Part 5
2.7K 291 2
ZawGyi Version
Wang Yibo POV
ကြီးမားကျယ်ဝန်းသော Sky Way Hotel တစ်နေရာရှိ
ခန်းမတစ်ခုအတွင်းကျင်းပနေသောကိုကို့ရဲ့
တတိယအကြိမ်မြောက် Fashion Show
ကိုကိုက စီးပွားရေးလုပ်ငန်းရှင်
Partner များကိုပါဖိတ်သောကြောင့်
Wang Group ပိုင်ရှင် Pa Pa နှင့်ရောကာ
Yibo လည်းတက်ရောက်ခွင့်ရခဲ့သည်
Pa Pa ကတော့လုပ်ငန်းရှင်များစုထိုင်ရာသတ်မှတ်ခုံမှာ
နေရာယူမည်ဖြစ်သောကြောင့်
ဧည့်သည်များသတ်မှတ်ခုံမှာ
ကျွန်တော်တစ်ယောက်တည်းမဖြစ်ရအောင်
Pa Pa ကကျွန်တော့်သူငယ်ချင်း Jin Ling ကိုပါ
အတူတက်ရောက်စေသည်
အတူထိုင်နေသူများထဲကျွန်တော်ကသိသူမပါ
ကျွန်တော့်ကိုသိသူများတော့ပါလိမ့်မည်
Wang Group ရဲ့တစ်ဦးတည်းဆက်ခံသူ
Wang Yibo အဖြစ်ရော
ဒီလိုမှမသိရင်
ကိုကို့အနားအမြဲလိုက်ကပ်နေတတ်သူအဖြစ်ပေါ့
ဒီလောကမှာတော့လူတော်တော်များများက
ကျွန်တော်တို့အကြောင်းသိကြသည်
နှစ်နှစ်ကျော်ကြာကာလအတွင်းကိုကိုနဲ့ပတ်သက်တဲ့
ကျွန်တော့်ရဲ့အပြုအမူတွေကဟိုးလေးတကျော်ကျော်ဖြစ်ဖို့
လုံလောက်တယ်မလား
Wang Group Product တစ်ခုကြော်ငြာရန်
Model အတွက် Stylist ဌားရင်းမှ
Wang Group နှင့်ကိုကိုလက်တွဲအလုပ်လုပ်ကြရင်း
နောက်ပိုင်း Pa Pa ရဲ့ Company Dinner မှာ
ကိုကို့ကိုစတွေ့ခဲ့ခြင်း
ကိုကိုနဲ့စတွေ့ကတည်းကကိုကို့ရဲ့ပုံလေးက
ကျွန်တော့်ကိုဆွဲဆောင်ဖို့လုံလောက်ခဲ့သည်
Fashion Company ငယ်လေးက
Wang Group လိုထိတ်ထိတ်ကြဲ Company နဲ့
လက်တွဲခွင့်ရတာအခွင့်အရေးကြီးပဲမို့
အမြဲမပြတ်ကြိုးစားခဲ့တဲ့ကိုကို
တကယ်တော့ကျွန်တော့်ရဲ့
ကိုကိုနဲ့ဆက်လက်တွဲအလုပ်လုပ်ဖို့ Pa Pa အပေါ်
ဖိအားပေးမှုတွေလည်းပါတာပေါ့
ဒီလိုနဲ့စီးပွားရေးလောကထဲအဝင်လွယ်ခဲ့ပြီး
ခုဆိုကိုကို့ရဲ့ Company ကလည်းနေရာတစ်ခုထိ
အောင်မြင်ခဲ့ပြီမို့ကိုကိုကျေနပ်သလို
ကျွန်တော်လည်းကျေနပ်သည်
ကိုကို့်ရဲ့အရာအားလုံးကျွန်တော်သဘောကျတာမို့
ကိုကိုဘာလုပ်လုပ်ကျွန်တော်အတွက်တော့
ကြည့်ကောင်းသည်