မိုးတွေရွာနေခဲ့တယ် (၂၁)

4.3K 367 30
                                    


[ZawGyi]

"ရိပေါ်..."

နူးညံ့စွာသွားနေတဲ့ မုတ်ဆိတ်ရိတ်ဓားကို ရှောင်းကျန့်ကဂရုတစိုက်အာရုံပြုရင်း သူ့ကိုခေါ်တယ်။
ရိပေါ်ကတော့ ဒီကနေ့ရှောင်းကျန့်ရဲ့အပြုမူကြောင့် သူ့မှာအထူးအဆန်းတွေဖြစ်နေခဲ့ရတုန်း။ မနက်ထထချင်းပဲ ရှောင်းကျန့်က အနည်းငယ်သာရှိနေတဲ့နှုတ်ခမ်းမွေးပါးပါးကို လက်ညိုးထိုးပြပြီး သူရိတ်ပေးရမလားဆိုပြီး ပြောခဲ့တာလေ။

" ဟင်  "

ရိပေါ် သူ့ရဲ့မေးစေ့တဝိုက်မှာ အသေအချာအာရုံ
ပြုထားတဲ့ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေကို အလွှတ်မခံစွာလိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ချစ်သူတစ်ယောက်အနေနဲ့ မင်းငါ့ကိုဘာတွေလုပ်ခိုင်းစေချင်လဲ ? "

"ဗျာ.."

မယုံနိုင်သေးတာရော အံ့သြမိတာကြောင့်ရော ခေါင်းလေးလှုပ်ခါသွားမိတဲ့သူ့ကို ရှောင်းကျန့်က ကလေးလေးကို ဆူသလိုအသံနဲ့ဆူတယ်။

"ငြိမ်ငြိမ်နေလေ...ရှသွားမယ်။ "

ပြီးတော့ သူ့မေးစေ့လေးကို ပြန်ထိန်းပေးတယ်။
အကြည့်တွေကတော့ အဲ့ဒီမေးစေ့ကနေ ထွက်မလာဘူး။

"ငါပြောချင်တာက ဒီကြားထဲမင်းငါနဲ့အတူလုပ်ချင်တဲ့ အရာလေးတွေရှိပေမဲ့ မလုပ်ခဲ့ရတာမျိုးတွေလေ။ အဲ့တာတွေကို ဒီနေ့ငါကလိုက်လုပ်ပေးမယ်။ "

"ကျန့်ကော တကယ်ပြောတာလား "

ကောင်လေးရဲ့ ဝမ်းသာရိပ်ပေါ်နေတဲ့ အသံလေးကြောင့် ရှောင်းကျန့်ပြုံးလိုက်ရင်း အပြီးသတ်သွားတဲ့ မုတ်ဆိတ်ရိတ်ဓားကို ရေဆေးချလိုက်သည်။

"တကယ်ပေါ့။ ငါကဘာလို့လိမ်ပြောရမှာလဲ။ "

ဒီတော့ ဆတ်ခနဲ့သူ့ကိုယ်လေးကို ဆွဲလှည့်လာတဲ့ ရိပေါ်။ ရှောင်းကျန့် အသံထွက်ရယ်လိုက်မိသည်။  ထို့နောက် ဘေးမှာချိတ်ထားတဲ့ ပုဝါတစ်ထည်ကိုဆွဲယူကာ ရေစက်လေးတွေရှိနေတဲ့ ရိပေါ်ရဲ့မေးစေ့ကို သုတ်ပေးလိုက်တယ်။

"ဒီနေ့က ထူးခြားတဲ့နေ့များလား ? ဘာနေ့မို့လို့လဲဟင် ? "

အထူးအဆန်းလေးနဲ့ ပြန်မေးနေတဲ့ရိပေါ်ကို သူခေါင်းခါပြလိုက်တော့ ကောင်လေးက ဆူပုတ်ပုတ်လေးဖြစ်သွားရင်း တစ်ခုခုကိုစဉ်းစားနေဟန်။

မိုးတွေရွာနေခဲ့တယ် (Completed)Donde viven las historias. Descúbrelo ahora