[ZawGyi]ပြတင်းပေါက်ကို ဖွင့်လိုက်တဲ့ တံခါးနှစ်ချပ်ကြားက မြင်ဖြစ်အောင်မြင်လိုက်ရတဲ့ လှစ်ခဲမောင်းထွက်သွားသော ဆိုင်ကယ်တစ်စီး။
ရှောင်းကျန့် မီးရောင်သေးသေးလေးသာ မြင်ရတော့တဲ့ ဆိုင်ကယ်နောက်မီးကို မရမကလှမ်းကြည့်ကာ အတွေးတွေများနေခဲ့သည်။
ဝမ်ရီပေါ် ?????
ဘယ်လိုဖြစ်ပြီး သူက အဆောင်ရှေ့ကဖြတ်သွားရတာလဲ။ မဟုတ်မှလွဲရော...ငါ့အခြေနေကို လာကြည့်တာလား။" မင်း တကယ်မလွယ်ဘူး ရီပေါ်။ "
ရှောင်းကျန့် ရေရွတ်ရင်း ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။ လေတွေတိုက်လာတာ အေးလိုက်တာ။
" ဒီအချိန်ထိ လမ်းမပေါ် လျှောက်သွားနေတာ စာမကြည့်ဘူးလား။ အိမ်ထဲနေတဲ့ငါတောင် အေးနေတာ လေထဲတ၀ှီးဝှီးဖြစ်နေတဲ့ သူဆိုပိုဆိုးမှာပေါ့။"
စာမေးပွဲနီးတော့ စာကျက်ရင်း စိတ်မပါလာလို့ တံခါးဖွင့်ရင်း အပြင်ဘက်ဟိုကြည့်သည်ကြည့်နဲ့ စိတ်ဖြေပါမယ်ဆို စိတ်ကပိုရှုပ်သွားသေး။
" နေပေါ့။ သူ ကျလဲ ငါ့အရေးမှမဟုတ်ပဲ။ ပျော်တောင်ပျော်ရအုံးမယ်။ ငါ့ကောင်မလေးကို လုယူသွားတဲ့ ကောင်စုတ်။ "
ပါးစပ်က တစ်ယောက်ထဲ ပလူပလူရွတ်ရင်း ချင်ချင်ဆီ သူသတိရမိသွားပြီ။
ချင်ချင်ရော ဘယ်လိုနေမလဲ။ ရီပေါ်က သိပ်ချစ်ပြီး ဂရုစိုက်မှာဆိုတော့ ချင်ချင်ပျော်ရမှာပါလေ။
မောင့်ကိုတော့ ခွင့်လွှတ်ပေးပါ ချင်ချင်။ ဒီလောက်ထိ ရောက်လာပြီးမှ ချင်ချင်ကို သူများလက်ထဲ ရက်ရက်ရောရော ထိုးအပ်မိခဲ့တယ်။ မောင့်လိုလူ ရူးကြောင်ကြောင်လူမျိုး ကမ္ဘာမှာရှိအုံးမလား မသိဘူး။အတွေးလွန်နေတုန်း တုန်ခါလာသော ဖုန်းလေး။
ကြည့်လိုက်တော့ အိမ်ကဖုန်း။ ရှောင်းကျန့် စိတ်ညစ်စရာတွေကြားက ရုန်းထွက်ရင်း လန်းဆန်းအောင်လုပ်ကာ ဖုန်းကိုင်လိုက်သည်။* ပြော ပါး ..မား...*
*အေး ကျန့်ကျန့် မအိပ်သေးပါဘူးနော်။ *
*မအိပ်သေးပါဘူး မားရဲ့။ စာကြည့်နေတုန်း။
စာမေးပွဲနီးပြီလေ။ *
![](https://img.wattpad.com/cover/200227732-288-k731406.jpg)
KAMU SEDANG MEMBACA
မိုးတွေရွာနေခဲ့တယ် (Completed)
Fiksi Penggemar𝐈𝐭 𝐖𝐚𝐬 𝐑𝐚𝐢𝐧𝐢𝐧𝐠 (Yizhan) 'အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တာ'