Part 17

1.9K 149 12
                                    

Unicode Version

" Zhan Zhan ... ခေါင်းအဆင်ပြေရဲ့လား "

" ပြေပါတယ် .. ငါကနည်းနည်းပဲသောက်တာကို "

အပေါ်ထပ်လှေကားမှဆင်းလာနေသည့်
Xiao Zhan ကို Wen Ning
ဧည့်ခန်းခုံမှာထိုင်နေရင်းလှမ်းမေးလိုက်ခြင်း

မနေ့ညကအိမ်မပြန်ဖြစ်ပဲ Xiao Zhan အိမ်၌သာ
Wen Ning အိပ်လိုက်ပြီးမနက်ရောက်တော့
လူကနုံးချင်နေတာ​​ကြောင့်အိမ်ရှင်ကိုပင်
သွားမနှိုးနိုင်ပဲမနက်စာတောင်
ဧည့်ခန်းစားပွဲပေါ်ယူစားနေရသည်

" မင်းကဧည့်ခန်းကြီးမှာစားနေတာ .. "

Sandwich နှင့် ကော်ဖီခွက်များရှေ့ထားကာ
လည်ပင်းကိုဘေးလှည့်လိုက်ရှေ့ပြန်လှည့်လိုက်
လုပ်နေသည့် Wen Ning ကိုကြည့်ကာ
Xiao Zhan Sofa ပေါ်ထိုင်ချရင်းမေးလိုက်သည်

" အေး .. ဟုတ်တယ် ..
သက်သောင့်သက်သာစားချင်လို့ ..
မနေ့ညကမင်းအိမ်ကိုတောင်
မနည်းရောက်အောင်မောင်းလာခဲ့ရတာ ..
လူကလစ်နေရတဲ့အထဲ
မင်းရဲ့ချစ်သည်းငယ်ကငါတို့ကိုငရဲပြည်ပို့မယ့်
အကြောင်းထထပြောနေလို့ ...
လူကစိတ်ကိုညစ်ရော .... "

" အတော်နုနေတာ ..
အရင်ကမျိုးနဲ့သာဆို
ငါတို့ Wen Ning လေးဘယ်လိုလုပ်ရပါ့ .. "

" အရင်ကမလုပ်ခဲ့မနေခဲ့ရလို့
အခုလုပ်နေတာပေါ့ ... "

" ဟက် .... "

Xiao Zhan ရီလိုက်မိရင်း Sandwich တစ်ခု
ကောက်စားပြီးရှေ့မှ
ခွက်ထဲကို Coffee ငဲ့ထည့်သည် ..

" ရီမနေနဲ့ကွ ... အတိတ်ကလိုက်လာပြီ ..
အချိန်ကြာသွားလည်း Blood ကငါတို့ကို
ခုချိန်ထိမရရအောင်အနံ့ခံနေမှာ ...
မင်းသူ့အကြောင်းသိသားနဲ့ ...
ရှောင်နေခဲ့လို့ရပါ့မလား ...
တွေးကြည့်ရင်ငါတို့မှားတာမရှိသလိုပေမယ့်
ဥပဒေနဲ့ကတော့မလွတ်ကင်းခဲ့ဘူးလေ .. "

" မင်းသိတယ်မလား...
ငါတို့ဘဝကိုငယ်ငယ်ကတည်းက
ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းခဲ့ရပေမယ့်
ငါအမြဲအေးချမ်းတဲ့ဘဝလေးလိုချင်ခဲ့တာ ..
ငါဝါဿနာပါတာလေးလုပ်
ငါချစ်တဲ့သူနဲ့ငါ့ကိုချစ်တဲ့သူတွေနဲ့
ပျော်ပျော်ရွင်ရွင်နေချင်ခဲ့တာ ... "

ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )Where stories live. Discover now