ဘယ်လောက်ကြာကြာထိ ငါ့အနားကိုဒီလောက်နီးကပ်နေ
ဦးမှာလဲ
Perth က Saint ရှေ့ကနေချက်ချင်းကောက်ထလိုက်ပြီး သူ့
အခန်းဘက်ကိုထွက်သွားလိုက်တယ်
Saint : ဘယ်အရာက ကိုကို့ကိုအဲ့လောက်ပြောင်းလဲသွားစေ
တာလဲ ငယ်ငယ်ကသူကဒီလိုမဟုတ်ပါဘူး
ဒေါက် ဒေါက် ..... တံခါးခေါက်သံကြောင့်သူတံခါးကိုထဖွင့်
လိုက်တယ်
Saint : ဦးလေး
Uncle : သခင်ကြီးကအလုပ်နဲ့အပြင်အမြန်ထွက်သွားရလို့
ဒီညနေစာကိုအတူမစားနိုင်ဘူးပြောခိုင်းလိုက်ပါတယ်
သခင်လေးအတွက် ညနေစာပြင်ထားပါတယ် ဆင်း
လာပြီးသုံးဆောင်ပါဦး
Saint : ဟုတ်ကဲ့ ဒါနဲ့ ကျွန်တော့်ကိုဒီလောက်ကြီးယဉ်ယဉ်
ကျေးကျေးမပြောပါနဲ့လား နေသားမကျတော့တစ်မျိုး
ကြီးပဲ
Uncle : ဟုတ်ကဲ့
အိမ်ကအိမ်နဲ့မတူ ..... ကြည့်လိုက်တာနဲ့ခြောက်ကပ်ပြီး
ပူလောင်နေတဲ့ငရဲခန်းလိုခံစားရတယ် တစ်အိမ်လုံးမှာတန်ဖိုး
ကြီးတွေပဲဆင်ယင်ထားပေမယ့် အိမ်ဆိုတာပျော်ရွှင်စရာအငွေ့အသက်တွေပဲပြည့်နေသင့်တာ
Uncle : ထိုင်ပါ
ဝါး...... အစားအသောက်တွေကအလျှံအပယ်ပဲ ဒီလောက်များတဲ့ထမင်းဝိုင်းကိုမစားခဲ့ဖူးဘူး ငယ်ဘဝဆိုတာလည်း
သိပ်တောင်မမှတ်မိတော့ဘူး ရှင်ဘုရင်ပွဲတော်တည်သလားပဲ
Saint : စားကောင်းမယ့်ပုံပဲ ကောင်းကောင်းစားပါ့မယ်
Saint ကိုကြည့်ပြီး ဘေးကအခြွေအရံတွေတောင်ပြုံးမိတယ် သူကပွင့်လင်းပြီးကလေးဆန်တယ် ချစ်စရာကောင်းတယ်
အနည်းဆုံးတော့ ဒီအိမ်မှာအပြုံးလေးတွေမြင်ရတာပေါ့
Saint : ဦးလေး ဒါနဲ့လေ ကိုကိုရော သူထမင်းလာမစားဘူး
လား
Uncle : Perth ကညနေစာမစားတာများတယ်
Saint : ဘာလို့လဲ ဒီလောက်အရသာရှိတာတွေအများကြီး
ကို
Uncle : သခင်လေးပဲအများကြီးသုံးဆောင်လိုက်ပါ
ညနေစောင်းနေဝင်ချိန်လေးက Perth ကိုပန်းချီဆွဲခိုင်းဖို့
စေခိုင်းနေသလိုပဲ အနောက်ဘက်ခြံထဲမှာပန်းချီကားတစ်ချပ်
ပေါ်ကိုမင်စုတ်တံနဲ့ တစ်ချက်ချင်းနေဝင်ချိန်အလှကိုရေးခြစ်
နေခဲ့တယ်
ရုတ်တရက်သူ့ဘေးကိုရောက်လာတဲ့ ကော်ဖီခွက်တစ်ခွက်
ကြောင့် အာရုံလွင့်ပြယ်ပြီးမော့ကြည့်လိုက်မိတယ်
Uncle : အာရုံပျက်သွားရင်တောင်းပန်ပါတယ် ကော်ဖီနဲ့ပန်း
ချီကားလေးဆက်ဆွဲလို့ရအောင်ပါ သခင်လေးအ
ကြိုက်တိုင်း ခါးအောင်ဖျော်လာတာပါ
ဦးလေးကြီးက ရိုရိုသေသေပြောနေပေမယ့် Perth ဆီက
" ကျေးဇူးပါ ရပါတယ် " စကားမျိုးကိုမကြားရဘူး
သူ့ပန်းချီကိုပဲပြန်လှည့်ကြည့်ပြီး ရေးဆွဲနေလိုက်တယ်
Uncle : ကျွန်တော့်ကိုသွားခွင့်ပြုပါဦး လိုတာရှိရင်လှမ်းခေါ်
လိုက်ပါ သခင်လေး
စိတ်ဝင်တစားရေးဆွဲနေခဲ့တာ ပန်းချီကားကပြီးခါနီးဆဲဆဲ
အချိန်မှာပဲ ......
