မိုး​တွေရွာ​နေခဲ့တယ်​ (၇)

4.2K 408 26
                                    


[ZawGyi]

လောကမှာ ဘယ်​အရာမှမတည်​မြဲဘူးဆိုတာ သိ​ပေမဲ့ ချင်​ချင်​နဲ့​မောင့်​ကြားက အချစ်​ဆိုတဲ့အရာက​တော့ မ​ပြောင်းလဲ​တော့ဘူးလို့ မျက်​စိမှိတ်​ယုံ
ကြည်​မိခဲ့တယ်​။

လွယ်​လွယ်​​လေးဖြစ်​တည်​ခဲ့တဲ့ အချစ်​မဟုတ်​လို့ ​မောင်​က ပိုယုံကြည်​တယ်​။ ချင်​ချင်​ ​မောင့်​အနားမှာ အမြဲရှိ​နေခဲ့မယ်​လို့​​လေ။ ဒါ​ပေမဲ့ ​မောင့်​ အ​တွေး​တွေ နယ်​ကျွံခဲ့သလားမသိဘူး။

တကယ်​တမ်း အချစ်​ဆိုတာ ခဏတာသာယာမှု​လေးပဲ ဖြစ်​ခဲ့ဟန်​တူပါတယ်​။

သံ​ယောဇဉ်​ကြိုး​လေးတစ်​ခုနဲ့ ဆက်​သွယ်​ထားတဲ့
လူနှစ်​​ယောက်​ကြားမှာ ကျန်​တာဘာမှ မလိုအပ်​ဘူးထင်​ခဲ့မိ​ပေမဲ့  ရီ​ပေါ်က​တော့ မဟုတ်​ဘူးဆိုတာသက်​​ပြေပြ​ပေးခဲ့ပြီ။

မသိမသာ ​ပြောင်းလဲလာတဲ့ ချင်​ချင်​က သူ့ကိုဂရုမစိုက်​ပဲ ​နေတတ်​လာသည်​။ အမြဲတမ်း ​မောင့်​ စိတ်​တိုင်းကျ ဖြစ်​​နေတတ်​တဲ့သူမက အ​ကြောင်းပြချက်​ အမျိုးမျိုးနဲ့ ​ရှောင်​ဖယ်​တတ်​​နေပြီ။
ပိတ်​ရက်​တိုင်း အတူလည်​ပတ်​​နေကျ​ပေမဲ့ အခု​တော့ သူမမှာအလုပ်​ကိစ္စ​တွေနဲ့ မအားမလပ်​။

အဲ့ဒီလိုပဲ ​ရှောင်းကျန့်​ဘဝက အရင်​ကလို တ​ဖြေး​ဖြေးတိတ်​ဆိတ်​လာတယ်​။ ထမင်းစားချိန်​​တွေမှာ အ​ဖော်​လုပ်​​ပေးတတ်​တဲ့ ချင်​ချင်​မရှိ​တော့ဘူး။
လမ်းမ​ပေါ်အတူလမ်း​လျှောက်​​ပေးမဲ့ သူမက
အမြဲအလုပ်​​တွေ​ပေါ်လာတတ်​တယ်​။ ​ဘေးနားမှာ အား​ပေးစကား​တွေ​ပြော​ပေးတတ်​တဲ့ သူမက ဖာသိဖာသာ ​နေတတ်​​လာတယ်​။

တစ်​ခါတစ်​​လေ အတူရှိ​နေရင်​​တောင်​မှ သူမဆီဝင်​လာတဲ့ ဖုန်း​လေးတစ်​ခု​ကြောင့်​ ကပျာကယာ​ပြေးသွားတတ်​သည်​။ သူမက​တော့ အခုချိန်​ထိ ဘာမှ​ပြောမလာ​သေး​ပေမဲ့ ​ရှောင်းကျန့်​မှာ ​နောက်​ဆုတ်​​ပေးဖို့ အချိန်​ကျ​ရောက်​လာပြီလို့ ထင်​တယ်​။
အခု​နောက်​ပိုင်း ရီ​ပေါ်လဲ သူ့​ရှေ့မ​ပေါ်လာ​တော့။

ရှောင်းကျန့်​ ​လွယ်​အိတ်​​လေး ​ကောက်​လွယ်​ကာ ကန်​တင်းထဲက ထွက်​လိုက်​သည်​။ ​အိမ်​ပြန်​ခါနီးမှ ချင်​ချင်​က အ​လောတကြီးနဲ့ ထပြန်​သွား​တော့ ခါတိုင်းလိုပဲ တစ်​​ယောက်​ထဲ ကျန်​ခဲ့ရစမြဲ။
ဒီရက်​ပိုင်း​တော့ ချင်​ချင်​က သူနဲ့အတူပြန်​ရှိ​နေ​ပေးခဲ့​ပေမဲ့ သူမစိတ်​​တွေက​တော့ တစ်​ခြားသူဆီသာ ရာက်​​နေမှန်း ​ရှောင်းကျန့်​ရိပ်​မိပါသည်​။
ဘယ်​​နေရာ​ရောက်​​ရောက်​ ဖုန်းကိုပဲတ​မျှော်​​မျှော်​နှင့်​။

မိုးတွေရွာနေခဲ့တယ် (Completed)Место, где живут истории. Откройте их для себя