Unicode Version
မာကျောတဲ့အရာတစ်ခုနောက်စေ့ကို
လာအရိုက်မှာ Wang Yibo လဲကျသွားပြီး
ပြန်အနိုးမှာတော့အပေါ်ထပ်သို့တက်ရန်
လှေကားတစ်ခုသာတွေ့ရသည့်
မြေတိုက်ခန်းငယ်လေးထဲရောက်နေတာ ..မီးလုံးတစ်ခုသာထွန်းထားပြီး
စောင့်ကြပ်နေသူရယ်လို့တော့မရှိ ..နိုးလာလာချင်းသတိရမိတာက ကိုကို ..
သူ့ဘယ်ဖက်ကိုကြည့်မိတော့
ခေါင်းငိုက်စိုက်ကျနေတဲ့ Jin Ling ..
သူ့ညာဖက်မှာက ကိုကို...
ဒါဆိုနောက်ကျောကပ်ရက်က
Wen Ning Ge ပေါ့ ...သူတို့လေးယောက်ကိုတိုင်တစ်ခုမှာ
နောက်ကျောကပ်အနေထားနဲ့တွဲလျက်သား
လက်ထိပ်ခတ်ထားခဲ့ကြသည် ..ဘယ်သူတွေကဖမ်းလာတာလဲ ..
ဘာကြောင့်လဲ .." အင်း .. ဟင်း .. အိုက်ယား .. ကျွတ်ကျွတ် "
ညည်းသံလိုကြား၍သူကြည့်မိတော့
Jin Ling ရယ်
တောင်ကြည့်မြောက်ကြည့်နဲ့ဖြစ်နေတာ ..သူလေသံတိုးနဲ့ကပ်ခေါ်လိုက်တော့ ..
" Jin Ling .. "
" အောင်မယ်လေး !!
အား ... Yibo လန့်သွားတာပဲ ..
ဘယ်နှယ့်ကြောင့်နားရွက်နား
ကပ်ပြောနေရတာလဲ .. "" အော်မနေနဲ့ .. တိုးတိုးပြောလဒရ ..
မင်းအဖေအိမ်မဟုတ်ဘူး .. "သူ့အပြောကြောင့် Jin Ling
သတိပြန်ဝင်လာပုံနှင့်အသံလျော့ချလိုက်ရင်း" အာ အာ ဟုတ်တယ် .. ဟုတ် .. အာ
ဒါဆိုငါတို့ဘယ်ရောက်နေတာလဲ .. "" မင်းနဲ့အတူတူပဲငါလည်းအဖမ်းခံလာရတာလေ
ဘယ်သိမတုန်း .. ကိုကိုတို့ကိုသာနှိုး "" အာ အာ ဟုတ်သားပဲ ...
Wen Ning Ge .. Zhan Ge .. "" ကိုကို .. ကိုကို "
Xiao Zhan ကိုယ်လေးကို
Wang Yibo ကိုယ်နဲ့အချင်းချင်းလှုပ်တိုက်ပြီး
ခေါ်မိသည်" အိုက်ယား အရေးထဲအတိုးချအိပ်နေသလားမသိ
ဒီ Wen Ning Ge .. ဒီအခြေအနေမျိုးမှာ
သူအိပ်နေနိုင်တာငါတကယ်အံ့သြတယ် ... "" သူကမေ့နေတာလေ Jin Ling ရ ..
ဒီမှာဘယ်လိုအခြေအနေလဲသူသိမလား ..
မင်းပါးစပ်ကိုအကျိုးရှိတဲ့နေရာမှာပဲသုံးပြီး
နှိုးမှာသာနှိုးစမ်းပါသေနာကျရဲ့ ... "
YOU ARE READING
ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )
RomanceZawGyi Version ကံကြမ္မာ ရေစက်ဆိုတာ အချိန်တန်ရင် ခွဲခွာရစမြဲမို့ အတူရှိနေခိုက် ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ Wang Yibo ငါမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး မင်းက နေ ဆို ငါက လ မင်းက ရေ ဆို ငါက မီးပဲ အဲ့ဒါမင်းမြဲမြဲမှတ်...