Part 24

1.6K 107 5
                                    

Unicode Version

" Indo ကနေမှတဆင့်ငါတို့ Philippines ကို
ဆက်သွားကြတယ် ... Xing Chen ကတော့
အဲ့ဒီမှာငါတို့နဲ့လမ်းခွဲပြီး
သူ့လမ်းသူဆက်လျှောက်တယ် .. China ကိုပဲ
ရအောင်သွားဖို့ရည်ရွယ်ထားတဲ့အတိုင်း
ငါနဲ့ Xiao Zhan က Laos ကနေမှတဆင့် Shanghai ကိုဝင်တယ် ..
ပြီးမှ Beijing ကို Flight နဲ့ဆက်လာခဲ့တာ ..
အဲ့ဒီအချိန်ကစပြီး Passport ထဲက
နာမည်တွေအတိုင်းနေရင်းငါတို့ဘဝကို
ပြန်စခဲ့ရတာ ... နယ်ခြားဥပဒေကြောင့်လား ..
ငါတို့ဒီကိုပြန်လာမယ်မထင်တာကြောင့်လားတော့
မပြောတတ်ပေမယ့် Blood ကထိပါးလာတာမျိုး
မရှိခဲ့ဘူး ... "

" ဒါကြောင့်ကိုကိုက ရီလင်း ကိုမွေးနေ့တိုင်း
သွားဖြစ်အောင်သွားတာပေါ့ .. ဟုတ်လား "

" နေ ... နေကြပါဦး .. ခုနကပြောသွားတာ ..
US ရဲ့နိုင်ငံတွင်းအချက်အလက်တွေပါတဲ့
Hard Drive ဟုတ်လား ... "

ဖြတ်ပြောလာတဲ့ Jin Ling ရဲ့
အလောတကြီးအမေးကြောင့်
Wen Ning ခေါင်းကုတ်စဥ်းစားလိုက်ပြီးမှ

" အင်း .. ငါတို့မမြင်ခဲ့ရပေမယ့်
Xue Yang ပြောခဲ့တာတော့အဲ့တိုင်းပဲ ..
ဘာလို့လဲ ... "

" အဲ့ဒါကျွန်တော့်အကိုအခုကိုင်နေတဲ့အမှု .. "

" ဘာ ... "

" ဟမ် ... "

Jin Ling ရဲ့အပြောကြောင့်
သူတို့အားလုံးလန့်အော်မိကြတော့သည် ..

" အာ ... ဒီ .. ဒီလို .. ကျွန်တော်ရှင်းသွားအောင်
ပြောပြမယ် .. ကျွန်တော့်အကိုက US မှာရဲလေ ..
နာမည်က Jin Zi Xuan ..
Zhan Ge ပျောက်သွားတုန်းက
ကျွန်တော် Washington ရောက်နေတာ
သိတယ်မလား .. အဲ့တုန်းကအကိုကသတင်းရရချင်း
ကူညီပေးတာ .. ကျွန်တော့်အကိုက Yibo ကို
သိပ်ချစ်တာလေ .. သူ့ညီအရင်းကျွန်တော်နဲ့တောင်
တန်းတူဆက်ဆံတာမျိုး .. ကျွန်တော်ခုအလုပ်ထွက်
လာတာလည်းတကယ်တော့အဲ့ပယောဂကြောင့် ..
အကို့ကိုအထက်ကဒီအမှုပေးလိုက်တဲ့နေ့မှာပဲ
ကျွန်တော်တို့အိမ်ကိုပစ်စာရောက်လာခဲ့တယ် ..
လက်ရှောင်ပြီးအမှုကိုမလိုက်ဖို့ပေါ့ ... ဒါပေမယ့်
အကို Zi Xuan ကခေါင်းသိပ်မာတယ် ..
စိတ်ဓာတ်ကလည်းကြံ့ခိုင်တော့အဲ့အမှုကို
သူလက်ခံပြီးလိုက်ခဲ့တယ် .. နောက်နေ့မနက်မှာပဲ
သူ့ဆီကိုခြိမ်းခြောက်စာတစ်စောင်
ထပ်ရောက်လာခဲ့တယ် .. လုပ်ကြံမှုတွေကြုံရတယ်
သူကကျွန်တော့်ကိုဖွင့်ပြောပြီးကျွန်တော်ပါသူနဲ့
ရောထိမှာစိုးလို့ကုမ္မဏီကိုကျွန်တော့်နာမည်နဲ့
အလုပ်ထွက်စာတင်လိုက်တယ် ...
ကျွန်တော်လည်းစိတ်ပူပေမယ့်ကိစ္စက
နိုင်ငံတော်အဆင့်မို့သမ္မတကအကို့ကိုကာကွယ်မှု
ကောင်းကောင်းပေးတယ်လေ ... လျှို့ဝှက်ထားရမယ့် US ထိပ်တန်းသတင်းမို့
ကျွန်တော်မပြောပြပဲ Yibo ကိုတောင်
အလုပ်ထွက်လိုက်တဲ့အကြောင်းပဲပြောပြခဲ့တာ ... "

ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )Where stories live. Discover now