[ZawGyi]မွေ့ယာလေးခင်းကာ ကုတင်ဘေးနား ကွေးကွေးလေးအိပ်နေတဲ့ ရိပေါ်ကို ငေးကြည့်နေမိသည်။ သူနှိုးနေတာ ငားမိနစ်လောက်ရှိတော့မည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကောင်လေးက အခုလိုအချိန်တော့လဲ ဘာမှမသိတဲ့ ကလေးတစ်ယောက်လိုပါပဲ။ ဘေးနားချထားတဲ့ လက်မှာတော့ ယောင်နေတဲ့ အနာကအခြေနေဆိုးနေပုံရသည်။"အား~~"
သူ့အတွေးတွေတောင်မဆုံးသေး အိပ်နေရာက မျက်နာလေးရှုံ့ကာငြီးငြူလာတဲ့ ရိပေါ်။ နှိုးတော့မနှိုးလာသေး။ အနာအရှိန်နဲ့အိပ်ပျော်နေရာကပင် အသံထွက်ငြီးမိသည်ထင်သည်။ ဒီကောင်လေးဟာ တကယ်ကိုဂျစ်ကန်ကန်လုပ်တဲ့နေရာမှာတော့ နှစ်ယောက်မရှိလေဘူး။ ဒီလောက်ဆိုးရွားတဲ့ အနာဒဏ်ကိုခံနေရတာတောင် ပေကပ်ပြီးနေနေတယ်။ ရှောင်းကျန့် ပက်လက်အိပ်နေရာက ခေါင်းလေးစောင်းကာကြည့်ရင်း သက်ပြင်းချမိသည်။
သူ့လက်ကိုချည်ထားတဲ့ကြိုးဒဏ်က တဆစ်ဆစ်နဲ့ကိုက်ခဲလာသလိုပဲ။ ဒီနေ့နဲ့ဆို ငါးရက်ပြည့်တော့မယ်။ ထမင်းလဲမစား ရေလဲမသောက်ပဲ ခေါင်းမာနေခဲ့တာ လူမမာရုပ်ပေါက်လာပြီး စကားတောင်သေချာမပြောနိုင်တော့ဘူး။ အာခေါင်တွေကလဲ ခြောက်ကပ်လွန်းလို့ စပ်ဖျင်းဖျင်းနဲ့ အသက်ရှူရတာတောင် မဝတော့သလိုဖြစ်လာသည်။ညတိုင်းစောစောအိပ်မပျော်ခဲ့ပေမဲ့ မျက်စိမှိတ်နေခဲ့တဲ့ သူ့ဘေးနား ရိပေါ်ရဲ့ တရှုံ့ရှုံ့ငိုသံတွေ နေ့စဉ်မပြတ်ကြားခဲ့ရသည်။ ကြားချင်မိတဲ့ တောင်းပန်ပါတယ်ဆိုတဲ့ စကားထက် ချစ်တယ်ဆိုတဲ့စကားကိုသာ တဖွဖွပြောရင်း အိပ်မပျော်သေးတဲ့ သူ့နှလုံးသားကို အနှောက်အယှက်ပေးသည်။ ရိပေါ်ဘယ်အချိန်အိပ်သလဲမသိပေမဲ့ အိပ်မက်ထဲမှာလိုလို အပြင်မှာလိုလိုနဲ့ သူ့နဖူးပေါ်ရောက်ရောက်လာတဲ့ ပူနွေးနွေးခံစားမှုကို ခံစားနေရတာက အဆိုးရွားဆုံးပဲ။ လူးလွန့်လာတဲ့ ကိုယ်လေးကြောင့် ရှောင်းကျန့် ခေါင်းစောင်းကြည့်နေမိရာက ပြန်လှည့်ထားလိုက်သည်။
" နှိုးနေပြီလား ? "
ထတာနဲ့ သူ့ဘေးနားရောက်လာတတ်တဲ့ ရိပေါ်က စိတ်မကောင်းဖြစ်နေဟန်ရှိတဲ့ မျက်နှာလေးနဲ့။
VOCÊ ESTÁ LENDO
မိုးတွေရွာနေခဲ့တယ် (Completed)
Fanfic𝐈𝐭 𝐖𝐚𝐬 𝐑𝐚𝐢𝐧𝐢𝐧𝐠 (Yizhan) 'အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တာ'