Unicode Version
" Yibo .. ငါ့ကိုထပ်ပေးဦး ... "
Canberra မှ Commonwealth Park
ထဲရှိသန်းပေါင်းများစွာသောပန်းခင်းတွေအလယ်
Wang Yibo လက်ကိုမှီတွယ်လျှောက်ရင်း
ဂျီတိုက်နေသူက Xiao Zhan .." တော်ပြီကိုကို ... မလုပ်ရတော့ဘူး .. များနေပြီ
ဆေးလိပ်သောက်တာမကောင်းဘူး .. "" သူကျလုပ်ပြီး ... မရဘူးကွာ ...
ထပ်လုပ်ပေးဆို နော် .. နော် "" ကျွန်တော်ကကိုကို့ကို
လုပ်ဖူးတယ်ရှိအောင်ပြတာ ... "" ဒီတစ်ခါပဲကွာ နောက်ဆုံး .. နောက်ဆုံး ..
ကတိပေးတယ် .. နော် ဝမ်ကိုကိုလေး နော်လို့ "နှုတ်ခမ်းသားလေးများဆူကာဂျစ်တိုက်နေသည့်
ကလေးဂျီးကြောင့် Wang Yibo ပြုံးလိုက်ပြီး
ဆေးလိပ်တစ်ဖွာရှိုက်ယူကာ Xiao Zhan ရဲ့
နှုတ်ခမ်းသားလေးများကိုတေ့ယူရင်း
အငွေ့များသွင်းပေးလိုက်သည်Yibo ဆီကရလာသည့်ဆေးလိပ်ငွေ့တွေကို
နှုတ်ခမ်းလေးဆူကာပြန်မှုတ်ထုတ်ရင်း
အပျော်ကြီးပျော်နေရှာသည့် Xiao Zhan" ရေးဟေး .... မိုက်တယ် .. "
လွင့်ထွက်သွားသည့်ဆေးလိပ်ငွေ့တို့ကိုကြည့်ရင်း
လက်ခုပ်လေးများပင်တီးကာပြုံးရီနေသည့်ကိုကို့ကို
သူအသည်းနင့်အောင်ချစ်ရပါသည်" Zhan Ge , Yibo
ဒီကိုပန်းအလှကြည့်ဖို့လာခဲ့တာနော် ... "ကဲလွန်းသည့်ကလေးစုံတွဲကိုမြင်ပြင်းကတ်ကတ်နှင့်
Jin Ling ဝင်ပြောမိသည်" ပန်းတွေထက်ပိုကြည့်ကောင်းတဲ့လူသားက
ငါ့ဘေးနားရပ်နေတာကြောင့်ဘယ်အရာကမှ
မဆွဲဆောင်နိုင်တော့ဘူး Jin Ling ရေ .. "" ဗရမ်းဗတာတွေ .. "
Canberra ကိုသူတို့ရောက်တော့
ညနေလေးနာရီပင်ခွဲနေချေပြီ ..Jin Ling ရဲ့အကြံပေးမှုနဲ့
Floriade နွေဦးပွဲတော်သို့ရောက်လာခဲ့ကြခြင်း" ဒါကဘယ်လိုပွဲတော်လဲ Jin Ling .. "
ဒီတိုင်းလွှတ်ထားရင်တိုက်ပွဲဖြစ်လာတော့မည့်
အရိပ်အယောင်ကိုကြိုသိနေ၍ Wen Ning
ပွဲတော်အကြောင်းစကားစဝင်ဆက်မိသည်
YOU ARE READING
ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )
RomanceZawGyi Version ကံကြမ္မာ ရေစက်ဆိုတာ အချိန်တန်ရင် ခွဲခွာရစမြဲမို့ အတူရှိနေခိုက် ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ Wang Yibo ငါမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး မင်းက နေ ဆို ငါက လ မင်းက ရေ ဆို ငါက မီးပဲ အဲ့ဒါမင်းမြဲမြဲမှတ်...