အချစ်ဆိုသော ထိုအရာ. 17

2.5K 163 0
                                    

" အား….ကျွတ် ကျွတ်......"

ခေါင်းတွေကိုက်လိုက်တာ တာရာခေါင်းတွေအုံပြီး တဆစ်ဆစ်ထိုးကိုက်နေသဖြင့် အိပ်ရာကနေ ချက်ချင်းမထသေးပဲ မျက်လုံးကိုအားယူပြီး ဖြေးညှင်းစွာဖွင့်ကြည့်လိုက်မိသည် ။

ဟင်!!!! ဒါ သူ့အခန်းလဲ မဟုတ်ဘူး...
ညက အရက်သောက်တာအထိပဲ သူမှတ်မိတော့သည် ။
အဲ့ဒီနောက်ပိုင်းတွေ သူမမှတ်မိတော့ပေ။

ဒါက ဘယ်နေရာလဲ ???

တွေးနေဆဲမှာပင် သူ့ဘေးနားကိုဝင်လာထိုင်သောအရိပ်လေးတစ်ခုက ဝိုးတဝါးဝင်လာ၏။ မျက်လုံးကိုပွတ်သပ်ကြည့်လိုက်တော့ အဓိကကသူ့ကို ပြုံးစစနှင့်ကြည့်နေခဲ့သည်။

ဒါဆို.. ဒါ အဓိကအခန်းလား ?
သူက အဓိကအခန်းကို ဘယ်လိုရောက်နေတာလဲ? အမလေး ရှက်လိုက်တာ။

သအတွေးနှင့်အတူ မျက်နှာတွေရဲ တက်သွားသည်ထင် ပူထူထူရှိန်းတိန်းတိန်းပင် ဖြစ်သွားရတော့သည်။

" အ...အဓိက.... ည.. ညက.. ငါ "

အထစ်ထစ်အငေါ့ငေါ့နှင့် ဂဏာမငြိမ်ဖြစ် ဖြစ်နေသော ကိုကို့ကိုကြည့်ပြီး အဓိကစနောက်ချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာရလေသည်။ ဒီအကိုကြီးကရှက်နေတဲ့အချိန်တွေဆိုလျှင် အရမ်းချစ်ဖို့ကောင်းလွန်းသည်။

" ဘာ ..ငါ လဲ…ဘာမှ မမှတ်မိဘူးလား... "

" အမ်...ဘာကိုမှတ်မိရမှာလဲ ..ငါဘာလုပ်မိလို့လဲ...ငါကဒီကိုဘယ်လိုရောက်... "

ပြောနေရင်းဘာတွေ အဓိပ္ပါယ်ကောက်လွဲသည်မသိပေ။

သူ့ကို လက်ညှိုးကြီးထိုးကာ

"မင်း..မင်း ငါမူးနေတာကိုအခွင့်ကောင်းယူပြီး ငါ့ကိုမင်းအခန်းထဲခေါ်လာတာမလား "

" အမယ်...ဟားဟား...ဟား "

သူ့ကိုကြည့်ပြီးသဘောကျစွာ ရယ်နေသည့် အဓိကကိုကြည့်ကာ ကြောင်အမ်းနေမိသည်။ ဘာတွေကိုအဲ့လောက်ရယ်နေရတာလဲ။

" ဘယ်သူက မထားခဲ့ပါနဲ့ဆိုပြီး ကျွန်တော့်နောက်ကိုအတင်းလိုက်ပြီး ကျွန်တော့်အခန်းထဲဝင်လာတာလဲ၊
မမှတ်မိတော့ဘူးလား မမှတ်မိရင်လဲထားပါလေ. "

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now