မိုးတွေရွာနေခဲ့တယ် (၁၄)

4.2K 378 30
                                    

[ZawGyi]

အပိုင်း 13 က အပိုင်း 4 နဲ့ 5 ကြားရောက်နေပါတယ်။

**************************************

လိုက်ကာစတွေကနေတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာတဲ့ နေရောင်ခြည်ကြောင့် ရှောင်းကျန့်မလူးသာမလွန့်သာနဲ့ နှိုးလာရသည်။ နောက်ပြန်ချည်ခံထားရတဲ့ လက်နှစ်ဖက်က ထုံကျင်နေပြီ။ ထိုင်လျက်အိပ်ထားရတဲ့အခြေနေမို့ ခန္ဓာကိုယ်တစ်ခုလုံးကလဲ တောင့်ခဲလို့။

တစ်ညလုံးငိုထားခဲ့လို့ မျက်လုံးဖွင့်ရတာက တင်း
ကြပ်ကြပ်နဲ့ ...မနေ့က အဖြစ်အပျက်တွေကို ပြန်တွေးမိရင်း တကယ်ပဲ ရီပေါ်လက်ထဲ သူပြုသမျှနုရတော့မှာလားဆိုတဲ့အသိက မျက်ရည်တွေကို မနက်ခင်းစောစောမှာပဲ ကျစေမိသည်။

"ဟော...နိုးနေပြီလား ? ကျနော်ကအပြင်မှာ မနက်စာသွားဝယ်နေတာ။ ကျနော်ပြင်ပေးရင် ကျန့်ကော စားရတာအဆင်မပြေမှာစိုးလို့လေ။ "

မနက်စာမုန့်ဗန်းကို ပေါ့ပေါ့ပါးပါးကိုင်ကာ အခန်းထဲဝင်လာတဲ့ရီပေါ်ဟာ အခန်းထောင့်က စားပွဲမှာ သွားချထားသည်။ ထို့နောက် သူ့ရှေ့လာရပ်ရင်း ပြုံးပြနေတယ်။ မနေ့က ကြောက်စရာကောင်းတဲ့အသွင်နဲ့ရီပေါ်ဟာ ဒီနေ့တော့ ကလေးတစ်ယောက်လိုပဲ။

"ကျန့်ကောကဆိုးတော့ ကျနော်ကြိုးတွေ မဖြုတ်ပေးလိုက်တာ။ ညအိပ်ရတာ ပင်ပန်းသွားတယ်မလား။ စကားနားထောင်ရင် ဒီကြိုးတွေဖြုတ်ပေးမယ်။ ထွက်တော့မပြေးနဲ့ပေါ့...ဒီကထွက်ပြေးဖို့
ကြိုးစားမိရင်တော့ သဲထဲရေသွန်ဖြစ်မှာပဲ။ "

"ဟက်~~~ "

ရှောင်းကျန့် ပက်ခနဲပြန်ရယ်ပြလိုက်သည်။ ရီပေါ်က သူ့ကိုတော်တော်လေး အထင်သေးထားတာပဲ။ သူ့သဘောအတိုင်း လိုက်လျောပေးရအောင် ဒီလူက ဘာမို့လို့လဲ။

ရှောင်းကျန့်ရဲ့ ခနဲ့တဲ့တဲ့အပြုံးမှာ ရီပေါ် မျက်ခုံးလေးတွန့်သွားရင်း အမြင်ကပ်ဖို့ကောင်းအောင် ရယ်ချလာသည်။

" ကျန့်ကော ခေါင်းအရမ်းမမာနဲ့နော်။ ကျနော်က အချစ်ကြီးသလို အမျက်လဲကြီးတယ်ဆိုတာ သိထား ။ "

တစ်ချိန်လုံးပြုံးပြထားတဲ့ ရီပေါ်ရဲ့အပြုံးတွေက တကယ်တော့ နတ်ဆိုးလိုပဲ။ ပြုံးစစနဲ့ စကားသံတွေကလဲ အေးစက်စက်နဲ့ အသက်အရွယ်နဲ့မလိုက်အောင် သိပ်ကိုထိတ်လန့်ဖို့ကောင်းနေတယ်။

မိုးတွေရွာနေခဲ့တယ် (Completed)Donde viven las historias. Descúbrelo ahora