Unicode Version
" Nuan Nan "
* ဟိုဂြိုလ်ကောင်မ .. *
လှည့်ကြည့်စရာပင်မလို Zoey Meng ဆိုသည့်
တစ်ယောက်မှန်း Wang Yibo တန်းသိသည်တစ်လောကလုံးမှာဒီနာမည်မျိုးသူ့ကိုခေါ်တာ
ဒီဂြိုလ်ကောင်မပဲရှိတာလေ" ညီမလေးကိုလာမကြိုနိုင်လောက်အောင်
ဘာတွေများအလုပ်များနေတာလဲအကိုကြီးရဲ့ "အိမ်ပြန်ရောက်ရောက်ချင်းအနားယူမည်ဟု
စီစဥ်ထားသော Wang Yibo အတွေးများ
ပျက်ချင်ချင်Pa Pa ကိုတောင်အကူအညီတောင်းပြီး
လေဆိပ်မှာလာကြိုခိုင်းလိုက်သေးသည်Wang Yibo တို့ကိုဒါမျိုးလာလုပ်လို့မရ
* Pa Pa သူငယ်ချင်းသမီးမို့လို့သည်းခံပေးနေတာ
ငါ့ကိုလာလျော့တွက်နေတဲ့ကလေးမ *Wang Yibo ငယ်ငယ်ကတည်းကသူ့ကိုကြည့်မရ
သူ့ထက်အသက်တစ်နှစ်ငယ်ပြီးအရင်ကတည်းက
အမြဲဟန်လုပ်ကာပြဿနာရှာရန်သာတတ်သူ
လိမ်ပြောတတ်ပြဇာတ်ခင်းတတ်သူ Zoey Mengသူ့ဖခင်၏ခိုင်းစေချက်အရ Yibo
အနားအမြဲကပ်ကာနီးစပ်ခွင့်ရအောင်ကြံနေတတ်သူလွန်ခဲ့သည့်သုံးနှစ်ကသူ Australia သို့
ပညာသင်သွားတော့ Yibo သေအောင်ပျော်ခဲ့တာခုတော့ပြန်လာပြီပေါ့ကျက်သရေတုံးမ ..
" Xi Jing ပါလား .. မတွေ့ရတာ
အချိန်ဘယ်လောက်ကြာကြာအရင်လိုပဲနင်က
ကျက်သရေမရှိတုန်းနော် "" အဲ့နာမည်မခေါ်ပဲနဲ့ဆို .. "
" နင်တောင်ငါ့ကိုငါမကြိုက်တဲ့နာမည်
ခေါ်သေးတာပဲ .. ဘာဖြစ်လဲ "" ညီမလေးရဲ့အဓိပ္ပါယ်ကလှတယ် .. "
" ငါ့အဓိပ္ပါယ်ကလည်းနင်နဲ့လိုက်တယ်လေ
Drama Queen ... ဟား .. ဟား .. "" Yibo Ge ... "
" နားငြီးတယ် .. နင့်အိမ်နင်မသွားပဲနဲ့
ဒီမှာဘာလုပ်နေတာလဲ .. "" သွားမှာပါ .. ညီမလေးပညာသင်သွားတဲ့
သုံးနှစ်အတွင်းကြားသမျှသတင်းတစ်ခုမှ
မကောင်းလို့အရင်လာတွေ့တာ .. "
YOU ARE READING
ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )
RomanceZawGyi Version ကံကြမ္မာ ရေစက်ဆိုတာ အချိန်တန်ရင် ခွဲခွာရစမြဲမို့ အတူရှိနေခိုက် ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ Wang Yibo ငါမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး မင်းက နေ ဆို ငါက လ မင်းက ရေ ဆို ငါက မီးပဲ အဲ့ဒါမင်းမြဲမြဲမှတ်...