Part 23

1.4K 108 3
                                    

Unicode Version

" Wei Ying .. ငါတို့ပြန်တိုက်မနေတော့ပဲ
ဒီထဲကပဲရအောင်ထွက်ကြမယ် ... "

" အာ ... အကို Yu Bin .. ကြောက်ကြောက်နဲ့
ရူးသွားတာလား .. ဟိုကသေနတ်ကြီးတွေနဲ့ဥစ္စာ
ပစ်ချလိုက်လို့ဒီထဲကထွက်ဖို့နေနေသာသာ
လူမသိသူမသိနဲ့မသာပေါ်နေမယ် .. "

" Xue Yang ပြောတာမှန်တယ် Yu Bin..
ပြီးတော့ငါတို့မှာအချိန်အခက်အခဲနဲ့
လူတွေကလည်းဒဏ်ရာရထားတာ .. "

သုံးယောက်သားခွေးပြေးဝက်ပြေးအော်ပြောရင်း
ခေါင်မိုးတွေပေါ်တက်လိုက်
အောက်ပြန်ဆင်းလိုက်နဲ့တစ်ချက်မှမနားရ

အနောက်ဖက်နားမှသေနတ်သံတဒိုင်းဒိုင်းကလည်း
ပိုပိုနီးကပ်လာနေပြီဖြစ်သည် ..

ဟိုတိုးဒီတိုက်နှင့် Ear Pieces များလည်း
ဘယ်ကျနေခဲ့ပြီမသိ ..

တစ်ကိုယ်လုံးလည်း
ကိုင်ရိုက်ထားသလိုပင်နာကျင်နေပြီဖြစ်သည်

" အရှေ့မှာလူပေါ်မလာခင်တော့
အားတင်းပြီးသာပြေး ...
ရှေ့မှာကွင်းပြင်ရောက်နေပြီ .. "

အချက်ပြမီးများမရှိတော့သည့်
ကွင်းပြင်ကိုအဖြတ်တွင်ဘယ်ကမှန်းမသိ
ဒရဆက်ပေါ်လာသောသေနတ်သံများ

ရမ်းသမ်းရှောင်တိမ်းရင်း
လှည့်ကြည့်မိတော့အနောက်မှတပ်သားများ
သူတို့ကိုမီလာပြီဖြစ်သည်

မတတ်နိုင်
ရင်ဆိုင်တိုက်မှပဲရမည် ..

" Xue Yang !!
မင်းအရင်ထွက်နှင့် .. ဒီတိုင်းဆိုမလွယ်ဘူး
ငါတို့ရအောင်ရှင်းပြီးလိုက်ခဲ့မယ် "

" မသွားဘူး !! အကို Wei "

" ငြင်းနေရမယ့်အချိန်မဟုတ်ဘူး Xue Yang ..
ဟိုမှာမီလာပြီ ဗုံးကလည်းမကြာခင်ပေါက်တော့မှာ
မင်းကိုငါတို့နှစ်ယောက်ဒီမှာအသေမခံလိုက်နိုင်ဘူး
ငါတို့အနောက်မှာရှင်းကျန်ခဲ့မယ် ..
မင်းလွတ်အောင်ထွက်ပါ .. "

" မထွက်ဘူး အကို Yu Bin !! "

ရိုးရာအပျက်မခံပဲပြောမနိုင်ဆိုမရ
အကြောက်အကန်ငြင်းနေတာကြောင့်
Wei Ying ပြေးနေရာမှရပ်ချလိုက်ကာ
Xue Yang ရဲ့ပုခုံးနှစ်ဖက်ကိုအားနဲ့လှုပ်ကိုင်ရင်း
နီးရာအဆောက်အအုံနံရံနှင့်တွန်းကပ်ချလိုက်သည်

ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )Where stories live. Discover now