မိုးတွေရွာနေခဲ့တယ် (၁၆)

3.7K 404 18
                                    


[ZawGyi]

"ငါအိမ်နဲ့ဖုန်းပြောချင်တယ်။ "

နေ့လည်အချိန် အခန်းထဲTV အတူထိုင်ကြည့်ပေးနေတဲ့ ရိပေါ်က တကယ်ပဲဘာမှမဖြစ်ထားကြသလိုအပြုမူတွေနဲ့ နေကြာစေ့ခွံတွေခွာပေးနေသေးသည်။ အခုပြောလိုက်တဲ့စကားကိုလဲ သူ့အတွေးထဲ သိပ်ကြီးအရေးထားပုံမရဘူး။

ဒါပေမဲ့ တစ်ချိန်လုံး ရိပေါ်ကိုမသိမသာစောင့်ကြည့်နေခဲ့တဲ့ ရှောင်းကျန့်က နေကြာစေ့ခွာပေးနေတဲ့ ရိပေါ်ရဲ့လက်လေး အနည်းငယ်တုံ့ဆိုင်းသွားတာကို သတိထားမိသည်။

ရိပေါ်ဟာ သူ့ဘက်ကိုပြုံးပြုံးလေးလှည့်လာပြီး လက်ထဲအခွံခွာပြီးသားနေကြာစေ့တွေကို ဂရုတစိုက်နဲ့ထည့်ပေးရင်း အိတ်ထဲကနောက်ထပ်နေကြာစေ့တွေကို တစ်ခါနှိုက်ယူပြန်သည်။

"ပါးနဲ့မားက ကျန့်ကောကိုစိတ်ချလက်ချနဲ့ကို ထားထားတာပါ။ ကျန့်ကောက သူတို့ကိုဘာမှထပ်ပြောပြစရာမလိုဘူး။ "

ရှောင်းကျန့် အသုံးနှုန်းတစ်ချို့မှာ မျက်လုံးပြူးသွားရသည်။ ရိပေါ်က သိပ်ကိုအတင့်ရဲလွန်းနေပြီ။

"မင်း ဘာစကားပြောတာလဲ ရိပေါ်! "

သိသိသာသာမာထန်သွားတဲ့ စကားသံမှာ ရိပေါ်က သဘောကျစွာရယ်လာရင်း...

"စိတ်ကြီးပဲဗျာ။ "

"ဝေ့လည်ချောင်ပတ်မလုပ်နဲ့ရိပေါ်။ မင်း ငါ့ပါးနဲ့မားကို ဘာတွေပြောထားတာလဲ။ မဟုတ်သေးဘူး...မင်းက...မင်းက ပါးနဲ့မားကိုသိစရာအကြောင်းကိုမရှိတာ။ "

ရှောင်းကျန့် သူ့လက်ထဲက အခွံခွာပြီးသား နေကြာစေ့တွေကို ပြစ်ထုတ်လိုက်ရင်း ဒေါသတကြီးနဲ့ ထရပ်လိုက်သည်။

"ကျနော်က စိတ်ရှည်ရှည်နဲ့ခွာထားပေးတာကို~~"

အေးစက်စက်နဲ့ ကျသွားတဲ့နေကြာစေ့တွေကို ဒူးထောက်ကာကောက်နေတဲ့ ရိပေါ်။ ရှောင်းကျန့် စိတ်မထိန်းနိုင်စွာနဲ့ ရိပေါ်ရဲ့ကော်လံစကနေဆွဲကိုင်ကာ လည်ပင်းကိုတင်းနေအောင် ဆုတ်ကိုင်ပြစ်လိုက်သည်။

" မင်း အမှန်တိုင်းဖြေ!!! ငါ့ပါးနဲ့မားကို ဘယ်လိုသိပြီး ဘယ်လိုကလိမ်ကကျစ်စကားတွေပို့ထားတာလဲ..ပြော!! "

မိုးတွေရွာနေခဲ့တယ် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