထိုအရာ. 11

2.6K 184 4
                                    

"အမမေးချင်တာကလေ အခုလက်ရှိရိုက်ကူးနေတဲ့ Sunshine က မြန်မာနိုင်ငံမှာ တစ်ခါမှ မရိုက်ဘူးသေးတဲ့ပုံစံမျိုးလေးလဲ ဖြစ်တဲ့ BL ပေါ့်နော်
ယောက်ျားလေးအချင်းချင်း ခံစားချက် ထားရတဲ့ဇာတ်လမ်းမျိုးဆိုတော့ ပုံမှန် ယောက်ျားလေးနဲ့ မိန်းကလေးကြားက အချစ်ပုံစံမျိုးလိုမဟုတ်တော့ မောင်လေးတို့အတွက် သရုပ်ဆောင်ရတာခက်ခဲလား "

တာရာ ဘယ်လိုစကားလုံးမျိုးနဲ့လှပအောင်ပြန်ဖြေရမလဲ စင်းစားနေဆဲမှာပင်

" ခံစားချက်အတိုင်း လိုက်သွားရင် လွယ်ပါတယ်၊ ခက်ခဲတဲ့အပိုင်းတော့ သိပ်မပါဘူး ခံစားရတဲ့အတိုင်းလုပ်လိုက်တာပဲ "

တစ်ခွန်းချင်းဝင်ပြောလိုက်တဲ့ အဓိက စကားကြောင့် တာရာ့နားရွက်ဖျားတွေရဲတက်သွားသည်အထိ ထူပူသွားရသည်။
ဘယ်လိုအဖြေကြီးလဲကွာ ဒီကလေးတစ်ယောက်နဲ့ခက်ပါပြီ။

တာရာ ခပ်မြန်မြန်ပင်ကြားကနေဝင်ဖြေလိုက်ရတော့သည်။ မဟုတ်ရင် media တွေဆိုတာပြောလို့ရတာမဟုတ်။ ဘာမဟုတ်တာလေးကို ပရိသတ်စိတ်ဝင်စားအောင် ခေါင်းစဥ်ကို အကျယ်ချဲ့လိုက်မှ ဘိုဓိတစ်ယောက် ဒုက္ခရောက်ရချည်ရဲ့။

" အခက်ခဲတွေကတော့ ရှိတာပေါ့အမရယ် bl ကြောင့်ရယ် ဘာကြောင့်ရယ် မဟုတ်ပေမဲ့ သာမာန်မဟုတ်တဲ့သဘာဝနဲ့ဆန့်ကျင်နေတဲ့ ဇာတ်လမ်းဆိုတော့အနည်းနဲ့ အများတော့ အခက်အခဲတွေကရှိတာပေါ့၊ ပြီးတော့ ဒါကလဲမြန်မာနိုင်ငံဆိုတော့ ပရိသတ် လက်ခံနိုင်မဲ့ဘောင်ထဲကနေထိန်းပြီး လုပ်နေရတာဆိုတော့လေ "

"အခုပရိတ်သတ်တွေက ဒီဇာတ်လမ်းနဲ့ပတ်သတ်ပြီး အရမ်းစိတ်ဝင်စားနေကြတယ်
Shotting မှာလဲမောင်လေးတို့နှစ်ယောက်က အနေအရမ်းနီးတယ် ကြားတော့လေ
ဇာတ်လမ်း ထဲကအတိုင်းအပြင်မှာ ......."

"ဟာ မဟုတ်တာ…ကျွန်တော်တို့က type နည်းနည်းတူတယ်လေ၊ ပုံစံချင်းတူတော့ ရင်ဘတ်ချင်းနီးတယ် အဲ့ဒီတော့အချိန်တိုလေးအတွင်းမှာ အရမ်းခင်သွားတာပါ "

Interviewer ရဲ့ အမေးကိုတာရာအလျှင်အမြန်ပင် မျက်စိမျက်နှာပျက်စွာဝင်တားရတော့သည်။ ဘေးကအဓိက ကိုမျက်နှာပူ အားနာလွန်းလှသည်လေ။ သူ့လိုအခုမှ ကြိုးစားရုန်းကန်နေရတဲ့ မျှစ်စို့ပေါက်လေးနဲ့ နာမည်ကြီး ငွေကြယ်ပွင့်လေးသာနာမည်ထွက်သွားရင် ပိုပြီးနစ်နာရမှာက ပိုပြီးနာမည်ကြီးတဲ့သူပဲမလား။သူ့ကြောင့်နဲ့တော့ ဒီကလေးကိုလုံးဝအထိခိုက်မခံနိုင်ပေ။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now