Part 10

2.3K 177 2
                                    

Unicode Version

" Wang Ning Ge ဘယ်လိုဖြစ်ကုန်တာလဲ ...
ကျွန်တော့်ကိုအသေးစိတ်ပြော .. "

မြို့အထွက်နားရှိအထည်ချုပ်စက်ရုံထဲ
ကသောကနင်းပြေးဝင်လာခဲ့သည့်
Wang Yibo တစ်ကိုယ်လုံးချွေးများရွဲနစ်ကာ

Xiao Zhan ပျောက်နေသည့်သတင်းရရချင်း
Motorcycle racing မှပြေးထွက်ခဲ့သည်ထင် ..
ဝတ်စုံပင်မလဲရသေး ....

" Yibo မင်းရောက်လာတာကောင်းတယ်
ငါလည်းခေါင်းတွေအရမ်းပူနေပြီ .. "

" ဖြစ်တဲ့ကိစ္စသာကျွန်တော့်ပြောစမ်းပါ! ! "

ပြိုင်ပွဲရက်မို့ကွင်းထဲရောက်နေခဲ့ပြီး
ပွဲစဖို့ငါးမိနစ်အလိုမှာကိုကိုပျောက်နေကြောင်း
ဖုန်းလက်ခံရခဲ့သည် ...

" ဝေး ... "

" Yibo ရေ ... Xiao Zhan မင်းဆီမှာလား "

" ကျွန်တော်အခု race ထဲမှာ Wang Ning Ge
ကိုကို​ဘာဖြစ်လို့လဲ "

တုန်တုန်ရီရီနှင့်မေးလာသည့် Wang Ning Ge
အသံကြောင့်တစ်ခုခုမှားနေပြီဆိုတာကို
Yibo သိလိုက်ပြီ

" Xiao Zhan .... သူ .. သူအထည်စက်ရုံသွားရင်း
ပျောက်သွားလို့ .. Yibo .. ခုထိရှာလို့မတွေ့ .. "

" Ge တို့ကခုဘယ်မှာလဲ "

" ငါတို့အထည်စက်ရုံမှာ ...... "

" ကျွန်တော်အခုလာခဲ့မယ် "

အသေးစိတ်တောင်ထပ်မမေးမိ ...
ဘာကိုမှမစဥ်းစားနိုင်တော့ပဲ Wang Yibo
ကွင်းထဲကပြေးထွက်လာခဲ့တာ

" မနက်ဖြန်သူ့မွေးနေ့မို့လို့သူငယ်ငယ်ကနေခဲ့တဲ့
မွေးရပ်မြေကအိမ်ကိုပြန်မယ်ဆိုပြီး
ဒီနေ့ရှိသမျှအလုပ်အကုန်ဖြတ်ဖို့စီစဥ်ထားကြတာ ...
ညနေကသူ Design အကြမ်းတွေသွားယူတယ်
ပြီးတော့အထည်စက်ရုံမှာအစတွေဆင်းယူတော့
Wai Hai ကိုကားပေါ်မှာပဲစောင့်ခိုင်းခဲ့တယ်တဲ့ ...
ပုံမှန်ဆိုလည်းစက်ရုံကဝန်ထမ်းတွေက
အထည်စတွေကိုကားပေါ်အရောက်
သယ်လာပို့နေကျမို့ Wai Hai လည်း
ကားနောက်ခန်းဖွင့်ပြီးစောင့်နေလိုက်တာပေါ့ ...
နာရီဝက် လေးဆယ့်ငါးမိနစ်သာကြာသွားတယ် ..
Xiao Zhan ကပြန်ရောက်မလာခဲ့ဘူး ...
Wai Hai လည်းဘယ်လိုဖြစ်တာလဲဆိုပြီး
စက်ရုံထဲဝင်ကြည့်တော့စက်ရုံကလူတွေ​ဖြေတာက
Xiao Zhan ရောက်မလာခဲ့ဘူးတဲ့ ..
Wai Hai လည်းအဲ့တော့မှလန်ံ့ပြီး
စက်ရုံထဲပတ်ရှာသေးတယ် ...
Xiao Zhan ဖုန်းကိုခေါ်ကြည့်တော့
ဖုန်းကစက်ပိတ်ထားတယ် ... မရတဲ့အဆုံး
သူလည်းငါ့ကိုဖုန်းဆက်ပြီးပြောတော့
ငါမင်းကိုဆက်သွယ်လိုက်တာ ...
အစကမင်းနဲ့အတူရှိနေလိမ့်မယ်လို့ငါထင်တာ ..
ငါဆုတောင်းတာကမင်းရဲ့ Birthday Surprise
အစီအစဥ်ဖြစ်ပါစေပေါ့ ... ခုတော့ကွာ ....
ညနေတောင်စောင်းနေပြီ ... ငါရဲလည်းတိုင်ထားလို့
ရဲတွေလည်းစက်ရုံအနီးတစ်ဝိုက်ရှာနေတာခုထိပဲ .."

ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )Where stories live. Discover now