ကုက္ကိုပင်ကြီးအောက် သူကျောက်ရုပ်တစ်ရုပ်လို ရပ်နေတယ်။ ဟိုးခပ်ဝေးဝေးမှာမြင်နေရတဲ့ ကျောင်းပေါက်ဝနားက အပြေးအလွှားသွားနေကြသော
လူတွေ။အဝေးကနေကြည့်နေတာကြောင့်ရော...
မျက်လုံးထဲ မျက်ရည်တွေ ဝေ့သီနေတာကြောင့်ရော...မိုးတွေသည်းနေတာကြောင့်ရော....
သူဘာကိုမှ အတိအကျမမြင်ရဘူး။ကိုယ်ပေါ်တပေါက်ပေါက်ကျနေသော မိုးရေစက်တွေက တဖြေးဖြေးနဲ့ပို၍သာစိတ်လာတယ်။
အခုထိ သူဟာခြေတစ်လှမ်းလေးမှ ရွေ့လိုက်ဖို့
စိတ်ကူးမရှိခဲ့လေသလား။မိုးရာသီဆို ကိုယ်နဲ့မကွာဆောင်ထားရမဲ့ ထီးတစ်
ချောင်း။
အရာရာကို ပေါ့ပေါ့ဆဆနေတတ်သူ မဟုတ်ခဲ့ပေမဲ့ ဒီတစ်ခုတော့ ဟိုးယခင်ကရော အခုထိရော
အမှတ်မထားတတ်သေးဘူး။အမှတ်မထားတတ်ဘူးဆိုတာထက်.......
တအိမ်းအိမ်းဖြိုချနေသော မိုးစိုင်မိုးသားတွေကြား
တစ်စုံတစ်ယောက်ယောက်ကို ရပ်စောင့်နေမိပြန်ပြီ။ဘေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်၊ လက်ထဲက ဖိုင်တွဲလေးတစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ဂျစ်တိုက်စွာ အဲ့ဒီမိုးရေတွေကို ငေးကြည့်နေမိတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အား....ဒုက္ခပဲ။ အသုံးမကျတဲ့ ဦးနှောက်က
ထီးမေ့ခဲ့ပြန်ပြီ။"ရုတ်တရက်ကြီး ရွာချလာတဲ့ မိုးကြောင့် သူအိတ်တွေ ဟိုက်တစ်ဖက်ဒီတစ်ဖက်နဲ့ ရှေ့က ကုက္ကိုပင်
ကြီးအောက် အပြေးဝင်ခိုလိုက်သည်။အမြဲမေ့တတ်လွန်းလို့ မနေ့လေးကပင် အခန်းနံရံမှာ "ဇူလိုင်လ....ထီးယူဖို့ လုံးဝ လုံးဝ မမေ့စေနဲ့ ရှောင်းကျန့်" လို့ သူကိုယ်တိုင် ရေးထားခဲ့တာ။
မနက်ကလဲ ဒီစာကြောင်းကြီးတွေ့ပါရက်နဲ့ ဘယ်လို စိတ်ကူးနဲ့ အပြင်ထွက်လာမိသလဲမသိ။
![](https://img.wattpad.com/cover/200227732-288-k731406.jpg)
YOU ARE READING
မိုးတွေရွာနေခဲ့တယ် (Completed)
Fanfiction𝐈𝐭 𝐖𝐚𝐬 𝐑𝐚𝐢𝐧𝐢𝐧𝐠 (Yizhan) 'အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တာ'