မိုးတွေရွာနေခဲ့တယ် (၂၂) Final

9.4K 641 73
                                    


[ZawGyi]

စိုးရိမ်ပူပန်မှုဆိုင်ရာရောဂါတွေဆိုတာ လူတွေရဲ့စိတ်ကို ထိခိုက်စေတာဖြစ်ပြီး စိတ်ကျဝေဒနာနဲ့လည်း မကြာခဏဖြစ်ပွားတတ်တာမျိုးပေါ့။ အထူးသဖြင့် စိတ်ရောဂါသည်တွေက ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုပြုလုပ်ကြတာပဲ။ စိတ်ဝေဒနာဆိုတဲ့နေရာမှာ အဓိကက စိတ်ကျဝေဒနာသည်။စိတ်ရှည်ခြင်းနဲ့ စိတ်ကြွစိတ်ကျရောဂါမျိုး။အများအားဖြင့် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေနဲ့ စိတ်တိုလွယ်ခြင်းတြွေဖစ်တတ်ကြတယ်။

တကယ်လို့ လူတစ်ယောက်မှာ စိတ်ရောဂါရှိလာ
ပြီဆိုရင် အဲ့ဒီလူရဲ့ယေဘုယျစိတ်ခံစားမှုအခြေအနေက လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိတော့ပဲ လည်ပတ်မှုစွမ်းရည်ကို နှောင့်ယှက်လာတတ်တယ်။ အရမ်းဝမ်းနည်းတတ်တာတွေ ဒါမှမဟုတ် အရမ်းစိတ်တိုလာတာမျိုးတွေနဲ့ အတိုင်းထက်အလွန်ပျော်ရွှင်လာပြီး တစ်ချိန်ထဲမှာပဲ စိတ်ဓာတ်ကျသွားတဲ့ ကာလအပိုင်းအခြားတွေပေါ့။

အဲ့ဒီထဲမှာမှ -manaic ဖြစ်တဲ့လူဆိုတာ ရိုးရိုးအေးအေးနဲ့ တကယ်တော့ သတိအရမ်းထားရတဲ့လူမျိုးပဲ။ဘာလို့ဆို manaic ဖြစ်တဲ့လူတွေက ကြမ်းတမ်းစွာပြုမူတတ်ကြပြီး တစ်စုံတစ်ခုကိုအလွန်အကျွံနှစ်ခြိုက်သက်ကြသူတွေမျိုးဖြစ်တယ်။

ဥပမာတစ်ခုပြောရရင် အကြောင်းပြချက်မရှိဘဲ အကြမ်းဖက်တဲ့လူလို့လဲဆိုရမယ်။ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလို အဲ့ဒီလူမှာစိတ်အတက်အကျမြန်တာတွေနဲ့ ခံစားမှုနက်နဲတာတွေရှိလာခဲ့ရင်တော့ သူ့ရဲ့အကြမ်းဖက်မှုတွေက အဲ့ဒီခံစားမှုနဲ့နှောသွားပြီး ပြစ်မှတ်တစ်ခုလဲဖြစ်ပေါ်လာနိုင်သေးတယ်။

နောက်တစ်ခုက အဲ့ဒီလူက သူ့ဘဝမှာတစ်စုံတစ်ခုကို အလွယ်တကူရယူနိုင်တဲ့ အခြေနေတွေရှိခဲ့ရင် သူကပိုဆိုးသွားပြီ။ နောက်ထပ်သူ့စိတ်ထဲ လိုချင်တာတွေရှိလာရင်လဲ ဘာမှမစဉ်းစားနိုင်ပဲ အရယူတော့မယ်ဆိုတဲ့သဘောဖြစ်စေခဲ့တာမျိုးပေါ့။

ထပ်ပြီးပြောရရင် manaic ဖြစ်တဲ့လူက သူ့စိတ်ကိုသူမထိန်းချုပ်နိုင်ဘူး (စိတ်တိုဒေါသထွက်လွယ်ပြီး အကြမ်းဖက်တာမျိုး ) အစွဲအလမ်းကြီးပြီး တစ်ခုခုကိုစိတ်ဝင်စားမိပြီဆို သူ့မှာအဲ့တာကို လက်လွှတ်ဖို့ဆန္ဒမရှိတာပဲ။

မိုးတွေရွာနေခဲ့တယ် (Completed)Место, где живут истории. Откройте их для себя