[ZawGyi]
"ဝေး....ရှောင်းကျန့် လန်းလှချည်လား။
ကျဲကျဲနဲ့သွားတွေ့မလို့ထင်တယ်"အဆောင်ကထွက်ခါနီး ကျန်းချန်ရဲ့ ပြံးစိစိမျက်နှာထားနဲ့မေးခွန်း။ အကုန်သိတာပဲ ဟူသောပုံစံနဲ့
မျက်လုံးလေးအပေါ်ဘက်ပင့်တင်ပြရင်း ခပ်သုတ်သုတ်ထွက်ခဲ့လိုက်သည်။ကိုးနာရီထိုးတော့မည်မို့ ဘတ်စ်ကားမတ်တိုင်ဆီသို့ အပြေးသွားရတော့မည်။ ဆယ်နာရီမထိုးခင် ကိုယ်ကအရင်ရောက်နေမှ ပိုသင့်တော်မည်လေ။
ဘေးလွယ်အိတ်ကို စလွယ်သိုင်းကာ လမ်းလျှောက်ရင်းနဲ့ပင် အင်္ကျီလက်ကိုခေါက်တင်လိုက်သည်။ အဖြူရောင်ရှပ်လက်ရှည်ရဲ့အောက် ပေါ်ထွက်လာသော လက်ကောက်ဝတ်ဖွေးဖွေးလေးပေါ်က နာရီအနက်လေး။ ချစ်သူသက်တမ်းတစ်နှစ်ပြည့်အမှတ်တရ အနေနဲ့ ချင်ချင်ပေးထားတဲ့ တစ်ခုတည်းသော လက်ဆောင်။
ချစ်သူသက်တမ်းတစ်လျောက်လုံး သူမဘက်ဆီမှ ထိုနာရီတစ်လုံးတည်းသာ လက်ခံခဲ့ဖူးသည်။ ကိုယ့်ဘက်က သူမအတွက် မဖြည့်ဆည်းပေးနိုင်တဲ့အခါ အပွင့်အလင်းဆုံး သူမအား ဖွင့်ပြောမိလေတော့ အပြုံးလှလှလေးနဲ့ ဘာမှမခံစားနေဖို့ နှစ်သိမ့်ပေးခဲ့လေသည်။
သို့ပေမဲ့ အသက်အရွယ်အရရော စိတ်နေစိတ်ထားအရရော သူ့ထက် တည်ငြိမ်ရင့်ကျက်တဲ့ သူမက တစ်ခါတစ်လေတော့လဲ မထင်မှတ်လောက်အောင် ကလေးဆန်တတ်သေး။
လမ်းဘေးဆိုင်က ကလစ်ကလေးတွေ ဝယ်ခိုင်းတတ်တာမျိုး။ သူနဲ့အတူ ဟင်းမပါတဲ့ဆီဆမ်းထမင်းကို လုစားတတ်တာမျိုး။ သူမရဲ့ကားကိုပစ်ထားကာ တစ်နေကုန်တစ်နေကမ်း လမ်းလျှောက်ပေးဖို့ တောင်းဆိုတတ်တာမျိုး။
အရာရာကို သူနဲ့အတူစီးမျောပေးတတ်တဲ့ သူမကို
ရှောင်းကျန့် လိုသည်ထက်ပို၍ သံယောဇဉ်တွယ်သည်။ သူ့ရဲ့ကြောက်ရွံ့စွာရွေးချယ်ထားမှုအတွက် ပိုပြီးယုံကြည်လာသည်။
YOU ARE READING
မိုးတွေရွာနေခဲ့တယ် (Completed)
Fanfiction𝐈𝐭 𝐖𝐚𝐬 𝐑𝐚𝐢𝐧𝐢𝐧𝐠 (Yizhan) 'အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တာ'