[ZawGyi]
"ချင်ချင် လက်ထပ်ရတော့မယ်တဲ့ မောင်..."
ရှောင်းကျန့် ဆွဲလက်စ ပန်းချီကားပေါ် ဆေးစက်တွေ တစ်စစီပြန့်ကျဲသွားသည်။ ဘေးနားက ကျန်းချန်ရဲ့ တစ်တက်တက်ခွာစားနေတဲ့ နေကြာစေ့ခွာသံတွေရပ်သွားရင်း ချင်ချင်ကိုတစ်လှည့် ရှောင်းကျန့်ကို တစ်လှည့် ကြည့်နေတော့သည်။
"ကျဲကလဲ ရုတ်တရက်ကြီး ။ဟ..ဟ...လာနောက်နေတာလား။"
သိသိသာသာ ပျက်သွားသော ရှောင်းကျန့်မျက်နှာကြောင့် ကျန်းချန်စနောက်ပြောလိုက်ပေမဲ့
ကာယကံရှင် နှစ်ယောက်ကတော့ တိတ်ဆိတ်လို့။
ရှောင်းကျန့် ဆေးစက်တွေပြန့်သွားသော နေရာတွေကို ပြန်အချောသပ်ပြီး ချင်ချင်ကိုမော့ကြည့်လာသည်။" ဘယ်တော့လောက်လဲ။ ဘယ်တော့လောက် ဖြစ်လာမှာလဲ။ "
"မောင်ကရော ဘာဖြစ်နေတာလဲ။ ဘာလို့အေးစက်စက်နိုင်ရတာလဲ မောင်ရဲ့။"
မတုန်မလှုပ်ဖြစ်နေတဲ့ ရှောင်းကျန့်ကို သူမဆွဲကိုင်ရင်း အားမလိုအားမရနှင့်မေးမိသည်။ ဒီကိစ္စသာ
ကြားရင် မောင်တစ်ယောက် စိုးရိမ်တကြီးနဲ့ သူမတို့ရှေ့ရေးကို တိုင်ပင်လာမည် ထင်နေခဲ့တာ။
အဲ့လိုသာဆိုရင် သူမလဲစီစဉ်ထားသလို တိတ်တဆိတ်လက်ထပ်ဖို့အကြောင်း ဖွင့်ပြောမည်ဆိုပြီး အိမ်ကနေစဉ်းစားလာခဲ့ပြီးသား။ အခုတော့ ဘာမှခံစားရဟန်မရှိတဲ့ ရှောင်းကျန့်ကြောင့် သူမအံ့သြနေရသည်။"ဒါဆို မောင်က ဘယ်လိုနေရမှာလဲ။ "
" ချင်ချင် လက်ထပ်တော့မှာကို မောင်က
ဘားမဖြစ်ဘူးပေါ့ ။ ဟုတ်လား ?"ကျန်းချန် ပါးစပ်ပိတ်ရင်း ပွဲကြည့်ပရိတ်သတ်လုပ်နေရသည်။ ကျောင်းဆင်းချိန်လေး သူတို့နဲ့လာထိုင်ရင်း ညနေကျ ရုပ်ရှင်သွားကြည့်ဖို့ တိုင်ပင်မလို့ကို အခုတော့ မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့။
![](https://img.wattpad.com/cover/200227732-288-k731406.jpg)
YOU ARE READING
မိုးတွေရွာနေခဲ့တယ် (Completed)
Fanfiction𝐈𝐭 𝐖𝐚𝐬 𝐑𝐚𝐢𝐧𝐢𝐧𝐠 (Yizhan) 'အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တာ'