မိုး​တွေရွာ​နေခဲ့တယ်​ (၆)

4.3K 383 22
                                    

[ZawGyi]

တ​ဖောက်​​ဖောက်​ကျ​နေတဲ့ မိုးစက်​​တွေကို အရွဲ့တိုက်​ရင်း ​ရှောင်းကျန့်​ ပလက်​​ဖောင်း​ပေါ် ခပ်​​ဖြေးေ
ဖြး​လျောက်​​နေမိသည်​။ အ​ထေ့အ​ငေါ့​တွေ ဖြစ်​လာတဲ့ ချင်​ချင်​နဲ့သူရဲ့ဆက်​ဆံ​ရေး​ကြောင့်​ အခုတ​လော ဘာကိုမှအာရုံမစိုက်​နိုင်​​လောက်​​အောင်
ဖြစ်​​နေခဲ့တယ်​။
နဂိုထဲက ထီးယူဖို့​မေ့တတ်​ပါတယ်​ဆိုမှ အခုလိုမတင်​မကျဖြစ်​​နေတဲ့ အ​ခြေ​နေကြား မိုးစက်​​တွေကျ​နေတာကို သိ​နေရက်​နဲ့ လက်​ဗလာနဲ့ထွက်​လာခဲ့သည်​။
လွယ်​အိတ်​​ထဲ​ ပန်းချီပစ္စည်း​တောင်​ အစုံပါလာသလား မသိ။
သေ​ရော...ငါလွယ်​အိတ်​​တောင်​ မလွယ်​လာမိဘူး။
ရှောင်းကျန့်​ သတိတရနဲ့လွယ်​အိတ်​စမ်းကြည့်​မှ
သူ့လွယ်​အိတ်​​တောင်​ ယူမလာမိဘူး။

"အမ​လေး!!!"

စိတ်​ပျက်​ပျက်​နဲ့ ​ခေါင်းကုတ်​ရင်း ​နောက်​ပြန်​လှည့်​မည်​အလုပ်​ ​​ရှေ့ကိုပိတ်​ရပ်​လာ​သော ဆိုင်​ကယ်​တစ်​စီး။ ​ဗေဒင်​နက္ခတ်​မလွဲ ဝမ်​ရီ​ပေါ်​ပေါ့။

"မိုးဖွဲ​နေတာကို မသိဘူးလား။ စိတ်​​တွေ လွှင့်​​မျော​နေပုံပဲ။ ​ရော့...ဒါ​ဆောင်းထား။"

ခေါင်း​ပေါ်​ပိုင်​စိုးပိုင်​နက်​ တင်​​ပေးလာ​သော ခပ်​ဝိုင်းဝိုင်း ဦးထုပ်​ကြီးတစ်​လုံး။ ​ရှောင်းကျန့်​ ထိုဦးထုပ်​အား ချက်​ချင်းဆွဲချွတ်​ပြစ်​ပေါက်​​တော့ အမှီလှမ်းဖမ်းရင်း ရယ်​​နေ​သေးသည်​။

" မင်း လူလိုနားမလည်​တဲ့ အရိုင်းအစိုင်းပါပဲလား
ဝမ်​ရီ​ပေါ်။"

"ဟ....ငါ ဘာမှမလုပ်​ရ​သေးဘူး​နော်​။ ​စေတနာနဲ့
ဆောင်းစရာလဲ ​ပေးရ​သေးတယ်​။ ​ကျေးဇူးမတင်​ပဲ ရန်​​တွေ့တာကမှ လူလိုနားမလည်​တာ မဟုတ်​ဘူးလား ? ကျန့်​​ကော...."

မျက်​လုံး​ချင်းအ​သေအချာစိုက်​ကြည့်​ရင်း ကျန့်​​ကောဆိုတဲ့ စကားလုံးကို အပီအသ​ပြောလာတဲ့ ရီ​ပေါ်​ကြောင့်​ သူတအံ့တသြဖြစ်​တဲ့ပုံ​လေး လုပ်​ပြလိုက်​ကာ

"မင်းငါနဲ့​သေချာစကား​ပြောသင့်​ပြီ ထင်​တယ်
ရီ​ပေါ်။ "

မိုးတွေရွာနေခဲ့တယ် (Completed)Tahanan ng mga kuwento. Tumuklas ngayon