Unicode Version
" ဒေါက် .. ဒေါက် "
" ..... "
" ဒေါက် .. ဒေါက် .. ဒေါက် "
" အကို Wei .. အကို Yu Bin ...
အကို Wei ... ထပါဦး .. အပြင်မှာလူထင်တယ် "ညသန်းခေါင်မှာဒဏ်ရာကကိုက်လာတာကြောင့်
Xue Yang မှေးရုံသာမှေးနေရတာမိုးလင်းအထိအခုမှအကိုက်သက်သာလာ၍အိပ်ပျော်စပြုနေချိန်
တံခါးခေါက်သံကြားရ၍အကိုနှစ်ယောက်ကိုသာ
ခေါ်နှိုးပေးမိသည် ..ကိုယ်ထသွားဖို့ကအဆင်မပြေဘူးမလား ..
" အကို Wei .. အကို Yu Bin .. "
" ဟင် .. အင့် ဘာလဲ .. "
" အင်း .. ဝါး ... "
" သန်းမနေနဲ့ .. တံခါးခေါက်သံမကြားဘူးလား
ထသွားကြည့်ကြ ... "" အာ ... Yu Bin မင်းသွားကြည့်ကွာ .. "
" ကြည့်ဘူး ငါဆက်အိပ်မှာ ..
မင်းသွားပေါ့ .. သွား ဝေးဝေးသွား .. "" အကို Wei Ying ! .. အကို Yu Bin ! ..
Xue Yang! .. ကျွန်တော် Xing Chen ပါ ... "အိပ်ယာမှသူထငါထလုပ်နေတုန်း
ထပ်ပေါ်လာတဲ့အသံကြောင့်
သုံးယောက်လုံးခေါင်းထောင်ကြည့်မိသည်" Xing Chen !! "
ရေခဲတုံးကြီးကသူတို့ဆီဘာလို့ ....
နားမလည်သလိုရေရွတ်ရင်း Wei Ying
ကမန်းကနန်းထသွားမိသည် .." Xing Chen ! "
အခန်းတံခါးလေးဖွင့်ကာခေါင်းထွက်လာသည့်
Wei Ying ကိုကြည့်ပြီး
Xing Chen အထုပ်လေးတစ်ထုပ်လှမ်းပေးသည်" ဟင်း .. အင်း .. ရော့ .. "
" ဒါကဘာတွေလဲ Chen ... "
" ဟို .. မနေ့က
Xue Yang ဒဏ်ရာရလာတယ်ကြားလို့ ..
သောက်ဆေးတချို့နဲ့
လိုအပ်မယ်ထင်တာတွေလာပေးတာ .. "မနေ့ညက Xue Yang ပြန်လာတာကို
လှမ်းမြင်တဲ့သူတွေပြောလိုက်ပုံရသည်" သြော် .. အင်း ကျေးဇူး .. "
အထုပ်လေးကိုလှမ်းယူကာ Wei Ying
ပြုံးပြလိုက်ရင်း" ငါတို့ကခဏနေအိမ်ပြန်ကြတော့မလို့
အလုပ်ရှုပ်ခံလို့ကွာ .... "
YOU ARE READING
ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )
RomanceZawGyi Version ကံကြမ္မာ ရေစက်ဆိုတာ အချိန်တန်ရင် ခွဲခွာရစမြဲမို့ အတူရှိနေခိုက် ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ Wang Yibo ငါမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး မင်းက နေ ဆို ငါက လ မင်းက ရေ ဆို ငါက မီးပဲ အဲ့ဒါမင်းမြဲမြဲမှတ်...