[ZawGyi]"ကျန်းချန်..."
"ပြော..."
အဆောင်ရှေ့သစ်ပင်အောက်က ထိုင်ခုံပေါ်မှာ ထိုင်နေရင်း ဖုန်းကြည့်နေတဲ့ ကျန်းချန်ကို ရှောင်းကျန့် ခပ်ဆွေးဆွေးခေါ်လိုက်သည်။
"ငါမေးစရာရှိလို့"
"အော်...မေးမဲ့ဟာမေးလေ။ မေးစရာရှိတာတွေလုပ်နေသေးတယ်"
ကျန်းချန် ဖုန်းပဲကလိရင်း သူ့ကိုတော့ အာရုံမစိုက်ဘဲ ပြန်ဖြေသည်။
"မင်းဖုန်း ပေးစမ်းကွာ။ ငါအသေအချာမေးစရာရှိလို့ပါဆို။"
ရှောင်းကျန့် ကျန်းချန်လက်ထဲက ဖုန်းကိုဆွဲယူလိုက်တော့မှ စိတ်ပျက်သလိုအကြည့်တွေနဲ့ သူ့ဘက်လှည့်လာတော့သည်။
"ဒီလိုလေ။ အခုရက်ပိုင်း ငါနဲ့ချင်ချင်ကို နှောင့်ယှက်တဲ့သူ ရှိနေတယ်။ ပြောရရင် ချင်ချင်ကို ငါရှိနေရက်နဲ့ မထီမဲ့မြင်တွေလုပ်တယ်။ ငါတစ်ယောက်လုံးဘေးမှာပါနေရက်နဲ့ကွာ..."
"အဲ့တော့...ငါနဲ့ဘာဆိုင်လဲ"
ကျန်းချန်က သူ့ဖုန်းကြည့်နေတာကို နှောင့်ယှက်လို့ထင်ပါ့ ဆူပုတ်ပုတ်ကြီးမေးလာတော့ သူ့မှာ
ပြောလက်စပင် တစ်ပိုင်းတစ်စနဲ့ ဘာမှဆက်
မပြောတတ်အောင် ဖြစ်လို့။"မင်းကလဲ။ ငါပြောတာကို သေချာနားထောင်ပါအုံး။ အဲ့ကောင်ကို ငါကျောင်းမှာ တစ်ခါမှလဲ မမြင်ဖူးဘူး။ တစ်ခြားသူတွေဆို မသိရင်တောင် နဲနဲမျက်မှန်းတန်းမိသလို ဖြစ်သေးတယ်။ သူကျတော့ ငါတကယ်ကိုမသိတာ။ နောက်ပြီး ဆိုင်ကယ်ကြီးတကားကားနဲ့ ကျောင်းထဲလူမုန်းချင်စရာကောင်းအောင် မြောက်ကြွကြွနဲ့လျှောက်မောင်းနေသေး
တယ်။"ရှောင်းကျန့်စကားအရ ကျန်းချန်ပြုံးစိစိနဲ့ ကြည့်လာခဲ့ပြီ။ တစ်ချိန်လုံး ဆူပုတ်နေခဲ့တဲ့သူက အခုမှ အရေးစိုက်လာသည်။
![](https://img.wattpad.com/cover/200227732-288-k731406.jpg)
YOU ARE READING
မိုးတွေရွာနေခဲ့တယ် (Completed)
Fanfiction𝐈𝐭 𝐖𝐚𝐬 𝐑𝐚𝐢𝐧𝐢𝐧𝐠 (Yizhan) 'အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တာ'