အချစ်ဆိုသော ထိုအရာ. 32

3.8K 159 5
                                    

" အဓိက....ကိုကို့ကိုလဲနဲနဲပါးပါး အဖက်လုပ်အုံး...."

သူမေးနေတာကိုလှည့်ပတ်ပြီး ရူးချင်ယောင်ဆောင်နေသည့်အဓိကကို တာရာစိတ်မရှည်တော့ပေ။ ရှယ်ယာတွေ ဘယ်လိုရလာလဲမေးနေတာလုံးဝမဖြေ။

" ကိုကို....အဲ့ဒီအိမ်မှာမနေနဲ့တော့.. ကျွန်တော်အိမ်ပြောင်းလာနေတော့....."

မေးနေတာကိုမဖြေပဲ ပြောချင်ရာပြောနေသောအဓိက...

" ဟာ ဘယ်ဖြစ်မလဲ....အရင်ကဆိုဟုတ်သေးတယ် ဒီတိုင်းလာနေလို့ရသေးတယ်၊ အခု မင်းကလူတွေရှေ့မှာပြောလိုက်တာ....ငါလာနေရင် ပတ်ဝန်းကျင်ရှိသေးတယ်လေ....."

" ဂရုစိုက်စရာလား...ကြာရင်မေ့သွားကြလိမ့်မယ်...."

" ဟ မင်းနဲ့ကိုကိုက. ကြားရင်မေ့သွားခံရမဲ့လူတွေလား.. ​စဥ်းစားလေ...."

ပေါ့ပါ့ပါးပါးပြောနေသော အဓိကကိုကြည့်ပြီး တာရာရင်လေးမိသည်။လုပ်ချင်ရာတွေလုပ်နေတာ သာမာန်လူတွေဆိုရင်တော့ ကဲ့ရဲ့ခံရလဲ 7 ရက်ပေါ့...အခုဟာက တစ်နိုင်ငံလုံးသိ တိုင်းသိပြည်သိဖြစ်ရမဲ့ကိစ္စ။ ဘယ်လိုရင်ဆိုင်ရမလဲအဖြေမရှာပဲ ပေါ့ပေါ့ပြောနေတယ်။

" အဲ့တာဆို  တရားဝင်လုပ်မယ်ဗျာ....."

" ဟမ်...ဘာ ဘာကို  တရားဝင်လုပ်မှာလဲ......"

တာရာထိတ်လန့်သွားမိသည်။ ဒီကလေး ဘာတွေတွေးနေပြန်ပြီလဲ။ သူတွေးနေသလိုမဟုတ်ပါစေနှင့်။ အခုမှပြသနာတစ်ခုကပြီးတာ ဘာပြသနာထပ်ရှာချင်ပြန်ပြီမသိ။

" ကျွန်တော့်မေမေနဲ့ တရားဝင်တွေ့ပေးမယ် ....ပြီးရင် နယ်ကကိုကို့မိဘတွေကိုကျွန်တော်လိုက်တွေ့မယ်....ဘယ်လိုလဲ....
အဲ့တာဆိုတရားဝင်ဖြစ်သွားပြီး.. ပြီးရင် လက်ထပ်ထပ်..."

" ဟာ.... မင်း..မင်းမပြောရဲတာဘာမှမရှိပါလား...."

" ဘာလဲ  ကိုကိုကကျွန်တော့ကို အပျော်ကြံတာလား....."

ဟော ကြည့်…ပြောနေရင်း စိတ်ကကောက်သွားပြန်ပြီ။ နှုတ်ခမ်းကြီးဆူပြီးတစ်ဘက်လှည့်သွားသောအဓိကက သူပြောတာ လက်မခံတာနှင့် စိတ်ကောက်မယ်ဆိုတာကြီးပဲ။

" ကိုကို သေချာစဉ်းစားပါရစေအုံးကွာ....အရမ်းမလောပါနဲ့အားလုံး သူ့နေရာနဲ့သူ အစီအစဉ်တကျဖြစ်အောင် ဖြည်းဖြည်းသွားကြတာပေါ့ကွာ......

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now