" ဟေး မပြေးနဲ့လေ " .... အသံကြားရာနေရာကိုလှမ်းကြည့်
လိုက်မိတယ် Saint ကခါးကိုကိုင်းပြီးမြေပြင်ပေါ်က ခွေးလေး
ကိုလိုက်ဖမ်းနေတာ အစကြည့်တုန်းကတော့မနည်းလှမ်း
ကြည့်ရတယ် ဒီကလေးဘာလုပ်နေတာလဲပေါ့
ပြေးသွားနေတဲ့ Miley ကိုမြင်မှပဲသဘောပေါက်တော့တယ်
မပြေးနိုငိတော့တဲ့အဆုံး မောပြီးမြက်ခင်းပြင်ပေါ်အားရပါးရ
ပြစ်ထိုင်ချလိုက်တော့တယ်
Saint : ငါမောနေပြီ မလိုက်နိုင်တော့ဘူး မင်းကအသေပြေး
နေတာကို
Miley လေးရပ်လိုက်တာနဲ့ ဖြေးဖြေးချင်းအနားကိုကပ်
သွားလိုက်တယ် သူဖမ်းဖို့ပြေးသွားပေမယ့် Miley ကသူ့ထပ်
ပိုမြန်တယ်
Saint : ဟာ ကြည့်နေ ငါမင်းကိုဖမ်းမိတာနဲ့လွှတ်မပေးဘူး
Saint ကိုကြည့်နေရင်းနဲ့ ပန်းချီတောင်ဆက်မဆွဲနိုင်ဘူး
ဒီကောင်လေးရဲ့ ပေါ့ပါးလွန်းတဲ့ပုံစံလေးကိုကြည့်ရင်း အပျော်
တွေကူးစက်နေမိတယ် Saint နဲ့အတူလိုက်ပြုံးနေမိတယ်
သူ့ရဲ့မပြီးပြတ်သေးတဲ့ ပန်းချီကားကိုဘောင်ကေနဖယ်ပြီး
စာရွက်အဖြူချောလေးတစ်ရွက်ကို ထပ်တင်လိုက်တယ်
Saint : မိပြီကွ ဘယိပြေးမှာလဲ ဟမ် မင်းနာမည်ဘယ်လိုခေါ်
လဲ တော်တော်ဆိုးတဲ့ကောင် ငါ့ကိုမောအောင်လုပ်
တယ်
မြက်ခင်းပြင်ပေါ်ထိုင်ပြီး Miley ကိုပွေ့ဖက်ထားလိုက်တယ်
Saint ရဲ့ချောမွေ့လွန်းတဲ့အသားအရည် အပြစ်ကင်းတဲ့မျက်လုံး လှပလွန်းတဲ့နှာတံ ပန်းနုရောင်သန်းနေတဲ့ဖွေးဥနေတဲ့နှုတ်ခမ်းလေးတစ်စုံ အဲ့ပေါ်မှာမှ အလှပဆုံးသောအပြုံးလေးတွေ ...... အရာအားလုံးက Perth ရဲ့စာရွက်ဖြူပေါ်မှာ
ကူးချထားလိုက်ပြီ
ဒီကလေးရဲ့အလှက သဘာဝရှုခင်းလေးလိုပဲ ကြည့်ရတာ
ခံစားရတာ နှစ်လိုဖွယ်ကောင်းတယ်
Saint : ဦးလေး ခဏလာပါဦး ဒီကောင့်နာမည်ဘယ်လိုခေါ်
လဲ ဘယ်သူ့ခွေးလေးလဲ
Uncle : Miley ကဒီရောက်နေတာကို ကျွန်တော်ပျောက်လို့
လိုက်ရှာနေတာ သူ့ကိုအစာကျွေးချိန်ရောက်ပြီလေ
ဦးလေးက Saint လက်ထဲက Miley ကိုကောက်ချီလိုက်
တယ်
Saint : Miley လား သူကျွန်တော်နဲ့ဆော့နေတာ
Uncle : အဲ့ဒါ Perth ရဲ့ခွေးလေးလေ Perth ကသူ့ခွေးလေး
ကိုအပျောက်ခံတာမဟုတ်ဘူး သေချာဂရုမစိုက်ရင်
စိတ်ဆိုးတယ်
Saint : ဟုတ်လား ကျွန်တော်မသိလိုက်လို့ပါ ဒါနဲ့ ကိုကို့ကိုမ
တွေ့သေးဘူး သူဘယ်မှာလဲ
ဦးလေးကြီးပြန်မဖြေခင်မှာပဲ ပန်းချီထိုင်ဆွဲနေတဲ့ Perth ကို
လှမ်းတွေ့လိုက်တယ်
Saint ကလည်းသူ့ကိုကြည့်နေတဲ့ Perth ကိုပြုံးပြီးလက်ပြနှုတ်ဆက်လိုက်တယ်
Saint : ကိုကို....
