မိုးတွေရွာနေခဲ့တယ် (၂၀)

4.1K 343 23
                                    


[ZawGyi]

ထမင်းစားခန်းထဲ တကုတ်ကုတ်နဲ့ချက်ပြုတ်နေတဲ့ ကျောပြင်တစ်ခုကိုကြည့်ရင်း ယုံရအခက်မယုံရခက်နဲ့။ ရှောင်းကျန့်ပြောခဲ့တဲ့ ဒီတစ်ညတော့ သူ့ကိုသေချာစဉ်းစားခွင့်ပြုပါဆိုတဲ့အတိုင်း နောက်နေ့မှာပဲ သူ့အတွက်မျက်ရည်ကျလောက်အောင် ပျော်ခဲ့ရတဲ့ဝမ်းသာမှုလေးရခဲ့တယ်။ ဒါပေမဲ့ အခုတစ်ပတ်ရှိသွားပြီ။ ရှောင်းကျန့်ဘက်က သိပ်ထူးဆန်းဟန်မပြပေမဲ့ သူကတော့ စိတ်တိုင်းကျမပျော်နိုင်သလိုဖြစ်နေခဲ့သည်။ အဲ့တာကပဲ ရိပေါ်အတွက် ထူးဆန်းနေခဲ့တာ။ တကယ်ဆို သူကဘာမှမဖြစ်ပဲ ရှောင်းကျန့်ကသာ အိုးတိုးအမ်းတမ်းဖြစ်နေသင့်တာမဟုတ်ဘူးလား ?

တံခါးဝကနေ ခဏလောက်ရပ်ကြည့်နေပြီးမှ အခန်းထဲဝင်လာပြီး ရှောင်းကျန့်ရဲ့ခါးလေးကို အနောက်ကနေ မရဲတရဲနဲ့တိုးဖက်လိုက်သည်။ရှောင်းကျန့်ရဲ့ကျောပြင်ဟာ ဇတ်ခနဲတွန့်တက်သွားရင်း နေ
မြဲတိုင်းနေသွားတာကလွှဲပြီး ဘာမှမထူးခြားသွားဘူး။

" ပင်ပန်းရင် ချက်မကျွေးပါနဲ့တော့။ ကျနော်ပဲချက်ပါ့မယ်။မဟုတ်လဲ အပြင်ထွက်စားကြရင်ရော..."

ရိပေါ်ရဲ့ခေါင်းလေးက သူ့ပခုံးပေါ်တင်လာရင်း လှုပ်စိလှုပ်စိနှင့်။ နောက်ဆုံးစကားလုံးကိုတော့ ခပ်တိုးတိုးပြောလိုက်ခြင်းဟာ ရိပေါ်ရဲ့ အခုထိစိတ်မချခြင်းကို သက်သေပြနေခဲ့သလိုပဲ။

"မလိုပါဘူး။ အရင်ကမင်းချက်ကျွေးတာတွေကလဲ အကောင်းကြီးမဟုတ်တောင် ငါစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုကငါကိုယ်တိုင် ချက်ကျွေးချင်လို့လေ။ အပြင်လဲမထွက်ချင်ပါဘူး။ "

"ကျနော် တောင်းပန်ပါတယ်။ တကယ်တော့ ကျန့်ကောကျနော့ကို လက်ခံသွားတာတောင် စိတ်မချနိုင်သေးဘူးဖြစ်နေတာ။ "

ရှောင်းကျန့် ချက်ပြုတ်နေရာက ရိပေါ်ဆီမျက်နှာချင်းဆိုင်လှည့်လိုက်သည်။ ကောင်လေးကတော့ သူ့ခါးတွေကို ဖက်ထားရာကမလွှတ်ခဲ့ဘူး။ မျက်နှာချင်းဆိုင်အနေထားမှာ ရိပေါ်ရဲ့ဖက်တွယ်ထားမှုဟာ သူတို့ကိုယ်ချင်းကို သိပ်နီးကပ်နေစေခဲ့ပြန်တယ်။

"ပြောခဲ့ဖူးတယ်မလား ? ငါ့မိဘတွေကို မင်းအဆင်ပြေအောင် ပြောပေးထားတယ်ဆိုတာလေ။ သိပ်ကြီးမစိုးရိမ်ပါနဲ့။ ငါမင်းကိုစိတ်ရင်းနဲ့လက်ခံလိုက်တာမို့ ပါးတို့မားတို့ကိုမင်းနဲ့ပတ်သတ်ပြီးဘာမှပြန်မပြောပြပါဘူး။ ဒီအတိုင်း ချစ်ခဲ့ကြလို့ပဲလို့ သူတို့သိထားပါစေ။ ပြီးတော့ ငါတကယ်ကို အပြင်မထွက်ချင်ဘူး ရိပေါ်။ ဒီမှာပဲနေချင်တယ်။ အစားအသောက်တွေလိုအပ်လာတဲ့အချိန်တော့ မင်းစိတ်ချရင် ငါပါလိုက်ခဲ့ပေးလို့ရပါတယ်။ "

မိုးတွေရွာနေခဲ့တယ် (Completed)Место, где живут истории. Откройте их для себя