Part 2
4.7K 295 1
ZawGyi Version
Yibo အိမ်တံခါးကိုကားပေါ်မှခလုတ်လှမ်းဖွင့်ရင်း
ခြံထဲသို့အကြမ်းပတမ်းမောင်းဝင်သွားလိုက်သည်
ဘီးရပ်သည်နှင့် lock ဖြည်ကာ
ကားတံခါးလှမ်းဖွင့်ပြီးခြေလှမ်းကျယ်များနှင့်
တစ်ဖက်မှ Xiao Zhan ရှိရာလျှောက်လာပြီး
တံခါးဆွဲဖွင့်ကာ Xiao Zhan လက်တစ်ဖက်ကို
ကြမ်းကြမ်းတမ်းတမ်းဆွဲကိုင်ကာအိမ်ထဲခေါ်ဆောင်လာသည်
" Wang Yibo မင်းငါ့အသံကိုကြားမှကြားရရဲ့လား
ငါဒီလောက်ပြောနေတာကို
ဂရုမစိုက်ရအောင်မင်းကဘာအထာလဲ
မင်းငါနဲ့ဆိုင်တဲ့သူတွေကို
လုပ်ချင်တိုင်းလုပ်နေတာများပြီနော် "
" ဟုတ်တယ်
ဒီနေ့တော့ကိုကို့ကိုပဲလုပ်ချင်တိုင်းလုပ်တော့မလို့ "
" ဘာ .... မင်း အွတ် မင်း...... ဖယ် "
အတင်းအကြပ်တွန်းဖယ်နေသော
Xiao Zhan လက်များအားနံရံတွင်ကပ်ထားလိုက်ပြီး
နှုတ်ခမ်းနှစ်ခုကိုအတင်းဆွဲကပ်ထားလိုက်သည်
လုံးဝဟမလာသောနှုတ်ခမ်းများကြောင့်
Yibo ချစ်ရသူရဲ့အောက်နှုတ်ခမ်းများကို
သွားနှင့်အသာလေးဖိကပ်လိုက်သည်
စိမ့်ထွက်လာသောသွေးစများနှင့်အတူ
ပွင့်ဟသွားသော Xiao Zhan နှုတ်ခမ်းလေး
အခွင့်အရေးကိုအလွှတ်မပေးပဲ
Yibo လျှာဖျားကိုအတင်းထိုးထည့်ပြီး
တစ်ဖက်သတ်အနမ်းများကိုပြင်းထန်စေလိုက်သည်
တသိမ့်သိမ့်ပစ်မှားခဲ့မိတဲ့နှုတ်ခမ်းလေး
သူ့ကိုနမ်းချင်လာအောင်အကြိမ်ကြိမ်ဆွဲဆောင်နေတဲ့
Xiao Zhan နှုတ်ခမ်းအောက်ကမဲ့နက်လေး
ကိုကို့ကိုစိတ်ဝင်စားမိတဲ့နှစ်နှစ်ကျော်အတွင်း
ဒါကျွန်တော့်ရဲ့ပထမဆုံးအနမ်းပါကိုကို
ရှည်ကြာလာသောအနမ်းကြမ်းများကြောင့်
ကိုကိုအသက်ရှူကြပ်မည်စိုးသဖြင့်
နှုတ်ခမ်းများကိုအနားပေးလိုက်သည်
Xiao Zhan အသက်လုရှူရင်း
လှည့်ထွက်မည်အလုပ်
* လွှတ်ပေးလိုက်မယ်ထင်လို့လား
အဲ့လောက်မလွယ်ဘူးကိုကို *