Part 22

1.4K 95 3
                                    

Unicode Version

" Xue Yang !! .. ဒါကဘယ်လဲ .. "

" အပြင်လေ .. "

" ခေါင်းဆောင်အမိန့်ထုတ်ထားတာ
မင်းမသိဘူးလား ... "

" သိသားပဲ ... "

အပေါ်ထပ်ကောက်စွပ်ရင်း
အေးအေးလူလူပင်ပြန်ပြောနေသည့်
Xue Yang ကြောင့် Wei Ying
စိတ်မရှည်ချင်တော့ ..

" မသွားရဘူး ...
မင်းမှာဒဏ်ရာကလည်းရှိသေး ..
ညနေကလည်းလေ့ကျင့်ရေးဆင်းထားတာ
သေချင်လို့လား .. "

" သူများပြောတိုင်းသာနားထောင်တတ်ရင်
ကျွန်တော့်နာမည် Xue Yang မဟုတ်တော့ဘူး "

" ကလေးမဆန်နဲ့ Yang လေး ...
ခေါင်းဆောင်ကဒီတစ်ခေါက် Mission ကို
တော်တော်အလေးနက်ထားနေတာ ..
အပြင်ထွက်ခွင့်အထိပိတ်ထားတာပဲကြည့် ..
မနက်ဖြန်တစ်ရက်ပဲသည်းခံလိုက် ..
ပြီးရင်အကြိုက်သွား .. ဟုတ်ပြီလား "

" ဟက် ... အကို Yu Bin .. ဆေးစားမှားတာလား
ကျွန်တော့်ကိုဘယ်တုန်းကနားချလို့ရဖူးလို့လဲ "

" ခုကမတူဘူး Yang လေး ... အမိန့်ဖီဆန်တာ
ခေါင်းဆောင်သိသွားရင်ပြဿနာကြီးလိမ့်မယ်
ဒဏ်ရာကလည်းရထားတာနားနေလိုက် ..
ဟုတ်လား ... "

" ကျွန်တော်ကအဲ့ဒါကိုပဲမသက်ာတာ ..
Mission Point လည်းကြိုမပြော ..
စခန်းကနေလည်းတစ်ဖဝါးမခွာခိုင်း ..
မထူးဆန်းဘူးလား .. "

" ဒါကတော့မင်းပြောမှမဟုတ်ဘူး ..
ငါတို့လည်းသိတယ် .. "

Wei Ying ရဲ့ဘုဂလန့်အပြောကို
Yu Bin ကလည်းထောက်ခံသလိုခေါင်းတညိမ့်ညိမ့်

" ကျွန်တော်ကတော့သူများထားရာနေ
စေရာမသွားနိုင်ဘူး ...
အသက်ရှင်ဖို့အတွက်လုပ်စရာရှိတာလုပ်မယ် ..
ချိုးဖောက်သင့်ရင်ချိုးဖောက်မယ် ..
ရရင်ရသလိုပျော်စရာရှာမယ် ..
အကိုတို့လည်းဒီမှာဒီလိုမနေချင်တာ
ကျွန်တော်အသိဆုံးပါ ...
ဒါမယ့်အကိုတို့လိုတော့ကျွန်တော်က
ခေါင်းချည်းညိမ့်မနေနိုင်ဘူး ... "

" Xue Yang .. "

" မနက်ဖြန်မနက်ကိုပြန်လာခဲ့မယ် ..
ဘယ်သူမှမသိစေရဘူး .. စိတ်ချ .. "

သူအပြင်ထွက်တာ
Wei Ying တို့ပြန်မပြောမှာ
သေချာလို့အထူးအထွေ မှာနေစရာမလို ..

ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )Where stories live. Discover now