မိုးတွေရွာနေခဲ့တယ် (၁၈)

3.8K 360 21
                                    


[ZawGyi]

" ကျန့်ကော လက်တွေက မိန်းကလေးတစ်ယောက်ရဲ့လက်တွေလို အရမ်းကြီးနုယွမနေပေမဲ့ ကျနော့စိတ်ထဲတော့ သိပ်ကြည့်ကောင်းတယ်။ "

လက်သည်းတွေရှည်နေပြီဟုဆိုကာ ရိပေါ်ကသူ့ရှေ့ဒူးထောက်ထိုင်ကာ လက်တွေကို အတင်းဆွဲယူပြီး ဂရုတစိုက်ညှပ်ပေးနေရင်း ထွက်လာတဲ့စကား။ ရှောင်းကျန့်ကတော့ ခုံပေါ်ခြေတဖက်ချိတ်တင်ကာ သူ့စကားတွေကို ပေါ့ပေါ့တန်တန်စကားလိုသဘောထားရင်း စုတ်သပ်လိုက်သည်။ သို့ပေမဲ့ ပေါ်တင်ကြီးမဟုတ်တောင် ရိပေါ်ညှပ်ပေးတဲ့အနေအထားကို ခိုးကြည့်နေရသည်။ ဘာလို့ဆို ဒီကောင်လေးက ကလေးတွေလူကြီးအလုပ်ကို ရှာရှာရှည်ရှည်လုပ်နေတာနဲ့ သိပ်တူတာပဲ။ ကိုယ်တိုင်တောင်ဘာမှလုပ်ဖူးတဲ့ဟန်မပေါ်တဲ့ရိပေါ်က သူ့ကိုတော့ ချီးသေးကအစလိုက်လုပ်ပေးချင်သလိုဖြစ်နေသည်မို့လေ။

"လက်ထိပ်အသားတွေပေါ်သည်အထိ မညှပ်နဲ့။
နေရခက်တယ်။ "

"ဟုတ်။ ကျနော်သတိထားနေပါတယ်။ "

မော့ကြည့်လာရင်း ခေါင်းလေးကိုဆတ်ခနဲငြိမ့်
ပြကာ အပြုံးတွေကိုမဖုံးနိုင်မဖိနိုင်ဖြစ်နေတဲ့ရိပေါ်။ အခုနောက်ပိုင်း အဲ့ဒီလိုအပြုံးတွေမြင်ပါများလို့လားမသိ။ သူပါအဲ့ဒီအပြုံးတွေနောက် တိတ်တိတ်လေးပြုံးမိနေပြီ။

"ရိပေါ်.."

"ဟင် "

ဘယ်ဘက်လက်ကိုညှပ်ပြီးသွားတဲ့ ရိပေါ်က သူ့ကိုမော့မကြည့်တော့ပဲ ညာဘက်လက်ကိုဆွဲယူသွားသည်။

" မင်းအခုလိုဒီမှာလာနေတော့ မင်းမိဘတွေဘာမှမပြောကြဘူးလား ? အထူးအဆန်းအနေနဲ့ရော ဘာမှမမေးကြဘူးလား ? "

"သူတို့ကခွင့်ပြုထားတာပဲဟာ။ ဘာပြောစရာရှိမှာလဲ။ "

ပုံမှန်အတိုင်းဖြေလာတဲ့ ရိပေါ်ရဲ့အဖြေက သိပ်ပေါ့ဆလွန်းတယ်လို့မြင်မိတော့ ရှောင်းကျန့်ဝန်ခံရရင် အံ့သြတော့တာပဲ။ မိဘတွေကပါ ကြံရာပါဖြစ်နေသလား သူတွေးမိသည်အထိ။

" ဘာလဲ ? ဒီအကြောင်းတွေကို မင်းမိဘတွေပါ သိနေတယ်ဆိုတဲ့သဘောလား ရိပေါ်!!! "

"အာ့~~~"

ရှောင်းကျန့်ကိုယ့်အတွေးနဲ့ကိုယ် မယုံနိုင်အောင်
ဖြစ်သွားရင်း လက်သည်းညှပ်ပေးနေတာကိုပင်မေ့လျော့ကာ လှုပ်ရှားမိသွားတော့ အရှိန်နဲ့သွားနေတဲ့ လက်သည်းညှပ်က သူ့လက်ထိပ်ကိုကိုက်ဖောက်မိသလိုဖြစ်သွားရသည်။

မိုးတွေရွာနေခဲ့တယ် (Completed)Donde viven las historias. Descúbrelo ahora