ဒီအပိုင်း 13 ကိုကျော်ပြီး 12ရောက်မှပြန်ဖတ်ပါ >>>
[ZawGyi]
ကားမတ်တိုင်နား အထုတ်တွေနဲ့ရပ်စောင့်နေတဲ့ ကိုယ်လေးကို နောက်ကျောကနေ စောင့်ကြည့်ရင်း လက်ထဲက ဘူးအသေးလေးတစ်ခုကို အားတင်းဆုတ်ကိုင်လိုက်သည်။
ဒီနေ့က စာမေးပွဲပြီးသွားတဲ့နေ့မို့ ချက်ချင်းကြီးတော့ မပြန်လောက်ဘူးထင်ထားခဲ့တာ။ ဒါကြောင့် စာမေးပွဲဖြေပြီးပြီးချင်း ဘာမှမပြင်ဆင်ထားတဲ့ သူ့အတွက် အရာရာ ကမောက်ကမတွေဖြစ်လို့။
အဆောင်ဘက်သွားကြည့်မှ အထုတ်တွေနဲ့သွားပြီဆိုလို့ အလန့်တကြားအပြေးလိုက်လာပြီး စတိုးဆိုင်တစ်ခုထဲဝင်ပြီး တွေ့ကရာမုန့်တွေ အရုပ်တွေ ဝင်ဝယ်ခဲ့ရသေးသည်။ ဟိုတစ်ခါရွာလိုက်သွားတုန်းက မိန်မိန်လေးဘာတွေကြိုက်တတ်တယ်ဆိုတာ မမေးခဲ့ရသည်ကို တွေးမိတော့ ကိုယ့်ကိုယ်ကို အဲ့ဒီအိမ်ရဲ့ အရေးပါသူတစ်ယောက်လို ခံစားမိကာ ပြုံးမိသေး။
"ကျန့်ကော "
"ဝမ်ရီပေါ်..."
လှည့်ကြည့်လာတဲ့ အကြည့်တွေက အထူးအဆန်းနဲ့ ဘယ်လိုလိုက်လာသလဲဆိုတဲ့ မေးခွန်းတွေက မျက်ဝန်းထဲအတိုင်းသား။
"ခဏလောက် ကျနော်နဲ့ ကားပေါ်မှာစကားပြောရအောင် "
"ငါအချိန်မရဘူး။ မကြာခင် ကားလာတော့မှာမို့ နောက်ကျလို့မဖြစ်.."
"သိပါတယ်။ ဒါကြောင့် ကျနော် ခဏပဲလို့ပြောတယ်လေ။တကယ်လို့ နောက်ကျသွားလဲ ကျနော်ကိုယ်တိုင်လိုက်ပို့ပေးပါမယ်။ "
ဆိုတော့ ရှောင်းကျန့်က လေပူတစ်ချက်မှုတ်ထုတ်ရင်း ခေါင်းကဆံပင်တွေကို လက်နဲ့ထိုးဖွတယ်။
ရီပေါ် ဒီအပြုမူလေးကိုပဲ ပြုံးပြီးကြည့်နေလိုက်တာ မေ့မျောမတတ်ပဲ။"ဒီမှာ...ရီပေါ်။ ငါတို့ဆက်ဆံရေးက အဲ့လောက်ထိရင်းနှီးလို့လား ။ ငါ့အိမ်အထိလိုက်ပို့လို့ရအောင်လေ။ "
ဖြစ်နိုင်ရင် ဟက်ဟက်ပက်ပက်တောင် ရယ်လိုက်ချင်တယ် ကောရာ။ စိတ်ဆိုးသွားမှာစိုးလို့သာ။
ကောကသာ ကျနော်တို့ရဲ့ ဆက်ဆံရေးတွေပြောနေတာ ကောမိဘတွေက ကျနော်တို့ပတ်သတ်မှုကို ဘယ်လိုသိထားလဲ သိလား ?
BẠN ĐANG ĐỌC
မိုးတွေရွာနေခဲ့တယ် (Completed)
Fanfiction𝐈𝐭 𝐖𝐚𝐬 𝐑𝐚𝐢𝐧𝐢𝐧𝐠 (Yizhan) 'အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တာ'