မိုးတွေရွာနေခဲ့တယ် (၈)

4.4K 442 40
                                    

[ZawGyi]

လွန်ခဲ့သော နှစ်ပတ်အကျော်က>>>

ညနေလေးနာရီခွဲလောက်မှာ ကံကောင်းစွာရောက်ရှိလာခဲ့ရတဲ့ ရွာလေးတစ်ရွာဆီ။

အပင်အုပ်အုပ်ကြီးတစ်ပင်ရဲ့အောက်မှာ သူဆိုင်ကယ်ကို ရပ်လိုက်ရင်း Helmet ကိုဆွဲချွတ်လိုက်သည်။

ညနေခင်းရဲ့ နီညိုရောင်ကျရောက်နေတဲ့ နေရောင်က ဒီရွာတစ်ခုလုံးကို လွှမ်းမိုးထားကာ လေပြေနုနုလေးက တိုးဝှေ့တိုက်ခတ်လို့။

ရီပေါ် အသက်ကိုအ၀ရှုလိုက်ရင်း ကိုယ့်ကိုယ်ကို အားတင်းလိုက်သည်။

" သဘောမတူမချင်း ဒီရွာကနေ မပြန်ဘူး"

တကယ်တော့ အားတင်းသည်ဆိုတာထက် သူ့စကားက အရွဲ့တိုက်တော့မည့် အကြောင်းအရာဘက် ဦးတည်နေလေရဲ့။

ထိုစဉ် လူကြီးတစ်ယောက်က အသီးအရွက်တောင်းကြီး ထမ်းကာ တောလမ်းတစ်ခုကနေ မြန်ဆန်သောခြေလမ်းတွေနဲ့လာနေသည်ကို သူတွေ့လိုက်ရသည်။

ရီပေါ် ခပ်သွက်သွက်ပင် ဆိုင်ကယ်ပေါ်က ဆင်းရင်း ထိုလူကြီးဆီပြေးသွားသည်။

သူပြေးလာတာမြင်တော့ ထိုလူကြီးက အဝေးကနေပင် လမ်းလျှောက်တာကို အရှိန်လျော့ရင်း အထူးအဆန်းကြည့်နေခဲ့သည်။

" ဦးလေး ကျနော်မေးစရာလေး ရှိလို့ပါ "

" မေးပါ။ ဧည့်သည်ထင်တယ်။ "

" ဒီရွာက ရှောင်းကျန့်တို့အိမ်လေး ကျနော့ကိုလိုက်ပြပေးပါလား "

"ရှောင်းကျန့်က ဒီမှာမရှိဘူး ကောင်လေး။ သူက ပေကျင်းမှာ ကျောင်းသွားတက်တယ်။ "

"ကျနော်သိပါတယ်။ အခုက သူ့မိဘတွေနဲ့တွေ့ဖို့လာတာပါခင်မျ။ အဲ့တာ ဦးလေးကျနော့ကို ကူညီပါအုံး။"

"ကောင်းပြီလေ။ ဦးလေးနောက်က လိုက်ခဲ့ပါ။"

ရှေ့ကနေ ဦးဆောင်သွားတော့မဲ့ ထိုလူကြီးကို ရီပေါ် နောက်ကနေ အမြန်ဆွဲတားလိုက်ရသည်။

" ကျနော့ဆိုင်ကယ်နောက်က လိုက်ခဲ့ပါ။ အတူသွားကြတာပေါ့။"

ဒီတော့ ထိုလူကြီးက မယုံသလိုကြည့်သည်။

မိုးတွေရွာနေခဲ့တယ် (Completed)Donde viven las historias. Descúbrelo ahora