အချစ်ဆိုသော ထိုအရာ. 18

2.3K 184 5
                                    

" ကဲ  ဒီသတင်းတွေကိုမင်းဘယ်လိုရှင်းမလဲ အဓိက "

ကိုနိုင်က ipad ကြီးကိုတစ်ဂေါက်ဂေါက်ခေါက်ရင်း သူ့မျက်နှာရှေ့သို့ထိုးပြနေတဲ့ သတင်းတစ်ပုဒ်...

ပြင်ဦးလွင်ညစျေးမှာ သူတို့နှစ်ယောက် အင်္ကျီအိပ်ကပ်ထဲ လက်အတူတူထိုးထည့်ပြီး တွဲသွားနေတဲ့ပုံဖြစ်သည်။
Mask တွေတပ်ထားတာတောင် သေချာအောင်မှတ်မိနေပြီး ဘယ်အချိန်ခိုးရိုက်ခံလိုက်ရမှန်းမသိသော ဓာတ်ပုံတစ်ပုံကြောင့် သတင်းကလူစိတ်ဝင်စားမှုများစွာခံနေရသည်။ ဘယ်လောက် mask တပ်ထားထား ပုံကြည့်တာနှင့် သူနှင့်တာရာဆိုတာ အသိသာကြီးလေ။

" ကြယ်နှစ်ပွင့် ၏ အချစ်ရေး က ဘယ်လိုတွေ ဆက်ဖြစ်လာမှာလဲ " ဟူသောစာလုံးအမည်းနှင့်သတင်းခေါင်းစဉ်ကို စိဆ်ချဉ်ပေါက်စွာကြည့်လိုက်မိသည်။

ဘာကဘယ်လိုဆက်ဖြစ်ရမှာလဲ။ ချစ်သူတွေပဲဖြစ်ရမှာပေါ့။ စိတ်ထဲအချဥ်ပေါက်စွာတွေးနေမိသည်။ ကိုယ့်ထမင်းကိုယ်စားပြီး သူများကိစ္စကိုစပ်စုလွန်းကြသည်။

" မင်း ပြောစမ်းအဓိက မင်းတို့နှစ်ယောက်ကတစ်ကယ်ပဲ.... "

" ဟုတ်တယ်.... "

ကိုနိုင်သူ့စကားပင်မဆုံးသေး  ထပြောလိုက်တဲ့ အဓိကကြောင့်ကြက်သေသေသွားကာ ဖင်ထိုင်ရက်ပင်ပြုတ်ကျမိတဲ့အထိဖြစ်ရသည်။ ဘုရားရေဘာတွေလဲ။ အခုပြောလိုက်တာ ဟုတ်တယ်လို့ပြောလိုက်တာလား။

"မင်း  ....မင်းကွာ  ...မင်းတို့ကွာ...."

“ဘာဖြစ်လို့လဲ လူနှစ်ယောက်ချစ်တာ ချစ်လို့မရဘူးလား….”

"လူနှစ်ယောက်ကချစ်လို့ရတယ်၊ ဒါပေမဲ့မင်းတို့ကသာမာန်လူလား၊ ကဲ အခုဘယ်လိုဆက်လုပ်ကြမလဲ၊ သတင်းထောက်တွေကော ပရိသတ်တွေကော မင်းတို့နောက်လိုက်နေပြီ၊ မင်းတို့သတင်းကို စိတ်ဝင်စားနေကြပြီ၊ ဒီအခြေအနေမှာ မင်းတို့အနေအထိုင်မဆင်ခြင်ရင်……..”

" ကျွန်တော်တို့ကအခုဘယ်လို နေနေလို့လဲ... "

"  ဟ…မင်းတို့...မင်းတို့ BL ကားရိုက်ရင်း အတည်တွဲသွားပြီဆိုပြီး သတင်းတွေအတိအကျထွက်လာရင် မင်းပရိတ်သတ်တွေကို မင်းဘယ်လိုဖြေရှင်းမလဲ၊ တာရာကော ဘယ်လိုဖြေရှင်းမလဲ မင်းတို့ရဲ့နှစ်ဦးနှစ်ဖက်ပရ်ိသတ်တွေက အလွယ်တကူလက်ခံလိမ့်မယ်လို့ မင်းထင်နေတာလား  "

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now