Unicode Version
Xiao Zhan နှင့် Wen Ning
ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီး
တံခါး Bell သံကြားချိန်မှာတော့
မနက်ဆယ်နာရီပင်ထိုးနေပြီ .." မမှားစေနဲ့နော် Wen Ning..
အဆိုးဆုံးထိတွေးပြီးပြင်ဆင်ထား ..
သူတို့ပြောတဲ့စကားကိုနားထောင်ပြီး
အလိုက်သင့်ပြန်ပြောကြမယ် .. မလောနဲ့ ..
ဘာမှအပိုမလုပ်မိစေနဲ့ ... ပြီးတော့
Yibo .. Jin Ling ..
သူတို့အာရုံစိုက်မိအောင်မနေနဲ့ ... "အောက်ထပ်သို့ဆင်းလာရင်း Xiao Zhan
အားလုံးကိုနောက်ဆုံးတစ်ခေါက်ထပ်မှာပြီး
တံခါးဖွင့်ပေးလိုက်သည် ..မြင်ကွင်းထဲရောက်လာတာက
ပါးချိုင့်များပေါ်အောင်ပြုံး၍ရပ်နေသည့်
Meng Yao ..အိမ်ထဲသို့တစ်လှမ်းချင်းဝင်လာခဲ့ပြီးနောက်
ဧည့်ခန်းတွင်နေရာယူလိုက်ကာ" ဘယ်လိုလဲ .. ဒါမင်းလိုချင်တဲ့ဘဝလား ..
အပေါင်းအသင်းအသစ်တွေနဲ့လည်း
မိတ်ဆက်ပေးပါဦး Wei Ying ရဲ့ ... "ဝင်ဝင်လာချင်းအကုန်လုံးကိုဝေ့ကြည့်ကာ
မဲ့ရွဲစကားဆိုလာသူ Meng Yao ..အဖော်မပါနောက်လိုက်မပါနဲ့
တစ်ကောင်တည်း ခြေသ့်လုပ်နေကတည်းက
အပေးအယူတစ်ခုတော့ရှိလာမှာသူကြိုသိနေသည်" မင်းတစ်ယောက်တည်းလား .. "
" ဦးလေးကခုဒီမှာမရှိဘူး ..
ရွေးကောက်ပွဲအတွက် Russia မှာ
သံတမာန်ချစ်ကြည်ရေးသွားတယ် ..
မင်းပြန်ရောက်လာတာအချိန်ကိုက်ပဲ Wei Ying "Australia သမ္မတသစ်ရွေးကောက်ပွဲတွင်
Jin Gaung Shan ပါဝင်ထားတာ
သူနဲ့ Wen Ning မနေ့ညကတည်းက
ရှာကြည့်ထားလို့သိပြီးသား ...ဒါကြောင့်လည်းမနေ့ညကပြဿနာကြီးမှာစိုးလို့
Zhu Liu သူတို့ကိုသက်သက်လွှတ်ပေးလိုက်တာ ..အမြင့်ဆုံးနေရာကိုတက်ဖို့
ဆုံးဖြတ်ပြီးပြီဆိုတော့ US လိုနိုင်ငံကြီးတစ်နိုင်ငံရဲ့
လျှို့ဝှက်မှတ်တမ်းတွေသာလက်ထဲမှာ
အပိုင်ကိုင်ထားနိုင်လိုက်ရင်
ရလာမယ့်အကျိုးအမြတ်ကနည်းမှာမဟုတ် ..သေချာတယ် ...
Jin Gaung Shan ကသူတို့ကို
Hard Drive ပဲမရရအောင်ရှာခိုင်းထားမှာ ..
YOU ARE READING
ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )
RomanceZawGyi Version ကံကြမ္မာ ရေစက်ဆိုတာ အချိန်တန်ရင် ခွဲခွာရစမြဲမို့ အတူရှိနေခိုက် ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ Wang Yibo ငါမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး မင်းက နေ ဆို ငါက လ မင်းက ရေ ဆို ငါက မီးပဲ အဲ့ဒါမင်းမြဲမြဲမှတ်...