အဓိကဒီနေ့ ရွှင်ရွှင်လန်းလန်းနှင့်ပင် နိုးထလာခဲ့သည်။ ဒီနေ့ကဘာနေ့လဲဆိုတော့ scrip reading ဖတ်ရမဲ့နေ့လေ၊ သူအရမ်းတက်ကြွနေမိသည်။ ဒီဇာတ်ကောင်အတွက် သူအရမ်းရင်ခုန်နေမိသည် ။
"အပြုံးလေးတစ်ကစ ရင်ခုန်ချစ်ခဲ့မိတာ ငါ့အမှား …..🎶🎶🎶🎶"
သီချင်းလေး တစ်ညည်းညည်းနှင့်ပင် ရေမိုးချိုးပြင်ဆင်ပြီး လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး T.shirt လေးနှင့်ဂျင်းအပြဲလေးကိုဝတ်ပြီးအပေါ်က ဂျင်းဂျာကင်တစ်ထပ်ကောက်စွပ်လိုက်သည်။ဇာတ်ညွှန်းဖတ်ရမှာဆိုတော့ ပေါ့ပေါ့ပါးပါးပဲ သွားချ
င်သည် ။ပြင်ဆင်ပြီးသည်နှင့် ကားသော့ကိုလက်ညှိုးထိပ်လေးမှာလှည့်ကာလှည့်ကာဖြင့် ရွှင်လန်းတက်ကြွစွာ ထွက်လာခဲ့မိသည် ။ ဒီနေ့ သူ့စိတ်တွေအင်မတန်မှ တက်ကြွလန်းဆန်းနေတာ သူ့ကိုသူတောင်အံသြမိရသည်။ အင်းလေ....မလုပ်ဘူးတဲ့ အလုပ်အသစ်ခု လုပ်ရတော့မှာမို့လို့ပဲနေမှာပါ။
……………………
" ဟော လာ... ဘိုဓိ ဒီမှာ တာရာ့ဘေးမှာထိုင်လိုက် "
တံခါးဖွင့်၍ ဝင်လာသောသူ့ကို မမီက ဦးစွာနှုတ်ဆက်၍ တာရာ့ဘေးကနေရာလွတ်ကို ထိုင်ရန်ပြသောကြောင့် သူတာရာ ဆိုသူကို တစ်ချက်လှမ်းကြည့်၍ သူ့ရဲ့မူပိုင် မပွင့်တစ်ပွင့်အပြုံးတစ်ခု ပေးလိုက်လေ၏။
ထိုအချိန် ထင်မှတ်မထားစွာ တာရာ့ထံမှ အလွန်တရာဖြူစင်စွာသော လှိုက်လှဲသော အပြုံးတစ်ခုဖြင့် သူ့ကိုတုန့်ပြန်လာခဲ့သည် ။ အိုးခိုင်မော့ ယောကျ်ားလေးတစ်ယောက်ကပြုံးလိုက်ရင် အဲ့လောက်တောင် လှသတဲ့လား..?
အဓိက စိတ်ထဲ မှတ်ချက်ပေးလိုက်မိသည်။ အပြုံးလေးကဖြူစင်ပြီးလှပလွန်းလိုက်တာ။
အပြုံးတွေသာဖလှယ်၍ ထိုင်မိသည်။ တော်တော်ကြာအထိ စကားတစ်ခွန်းမှ မဆိုဖြစ်ကြချေ။ နှစ်ယောက်စလုံးက ဘယ်ကနေ ဘယ်လိုစ၍ intro ဝင်ရမလဲ စဥ်းစားနေကြသည်ဖြစ်သည် ။
ထိုအချိန် ဒါရိုက်တာထံမှ ...
" ကဲ ညီလေးတို့. မင်းတို့ရှေ့မှာ အကို ဇာတ်ညွှန်း တစ်ခန်းစီချပေးထားတယ်၊
ဒီနေ့ကတော့ ဇာတ်ညွှန်းဖတ်ပွဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးလေးသွားကြမယ်ကွာနော် "
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...