အချစ်ဆိုသော ထိုအရာ.34

1.4K 53 3
                                    

မန္တလေးရိုက်ကွင်းကပြန်လာသည်နှင့် အဓိကကတာရာ့ကို သူ့အိမ်ပြောင်းနေရန်သာပူဆာနေတော့သည်။
တာရာလဲ အလုပ်တွေနဲနဲအေးသွားမှ စဉ်းစားမိတာက အဓိကမေမေကတွေ့ချင်နေသည်ဆိုတာ ဘယ်လိုစပြောရလဲဆိုတာပဲဖြစ်သည်။ စိတ်ကောင်းဝင်နေတုန်းလေးပြောမှဖြစ်မယ်လေ.....

" ကိုကို...အိမ်မှာပဲလာနေတော့လေ....နော်.."

" အဲ့တာဆို မင်းအိမ်မှာကိုကိုလိုက်နေဖို့ဆိုတာ.....မင်းမိဘတွေကိုတော့ အသိပေးသင့်တယ်ထင်တယ်....မင်းကငယ်သေးတယ်လေ.."

" မငယ်တော့ပါဘူးဗျာ....21 ပါ...ပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေတာပါဗျ...."

" ဘယ်လိုပဲပြောပြောလေ...ကိုကိုကတော့အသိပေးသင့်တယ်ထင်တယ်ကွာ.....မင်းမိဘတွေနဲ့ ကိုကို့ကိုတွေ့ပေး...ကိုကိုကိုယ်တိုင် မင်းကိုစောင့်ရှောက်ခွင့်ကို သူတို့ဆီကနေတောင်းမယ်ဟုတ်ပြီလား..."

မိဘတွေနှင့်တွေ့ပေးဖို့ ပြောနေသည့်ကိုကို့ကိုကြည့်ပြီး အဓိကတစ်ယောက်ရီချင်နေတာ တော်တော်ပင်ထိန်းထားရသည်။ ဒီတစ်ခါတော့အောင်မြင်သွားပြီလေ။ ဟီဟိ...
ဦးမြတ်မိုးလွင်ကိုတောင်းဆိုပြီး တစ်ဖက်လှည့်နှင့် ကိုကို့ကိုမေမေ့ကိုလိုက်တွေ့စေရန်ပြောခိုင်းတာအောင်မြင်ပြီ။

မဟုတ်ရင်အလုပ်တွေအကြောင်းပြ..ဟိုစဉ်စား..ဒီစဉ်းစားနှင့် တော်တော်နှင့်သူဖြစ်စေချင်သလို ဖြစ်လာမည်မဟုတ်ပေ။
အခုတော့ ကိုကို့ဘက်ကစပြီးမေမေနှင့်တွေ့ပေးဖို့ပြောလာပြီလေ။ ဉာဏ်ကောင်းလွန်းတဲ့ သူ့ဦးနှောက်ကလေးကို ရွှေတောင်ချထားချင်မိသွားသည်။
သို့ပေမဲ့လဲ မူရအုံးမယ်လေ....

" ဟာ...ကိုကိုကလဲ..အရွယ်ရောက်ပြီးသား.. လူငယ်နှစ်ယောက် တစ်အိမ်ထဲအတူနေဖို့ဟာ..မိဘတွေလိုသေးလို့လား...."

" ဟာ...လိုတာပေါ့ကွ....မင်းနဲ့ကိုကိုက. ဒီတိုင်းအပေါင်းအသင်းသူငယ်ချင်းလား....ဒီလောက်နာမည်တွေထွက်ထားတဲ့ဟာကို...ဘယ်မိဘဖြစ်ဖြစ်စိတ်ပူနေမှာပဲလေကွာ...."

အဓိကကြိတ်ပြုံးလိုက်သည်။ ကိုကိုက အရမ်းရိုးတာပဲ လိမ်ချင်လို့လိမ်ရတာမဟုတ်ပါဘူး ကိုကိုရာ အတူတူနေချင်လွန်းလို့ပါ။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now