Part 12

2.2K 201 7
                                    

Unicode Version

" Wang သခင်လေး ...
ကျွန်တော်တို့ drone လွှတ်တင်ထားပြီးပါပြီ ..
villa များတဲ့ရပ်ကွက်မို့အနေအထားတွေက
ဆင်တူဖြစ်နေလို့ပါ "

Wang Yibo ကားပေါ်မှဆင်းလာချင်းချင်း
ဥက္ကဋ္ဌ Wang လွှတ်ထားသူများကဆီးပြောသည်

သူရေကြည့်တော့အားလုံးပေါင်းခြောက်ယောက်

ကြည့်ရတာခြံကျော်ဝင်ရန်ပင်
အဆင့်သင့်ဖြစ်နေကြပုံ ...

Laptop screen ရှိ drone camera ပုံရိပ်ကို
Wang Yibo စစ်ကြည့်ပြီးနောက်တော့
ခြံအမှတ် ၁ တွင်ရပ်ထားသည့်ကားတစ်စီးကို
ဓာတ်ပုံရိုက်ယူလိုက်ပြီး Jin Ling ဆီပို့လိုက်သည်

" private cctv မရှိဘူးနော် ... သေချာအောင်
နောက်တစ်ခေါက်ထပ်စစ်ထားလိုက် ..
ငါနဲ့လူနည်းနည်းအိမ်ထဲကျော်ဝင်ရမယ် ပြင်ထား "

Pa Pa ၏လူများအားမှာစရာရှိတာအကုန်ပြောပြီး
နာရီကြည့်မိတော့ဆယ်နာရီခွဲတော့မည်

Wang Yibo အသံတိတ်ဆဲရေးရင်း
Wen Ning Ge ဆီဖုန်းထပ်ဆက်ရပြန်သည်

" ဝေး .. "

" ကျွန်တော်ရောက်နေပြီ ..
Ge .. ဘယ်မှာလဲ "

" စခန်းမှာပဲ Yibo ..
မင်း Pa Pa ကတော့ Dongzhimen ဖက်ကို
ခုပဲထွက်သွားတယ် ... "

" Phone Speaker ဖွင့်ပြီး video call
နားယူသွားပေးပါ Ge .........
Jin Ling.... ငါမင်းဖုန်းထဲပို့လိုက်တဲ့ပုံရဲ့
ကားနံပါတ်ကိုစစ်ပေးပါ .. "

" One Second Yibo .. "

Jin Ling ရှာနေသည်ကိုစောင့်နေရင်း
Wang Yibo လမ်းတစ်လျှောက်ကြည့်မိတော့
ဆိတ်ငြိမ်ရပ်ကွက်မို့လူခြေကပြတ်နေသည်

( ဒီအိမ်ထဲမှာပဲကိုကိုရှိနေပါစေ .. please
အချိန်ဘယ်လောက်မှမကျန်တော့လို့ပါ )

" ဟုတ်တယ် Yibo
ဒါ Wen Group Registration နဲ့ကား .. "

ဝမ်းသာအားရလှမ်းပြောလာသည့် Jin Ling
အသံအကြား Yibo ဦးနှောက်ကို
အပြေးအလွှားအလုပ်ပေးမိသည်

" Wen Ning Ge ကျွန်တော်ပြောမယ်
စခန်းမှာကိုကိုပျောက်လို့တိုင်ချက်ဖွင့်ထားတာကို
ပြန်ရုတ်သိမ်းထားပါ အဲ့အစား Wang Group ရဲ့
Secretary နဲ့ စာရင်းပိုင်းက
လူငါးယောက်ပျောက်နေတယ်လို့ Pa Pa
နာမည်နဲ့အမှုဖွင့်ပေးထားပါ ... "

ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )Where stories live. Discover now