Part 16

2.3K 158 4
                                    

Unicode Version

" မောင်းလို့ရပြီ .. Wen Ning Ge "

" ကားထဲရောက်လာသေးတယ်နော် .. Yibo ရေ
နေတောင်မြင့်နေပြီ ..
ငါကမင်းရီလင်းမှာပဲနေခဲ့မယ်ထင်လို့ .. "

ရီလင်း၌ကိုကို့မွေးနေ့အပြီးနှစ်ရက်သာထပ်နေကာ
သူတို့လေးယောက် Beijing ကိုမနက်အစော
ကားနဲ့အတူပြန်ကြဖို့စီစဥ်ထားခဲ့တာ ..

Alarm ပေးဖို့မေ့ပြီး
အိပ်ယာထနောက်ကျရာမှ
Yibo နှင့် Xiao Zhan နှစ်ယောက်သား
ကားပေါ် ကမန်းကနန်းတက်လာရခြင်းမို့
အသင့်ရောက်နှင့်ပြီးသား
Jin Ling မှဆီးဟောက်သည်

Driver နေရာမှာထိုင်နေတဲ့
Wen Ning ကတော့ပြုံးကာ
ကားစတင်ထွက်ခွာလိုက်သည် ...

ကိုကို့အလုပ်တွေပုံနေတဲ့အပြင်
Pa Pa ကလည်း model လုပ်မယ့်ကိစ္စ
အသေးစိတ်ပြောချင်တယ်ဆိုလို့သာ ..

မဟုတ်ရင်ကိုကိုနဲ့တမေ့တမော
အတူနေချင်သေးတာ ..

" ငါကပိုတောင်နေချင်သေး ..
ကိုကို့အလုပ်တွေရှိလို့ ပြီးတော့ ...
Pa Pa နဲ့ဆွေးနွေးစရာလည်းရှိနေလို့ ..
မင်းဘာသာအစောတည်းကမပြန်ပဲ
ဒီမှာလာစားသောက်နေပြီးခုမှအော်ဟစ်မနေနဲ့ "

ကားပေါ်ရောက်ရောက်ချင်းရှေ့ခန်းကနေ
နှုတ်လန်ထိုးလာသည့် Jin Ling ကြောင့်
Wang Yibo ပြန်အော်ပြောရင်းနဘေးမှ
Xiao Zhan ကိုကြည့်မိတော့

" ဟော ကြည့် ...ကိုကိုကလည်းကွာ ..
ဆောင်းဦးရောက်နေပြီ ...
Shirt ကြယ်သီးကိုလည်ပင်းပေါ်ရုံပဲတပ်ပါဆို
မကြိုက်ပါဘူး ရင်ဘတ်ကိုသူများတွေမြင်မှာ "

ပြောရင်းဆိုရင်း Xiao Zhan အက်ျီကြယ်သီးကို
ဆွဲတပ်ပေးနေတာကြောင့်

* စောက် RS တွေပိုကိုပိုတယ် *

" Zhan Ge တို့များနော် ..
ရည်းစားလေးရတာမှနှစ်ရက်နဲ့တစ်ပိုင်းကို
ခြေတွေလက်တွေပါအကုန်ပျောက် .. "

" ပါးစပ်ပိတ်ထား !! "

" ကလေးတွေ ..
ငြိမ်ငြိမ်ဆိတ်ဆိတ်လိုက်လာကြစမ်းပါ ..
ငါဒီမှာလမ်းအာရုံစိုက်လို့မရဘူး ...
အကုန်ဝင်ကြုံးပစ်မိမယ် .. "

ဆောင့်ထွက်လာသည့် Wang Yibo အော်သံနှင့်အတူတစ်ဆက်တည်းလိုက်လာသည်က
Wen Ning ရဲ့ရာဇသံ

ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )Where stories live. Discover now