ZawGyi Version
" ကဲကြာ ၾကည့္ခ်င္ဦး "
The One Club အတွင်း
" ဘာမှမပြောနဲ့ကိုကို
မောင်းထွက်လာခဲ့သည်က
Unicode Version
" ကဲကွာ ကြည့်ချင်ဦး "
ရုတ်တရက်ထွက်ပေါ်လာသော
Wang Yibo ၏လက်သီးချက်များက
Xiao Zhan နှင့်စကားပြောနေသော
ကောင်လေးမျက်နှာဆီသို့" ဂွမ် "
နောက်ထပ်တစ်ချက်ပါထပ်ဆင့်ထိုးရင်း
" ငါ့ပိုင်ပစ္စည်းကိုကြည့်ချင်ဦး လုချင်ဦး "
The One Club အတွင်း
ရုတ်ရုတ်သဲသဲဖြစ်နေမှုများကြား
သွေးဆာနေသောကျားရိုင်းအသွင်ဖြစ်နေတာက Yibo
ကြောင်အ ပြီးပြူးကြည့်နေမိတာက Xiao Zhanအမှတ်မထင်အထိုးခံလိုက်ရသဖြင့်
Yi Chen အလူးအလဲပြန်ထရင်း
နှုတ်ခမ်းထောင့်မှသွေးများအားလက်ဖမိုးနှင့်သုတ်လိုက်သည်" ဘလိုင်းကြီး မင်းဒါဘာလုပ်တာလဲချာတိတ် "
ဒေါသတကြီးနှင့်ပြန်အော်မေးနေသောထိုလူကို
Yibo တစ်စက်ကလေးမှမေတ္တာမရှိ" ထိုးတာဗျာ ထိုးတာ
မကျေနပ်ရင်ခင်များဘာလုပ်ချင်လဲ "ချုပ်ထားသမျှဒေါသအကုန်အစုပုံလိုက်ဖွင့်ချရင်း
အမြဲတစေ့မြန်နေတတ်သော Yibo လက်များက
စားပွဲပေါ်ရှိပုလင်းဆီ" ကဲကွာ "
ကွဲထွက်သွားသောဖန်ပုလင်း၏အသံနှင့်အတူ
Yi Chen ခေါင်းမှစီးကျလာသောသွေးများ" Wang Yibo မင်းဒါဘာလုပ်တာလဲ "
အခုမှသတိဝင်လာသလို Xiao Zhan အော်ပြောမှ
" ဘာမှမပြောနဲ့ကိုကို
ကျွန်တော်နောက်ခုလိုက်ခဲ့ "လိုက်ခဲ့ဟုဆိုသော်လည်း
Xiao Zhan လက်ကိုအတင်းဆောင့်ဆွဲကာ
Club ထဲမှထွက်လာခဲ့သော Yiboလက်မှာလည်းပုလင်းရိုက်ခွဲတုန်းက
ရှမိသည့်ဒဏ်ရာကသွေးတစက်စက်" မင်းငါ့လက်ကိုလွှတ်စမ်း Wang Yibo
အရာရာကိုမင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်မနေနဲ့ "Wang Yibo စကားတစ်ခွန်းမှပြန်မဆိုပဲ
Club ရှေ့တွင်ရပ်ထားသောကားတံခါးကိုဆွဲဖွင့်ကာ
Xiao Zhan ကိုကားထဲအရောက်တွန်းပို့သည်ဆူပွက်နေသောဒေါသများနှင့်
ကားလီဗာကိုစိတ်ရှိသမျှတင်ပစ်ပြီး
မောင်းထွက်လာခဲ့သည်က
မြို့ပြင်ရှိမကြာသေးခင်ကမှဝယ်ထားသောအိမ်ဆီ✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴
YOU ARE READING
ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )
RomanceZawGyi Version ကံကြမ္မာ ရေစက်ဆိုတာ အချိန်တန်ရင် ခွဲခွာရစမြဲမို့ အတူရှိနေခိုက် ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ Wang Yibo ငါမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး မင်းက နေ ဆို ငါက လ မင်းက ရေ ဆို ငါက မီးပဲ အဲ့ဒါမင်းမြဲမြဲမှတ်...