Part 3
3.6K 243 1
ZawGyi Version
" Xiao Zhan ရောက်လာပြီလား "
" အင်း "
" အဆင်ပြေရဲ့လား Zhan "
မနေ့ကဖြစ်သမျှအကြောင်းစုံသိမြင်ထားသော
Wang Ning မှ Xiao Zhan ရုံးခန်းထဲဝင်ဝင်ချင်း
စိုးရိမ်တကြီးဆီးကြိုမေးသည်
Xiao Zhan ခေါင်းသာခါပြလိုက်သည်
Wang Ning ကသူ ငယ်ငယ်ကတည်းက
ပေါင်းလာခဲ့တဲ့သူငယ်ချင်းဖြစ်ပြီး
သူ Beijing မှာ Fashion Company စထောင်တော့လည်း
Share ရှင်အနေနဲ့ပါဝင်ပေးခဲ့တဲ့
လုပ်ဖော်ကိုင်ဖက်.....
သူ့ဘဝရဲ့အနေအထားတိုင်း
ဘေးနားမှာရှိနေပေးခဲ့တဲ့အရင်းနှီးဆုံးလူ ..
သူ့ကိုနားအလည်နိုင်ဆုံးနှင့်
သူ့အ​ကြောင်းအသိဆုံးသူ ...
လေးပင်နေတဲ့စိတ်တွေနဲ့အတူ
Sofa ပေါ်ထိုင်ချလိုက်တဲ့ XiaonZhan ကိုကြည့်ရင်း
Wang Ning သက်ပြင်းချမိသည်
" မနေ့ကမင်းကို Yibo ခေါ်သွားတော့
ငါ့မှာ Yi Chen ကိုဆေးရုံအမြန်လိုက်ပို့ရတယ်
လေးချက်တောင်ချုပ်ရတာ
ဒီချာတိတ်လက်ဆ ကမသေးဘူးကွ "
" Yi Chen ခုရောဘယ်လိုအခြေနေရှိလဲ "
" စိုးရိမ်စရာမရှိပါဘူး
အိမ်မှာတော့နားနေရတာပေါ့
ငါလည်းပြောလို့သာပြောရတာပါ
Yibo ရိုက်လိုက်တာလည်းကောင်းကောင်းကွ
ငါလဲဒီကောင်ကိုသောက်ရမ်းမြင်ပြင်းကတ်နေတာ
မင်းအပေါ်သူဆက်ဆံတာတွေငါမသင်္ကာဖြစ်နေတာကြာပြီ "
" မင်းကဟိုကောင့်ဘက်ပါတာလား Wang Ning "
" ပါတာတော့မဟုတ်ပေမယ့်သူလုပ်တာမှန်လို့ပြောတာပါကွာ
Yibo ကမင်းကိုအချစ်အရမ်းလွန်တာမှန်ပေမယ့်
သူ့ဘက်ကမင်းကိုမြတ်နိုးတန်ဖိုးထားတယ်ကွ
မင်းကိုကြည့်တဲ့သူ့မျက်လုံးထဲမှာ
အချစ်တွေ မေတ္တာတွေ အကုန်ငါမြင်ရတယ် "
* ငါ့ကိုတန်ဖိုးထားပါတယ်လို့မင်းမြင်တဲ့ကောင်လေးကလေ
ငါ့ကိုမနေ့ကဘယ်လိုဆက်ဆံခဲ့လဲမင်းသိလို့လား *
" Yi Chen ကကျတစ်မျိုးပဲကွာ
ရှင်းရှင်းပြောမယ်နော် မင်းကိုတပ်မက်လို့ကြည့်တာမျိုး "