ရုတ်တရက် ရှယ်ယာရှင်အစည်းအဝေးဆိုပြီးထလုပ်သဖြင့် ဦးကောင်းကြွယ်တစ်ယောက် ယောက်ယက်ခတ်နေလေတော့သည်။ ဦးမြတ်မိုးလွင်က သူ့ company မှာ ရှယ်ယာအများဆုံး ထည့်ဝင်ခဲ့တော့သူ့လောက်ပျော်တဲ့သူမရှိခဲ့ပေ။
ဟုတ်တယ်လေ ဒီလောကဒီလုပ်ငန်းအကြောင်းဘာမှမသိတဲ့ စိတ်မဝင်စားတဲ့ လူတစ်ယောက်က ရှယ်ယာတွေအများကြီးထည့်ဝင်ပြီး လှည့်ပင်မကြည့်ပဲပြစ်ထားတာ သူ့အတွက်ကတော့ သူတောင်းစားရွာ ဆန်လှည်းမှောက်သလိုပဲလေ။ သဘောရှိကိုခြယ်လှယ်ခွင့်ရနေတာ။
အခုတော့ရုတ်တရက်ကြီး ရှယ်ယာရှင်အစည်းအဝေးတဲ့လား။ ဘာမှတော့အထွေအထူး မဟုတ်လောက်ပါဘူးလေ။
အစည်းအဝေးခန်းထဲသို့ သူရောက်တော့ company ဒါရိုက်တာအဖွဲ့ဝင်လူအချို့နှင့် ဦးမြတ်မိုးလွင်ကရောက်နှင့်နေပြီ။" ကဲ လာဗျာ.. ဦးကောင်းကြွယ် ထိုင်... "
" ဟုတ်ကဲ့ ကိုမြတ်မိုး.. ရုတ်တရက်ကြီး ရှယ်ယာဝင်အစည်းအဝေးခေါ်လို့ ဘာအရေးကိစ္စများပါလဲဗျာ...."
သူဝင်ထိုင်ရင်းမေးလိုက်မိသည်။
" ဒီလိုဗျ ကျုပ်ကဒီလုပ်ငန်းမှာ ရှယ်ယာသာဝင်ထားတာလေ ခင်ဗျားတို့လဲသိတဲ့အတိုင်းပဲ ကျုပ်နဲ့အလှမ်းဝေးတဲ့ အလုပ်တွေမဟုတ်လား... တစ်ကယ်တော့ဒီရှယ်ယာတွေက ကျုပ်သားအတွက်ကျုပ် ဝယ်ထားပေးတာဗျ.... သူကဒီအနုပညာလောကထဲကပဲလေ...."
" ဗျာ....ကိုမြတ်မိုးသားကဒီလောကထဲက ဟုတ်လား.... ဘယ်သူများပါလိမ့်ဗျာ......"
" ခဏနေရင် ရောက်လာပါလိမ့်မယ်.... "
အားလုံးကတအံတသြဖြစ်နေကြသည်။
ကိုမြတ်မိုးလွင်မှာ မယားပါသားတစ်ယောက်ရှိသည်ဆိုတာတော့သိထားသည်။ ဒါပေမဲ့ ငယ်ငယ်ထဲကအိမ်ကထွက်သွားပြီး ဆိုးသွမ်းသည်ဟုသာကြားဘူးသည်။
ဘယ်သူဘယ်ဝါရယ်လို့ တစ်ဦးတစ်ယောက်မှမသိမမြင်ဘူးကြပေ။
အခုတော့ အနုပညာလောကထဲကဆိုပါလား ။ ဘယ်သူများပါလ်ိမ့် ။အတွေးတို့ကိုအလုပ်ပေးနေဆဲ အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့ပုံရိပ်တစ်ခုကြောင့် အားလုံးမော့ကြည့်လိုက်တော့...
အနောက်တိုင်းဝတ်စုံ အနက်ရောင်ဝမ်းဆက်နှင့် ရှည်လျားသောအရပ်၊ ဖြူဖွေးသော အသားအရည်၊ ချောမောလွန်းသော မျက်နှာထက်မှာ ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတို့နှင့် ထီမထင်အကြည့်တို့က သူတို့မြင်တွေ့ဖူးနေကျပုံရိပ်တစ်ခုပဲလေ။ သူတို့နဲ့လုံးဝကိုမစိမ်းသော ပုံရိပ်တစ်ခုဖြစ်သည်။
![](https://img.wattpad.com/cover/199076132-288-k341661.jpg)
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...