Part 7

2.5K 205 1
                                    

Unicode Version

" သြော် မင်းကရောက်တောင်လာပြီလား
ငါအခုပဲမင်းဆီလာတော့မလို့ ... "

" နေ့လည်တောင်ရောက်တော့မယ့်ဟာကို ...
ဘာကိစ္စရှိလို့လဲ "

ရုံးခန်းတံခါးပြန်ပိတ်ရင်း Xiao Zhan မေးတော့
Wang Ning ရယ်ကျဲကျဲလုပ်ရင်း

" Yibo ဖုန်းဆက်ထားလို့ပါကွာ
မင်းကိုသွားကြည့်ပေးဦးတဲ့
ငါလည်းဖုန်းရရချင်းသွားမလို့ကို
အလုပ်ကပေါ်လာတော့ကြာနေတာ ....
သူကမင်းနေမကောင်းဖြစ်မှာစိုးလို့ ...
မနေ့ညကသူမင်းကိုစောင့်အိပ်ပေးတာဆို .. "

* ဒီကောင်လေးမပြောရဲတာကိုမရှိဘူး *

Xiao Zhan အထိတ်တလန့်ပုံနှင့်လှမ်းကြည့်တော့

" မင်းမျက်နှာကဘာလို့ရဲလာတာလဲ ...
ငါကအံ့သြလို့ပါ .... ဒီရေခဲတုံးလေး
ဒီနေ့သူ့ဆိုင်ကယ်ပြိုင်ပွဲရှိတာကိုအားမယူပဲ
မင်းကိုညစောင့်အိပ်ဂရုစိုက်ပေးနေလို့ .. "

* သြော် ... ဒါကြောင့်ငါမနက်နိုးလာတော့
သူမရှိတာပေါ့ *

" ဘာကိုစောင့်အိပ်ပေးတာလဲ
သူ့ဘာသူအတင်းအိပ်တာ .. ငါမခိုင်းဘူး "

" ငါကရောမင်းအတင်းအိပ်ခိုင်းတယ်လို့
ပြောနေလို့လား "

" Wang Ning ... မင်း .... "

" မဟုတ်ပါဘူး ..... ငါဆိုလိုတာက
သူဆိုင်ကယ်ပြိုင်တာကိုဒီလောက်ရူးသွပ်တာ ..
ပြိုင်တိုင်းလည်းနိုင်မှကြိုက်တာကွာ ...
အမြဲလည်းအဲ့အတွက်အားထည့်နေတာ
မင်းသိသားနဲ့ .. "

" မသိပါဘူး "

" ဟင်း ... မသိလို့သာပဲ .. သူ့မွေးနေ့တုန်းက
ဆိုင်ကယ်ဦးထုပ်လက်ဆောင်ပေးပြီး .. "

" အဲ့ဒါသူအတင်းဝယ်ခိုင်းတာဟ "

" အဲ့တုန်းကဓားနဲ့တော့မထောက်ထားဘူးမလား "

" Wang Ning .. "

" စွတ်အော်မနေနဲ့ ...
ဒီလောက်အာကျယ်နေပုံထောက်ရင်
မင်းနေကောင်းပြီပဲဖြစ်မှာပါ "

" အိပ်ရေးလေးပျက်တာပါ ... ငါနေကောင်းပါတယ်
ခုအိပ်ရေးဝသွားတော့အဆင်ပြေသွားတာပဲကို "

" သြော် .. ညကမင်းအိပ်ရေးဝတယ်လား "

" Wang Ning မင်း ..... မင်းမဟုတ်တော့ဘူး "

ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )Where stories live. Discover now