မိုးတွေရွာနေခဲ့တယ် (၁၂)

4.5K 395 33
                                    


[ZawGyi]

မနက်ကျောင်းသွားခါနီး အလန့်တကြားနဲ့ ပြောလာတဲ့ ကျန်းချန်ရဲ့စကားမှာ ရှောင်းကျန့်အိပ်ရာထဲ လူနာတစ်ယောက်လို ဘုန်းခနဲလဲကျသွားတော့သည်။ သူ့ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသလိုမျိုး ခေါင်းတစ်ခုလုံးကထူပူစွာနဲ့ မျက်ရည်တို့က ပိုးပိုးပေါက်ပေါက်။

ဘေးက ကျန်းချန်ရဲ့ စိတ်ထိန်းဖို့ပြောနေတဲ့အသံတွေက သူ့နားထဲ ဝင်တစ်ချက်မဝင်တစ်ချက်နဲ့
ရှောင်းကျန့်ပုံစံဟာ အသိစိတ်လွှတ်သွားတဲ့ လူတစ်ယောက်လိုပဲ။

ကျန်းချန်ထင်ထားသလို ဒီသတင်းသာကြားရင် ရှောင်းကျန့် ဖြေဆည်မရအောင် ရှိုက်ကြီးတငင်ငိုကြွေးမလာပဲ မျက်ရည်တွေသာ တလိမ့်လိမ့်စီးဆင်းရင်း မင်သက်နေတော့ ဘေးကကြည့်နေရတဲ့ ကျန်းချန်တစ်ယောက် လိုတာထက်ပိုစိုးရိမ်လာရသည်။

" ရှောင်းကျန့်...ငါပြောတာရော ကြားရဲ့လား။
မင်းစိတ်ကို အတတ်နိုင်ဆုံး စုစည်းပြီး ....
ဟေး...ရှောင်းကျန့်!!! ရှောင်းကျန့် !!! "

အခန်းထဲက ပြေးထွက်သွားတဲ့ ရှောင်းကျန့်ကို ကျန်းချန်အော်ခေါ်ရင်းနဲ့သာ ကျန်ရစ်ထားခဲ့တော့သည်။

္နအရူးတစ်ယောက်လိုပဲ လမ်းတစ်လျှောက်လုံး ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ပဲ ငိုမိရင်း ပါးစပ်က ချင်ချင် ဆိုတဲ့ နာမ်စားလေးတစ်ခုကိုသာ တဖွဖွရွတ်ကာ ဘတ်စ်ကားမတ်တိုင်ဆီသို့ ဦးတည်လာတဲ့ ကောင်လေးတစ်ယောက်။

ဘယ်လိုအကြောင်းတွေကြောင့် ချင်ချင်ဒီလိုဖြစ်သွားလဲ မသိပေမဲ့ ရှောင်းကျန့်အတွေးထဲ တစ်ဆက်ထဲပေါ်လာတဲ့သူက ဝမ်ရီပေါ်။

သူလက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း ခပ်ရွဲ့ရွဲ့အပြုံးတွေနဲ့ ရီပေါ်ရဲ့မျက်နှာကို မြင်ယောင်နေမိသည်။

သူနဲ့တွဲခဲ့တဲ့တစ်လျှောက်လုံး ကလေးတစ်ယောက်လိုပဲ ဖြူစင်တဲ့သူမရဲ့သဘောထားလေးနဲ့ အမြဲတမ်းပျော်ရွှင်နေတတ်တဲ့ ချင်ချင်က ရီပေါ်နဲ့တွဲပြီးနောက်မှ အခုလိုဖြစ်သွားရတာဟာ သိပ်ကိုမထူးဆန်းနေဘူးလား ?

မောင့် အပြစ်တွေပါ ချင်ချင်ရယ်....မောင့်အပြစ်တွေပါ။ ချင်ချင့်ကို တစ်ပါးသူလက်ထဲ ရက်ရက်ရောရောထည့်ပေးပြီး ချင်ချင်ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ လှည့်တောင်မကြည့်ခဲ့တဲ့ မောင့်အပြစ်တွေ....

မိုးတွေရွာနေခဲ့တယ် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