Unicode Version
" Yu Bin ...
ဒီအခန်းဖြစ်ဖို့များတယ် .. ဖွင့်လိုက် .. "ပြင်သစ်သံရုံးတွင်းရှိအခန်းငယ်များအား
Wei Ying လည်ပတ်ကြည့်ပြီးပြောတော့
Yu Bin ခေါင်းညိတ်ပြလိုက်ရင်း
Keycard Entry System သုံးတံခါးမို့
Card တစ်ခုထိုးချလိုက်ရာတံခါးပွင့်ဟသွားသည်" Xue Yang !! "
အခန်းတွင်းလိုက်မဝင်ပဲနံရံကိုကျောကပ်မှီ
ဖုန်းသုံးနေသည့် Xue Yang ကို
Wei Ying လှမ်းခေါ်လိုက်ရင်း" ဒါအလုပ်ချိန် .. နောက်မှဇယားခင်း ..
အထဲမှာ Safe Box lock ဖွင့်ရမှာ ..
လာတာငါတို့သုံးယောက်တည်း .. သိရဲ့လား
Meng Yao တို့ကအပြင်မှာပဲစောင့်နေတာ "" သိပါတယ် .. ကြားတယ် ..
အကို Wei ဒါချည်းပဲ
ထပ်ခါတလဲလဲပြောနေတာဘယ်နှခါရှိနေပြီလဲ "" ပြောနေလို့သာပဲ ..
လာစမ်းပါဆို ... "ထုံးစံအတိုင်းလူယုတ်မာပြုံးပြုံးကာ
မထိတရိ့ပြန်ပြောနေသည့် Xue Yang ရဲ့
အက်ျီစကိုWei Ying ဆောင့်ဆွဲရင်း
အခန်းထဲခေါ်သွင်းလိုက်သည် ..ပျော်ပွဲစားထွက်လာတယ်များထင်နေလားမသိ ..
စားပွဲတင်မီးအိမ်အရောင်က
အခန်းငယ်ထဲဖြာကျလျက်စားပွဲနောက်မှ
Safe lock လေးကသူတို့သုံးယောက်ကို
ကြိုဆိုနေသည် .." မြန်မြန်လုပ် Xue Yang ...
ပစ္စည်းရတာနဲ့သွားမယ် .. "" သိပါတယ် .. "
လက်သုံးစကားကိုသာထပ်ပြောရင်း
Xue Yang Safe Box ဆီလျှောက်သွားပြီး
Fingerprint powder ဗူးကိုထုတ်လိုက်သည်Brush အသေးနဲ့အပေါ်ယံဖွယူလိုက်ကာ
Number key များပေါ်သပ်ချလိုက်ပြီး
အနီးကပ်ကြည့်လိုက်တော့ဘာလက်ဗွေရာမှမတွေ့" No fingerprint "
" ဘာ !! "
" ဒါဆို .... "
အလန့်တကြားအော်လိုက်သည့် Yu Bin အသံကို
Wei Ying ကပါထပ်ဖြည့်ပေးသည်လုပ်ပြန်ပြီ ဒီကောင်စုတ် Xue Yang ..
" ဘာဒါဆိုလဲ .. ဟက် ...ကြောက်လို့လား ..
မကြောက်ပါနဲ့အကိုတို့ရဲ့ ...
ဒါအသေးစားဖောက်ခွဲမှုလေးပါ .. "
YOU ARE READING
ပိုခ်စ္တဲ့သူကိုယ္ပဲျဖစ္ပါေစ ( ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ )
RomanceZawGyi Version ကံကြမ္မာ ရေစက်ဆိုတာ အချိန်တန်ရင် ခွဲခွာရစမြဲမို့ အတူရှိနေခိုက် ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ Wang Yibo ငါမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး မင်းက နေ ဆို ငါက လ မင်းက ရေ ဆို ငါက မီးပဲ အဲ့ဒါမင်းမြဲမြဲမှတ်...