မိုးတွေရွာနေခဲ့တယ် (၉)

4K 347 8
                                    


[ZawGyi]

လက်ဖမိုးပေါ်က ဟပြဲပြဲအနာပေါ် ဆေးရည်ညှစ်ထည့်လိုက်တိုင်း တွန့်တွန့်သွားတဲ့လက်အတိုင်း ရှောင်းကျန့်ပါ မျက်နှာရှုံ့မိရင်း ထပ်တူထပ်မျှ နာကျင်မိသလို ခံစားရသည်။

အသံထွက်ကာ မငြီးပေမဲ့ မျက်ဝန်းထောင့်ကနေ
မြင်နေရတဲ့ အံကြိတ်ထားတဲ့ ရီပေါ်ရဲ့ခပ်တင်းတင်း နှုတ်ခမ်းပါးတစ်စုံ။

အပြီးသတ်အနေနဲ့ ပတ်တီးလေးစည်းပေးပြီးသည်နှင့် ရှောင်းကျန့် နောက်ဆုတ်ထိုင်ကာ ရီပေါ်ကို စေ့စေ့ကြည့်လိုက်မိသည်။

အနာရှိန်ကြောင့် ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ မျက်နှာလေးက ညိုးငယ်စွာ...မိုးစိုနေလို့ သူ့အင်္ကျီငှားဝတ်ထားတဲ့ ရီပေါ်ဟာ ခပ်ပွပွအင်္ကျီထဲ မြှုပ်နေရင်း ကလေးလေးတစ်ယောက်လို။
မျက်လုံးလေးတွေက ရဲပေါက်ပေါက်နှင့် နှာကတရှုံ့ရှုံ့။

"ဟီး ..."

ငြိမ်သက်နေရာက ကောက်ခါငင်ကာ ရယ်လာတဲ့ ရီပေါ်။ ရှောင်းကျန့် မျက်နှာရှုံ့ကာကြည့်မိတော့ ဒီကောင်ရဲ့ အကြည့်က နံရံပေါ်က ရှောင်းကျန့်ကိုယ်တိုင်ရေးထားတဲ့ သတိပေးစာကိုရောက်နေသည်။

" ဘာရယ်တာလဲ။ ငါ့ဟာငါ မေ့တတ်လွန်းလို့ ရေးထားတာ။ ဘာရယ်စရာမှမပါဘူး။"

"အာ...ကျနော်က ဟာသလုပ်တာ မဟုတ်ပါဘူး။
ကျန့်ကော ရေးထားတဲ့ပုံစံလေးက ချစ်ဖို့ကောင်းလို့။ "

အခုတလော ဘာဖြစ်မှန်းမသိ။ ကျန့်ကော ဆိုတဲ့ စကားလုံးမှာ ရှောင်းကျန့်အနေခက်မြဲ။ ဒီကောင်လေးကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ သူ့အခန်းကို လှည့်ပတ်ကြည့်နေတော့သည်။

" ဒီဘက်လှည့် "

"ဟင် "

ကြောင်တောင်တောင်လေး လှည့်ကြည့်လာတဲ့ ရီပေါ်ရဲ့ နဖူးထက် လက်ဝါးလေးအုပ်ကာ စမ်းကြည့်လိုက်တော့ တငွေ့ငွေ့တက်နေတဲ့ အပူရှိန်က အသေအချာဖျားတော့မည်မှန်း သူသိသည်။

" ပြန်ရင် ဆေးခန်းဝင်သွား။ မဟုတ်ရင် မင်းအနာရှိန်နဲ့ရော မိုးစိုထားတာနဲ့ရော ဖျားလိမ့်မယ်။
မင်းအင်္ကျီတွေကတော့ မကြာခင် ခြောက်မှာပါ။ "

မိုးတွေရွာနေခဲ့တယ် (Completed)Onde histórias criam vida. Descubra agora