Saint ကသူ့ဆီကိုပြေးလာဖို့လုပ်လိုက်ပေမယ့် သူရောက်
မလာခင်ပဲ Perth ကပန်းချီကားကိုသယ်ပြီး အိမ်ထဲအမြန်ဝင်
သွားလိုက်တယ်
Saint : ဘယ်သွားတာလဲ
Perth ကသူ့အခန်းထဲထိပန်းချီကားကိုသယ်သွားပြီးတော့
မှ သူဆွဲခဲ့တဲ့စာရွက်ကိုသူပြန်ကြည့်လိုက်တယ်
ငါဘာလုပ်ခဲ့မိပါလိမ့် ဘာလို့သူ့ပုံကိုစိတ်ဝင်တစားဆွဲခဲ့တာလဲ
ဒေါက် ဒေါက် ...... တံခါးခေါက်သံကြားတာနဲ့ သူ့လက်ထဲကပန်းချီကားကို ကုတင်အောက်ထဲဖွက်လိုက်တယ်
တံခါးဖွင့်လိုက်တာနဲ့ Saint ကသူ့အခန်းရှေ့မှာပြုံးစိစိနဲ့
Saint : ကိုကို .... ခုနကကျွန်တော်လက်ပြနေတာမမြင်လို့
လား အခန်းထဲဝင်စကားပြောရအောင်
Saint ကအတင်းဝင်ဖို့လုပ်လိုက်ပေမယ့် Perth ကတား
ထားလိုက်တယ်
Perth : ဘာပြောမှာလဲ
Saint : အာ.... ခုနကပန်းချီဆွဲနေတာတွေ့လို့လေ ကိုကိုက
ပန်းချီဆွဲတတ်တာလား ဘယ်တုန်းကသင်ထားတာ
လဲ
Perth : ဒီလိုပဲ မကြာသေးဘူး
Saint : ကျွန်တော့်ပုံလေးဆွဲပေးပါလား
Saint က Perth ရဲ့လက်ကိုလှမ်းဖမ်းဆုပ်ထားလိုက်တယ်
ဘယ်အချိန်ကြည့်ကြည့် သူကပြုံးနေတာပဲ
ရုတ်တရက်ကိုင်ထားတဲ့လက်ကိုငြင်းဆန်ဖို့သတိမရဘူး
Saint : ဆွဲပေးမယ်မလား
Perth : မင်း ဘာလုပ်တာလဲ
Perth ကအားနဲ့ Saint လက်ကိုခါချလိုက်တယ်
Perth : ငါဘယ်သူ့ပုံကိုမှမဆွဲဘူး အထူးသဖြင့် မင်းပုံကို
ဂျိမ်း ..... Perth ကခပ်ဆတ်ဆတ်ပြောပြီး တံခါးကိုပိတ်ချလိုက်တယ်
Saint : ကျွန်တော်တို့ဝေးကွာနေတာကြာလို့ အနေစိမ်းနေ
တာသိပါတယ် ကျွန်တော်နားလည်ပါတယ် ကိုကို
လည်းပျော်ပျော်ရွှင်ရွှင်မနေခဲ့ရတာကို သိပါတယ်
ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်တော်တို့ငယ်ငယ်တုန်းက
လို ရင်းနှီးဖို့ပြန်ကြိုးစားမှာပါ နောက်ရက်တွေတိုင်းမှာ
ကိုကို့ဆီကအပြုံးကိုမြင်ရအောင် ကြိုးစားမှာပါ
Saint ပြောနေတဲ့စကားလုံးတိုင်းက တံခါးတစ်ချပ်သာခြား
ပေမယ့် အနီးကပ်ဆုံးလိုပဲ ရင်ထဲကိုဝင်ရောက်စေတယ်
တောင်းပန်ပါတယ် ကလေးရယ် ........ ငါမင်းအပေါ်ကောင်း
ကောင်းဆက်ဆံပေးနိုင်မယ်မထင်မိဘူး
Part 2 ( the end )