ဒေါက် ဒေါက်..... ဒီလိုသာမန်ဒရိုင်ဘာတစ်ယောက်နေတဲ့
နေရာကို သခင်လေးကဘာလာလုပ်တာလဲ
Saint : ကျွန်တော်ခဏလောက် ဝင်လို့ရမလား
Uncle : ရတာပေါ့ ဒါနဲ့ ဘာကိစ္စရှိလို့လဲ
Saint : Ae ဆိုတာ.... ဦးလေးရဲ့သားမလား သူနဲ့ပတ်သတ်
တာတစ်ခုခုလောက်မှတ်မိမလားလို့ပါ
Uncle : မှတ်ညဏ်တွေကိုပြန်ရှာဖွေဖို့ဆုံးဖြတ်လိုက်တာ
ပေါ့နော်
Saint : ညဆိုအိပ်မပျော်ဘူး.... ဘာမှန်းမသိတဲ့အိမ်မက်
တွေခဏခဏမက်တယ် တစ်ခုခုကကျွန်တော့်ကို
သိစေချင်နေသလိုပဲ... ဒါကြောင့် တစ်စွန်းတစ်စ
လောက်များသိနိုင်မလားလို့ပါ
Saint ကသစ်သားအိမ်လေးထဲကိုဝင်ပြီး လှည့်ပတ်
ကြည့်နေလိုက်တယ်
Uncle : ငယ်ငယ်က သခင်လေးကဒီနေရာကိုလာပြီးက
စားတယ် မုန့်တွေယူလာပြီးမျှစားတယ် တစ်ခါ
တစ်လေ စာလာကျက်တတ်တယ်
Saint : ကျွန်တော်တို့ အဲ့လောက်တောင်ရင်းနှီးခဲ့တာလား
Uncle : ညီအကိုဆိုတာထပ်ပိုတဲ့သံယောဇဉ်မျိုးပါ
Saint : ကျွန်တော်ဘာလုပ်သင့်လဲ ဘာလုပ်ရမလဲ
Uncle : သခင်လေးရဲ့မာန်မာနတွေကိုဖယ်ရှားပြီး နှလုံး
သားရဲ့စေခိုင်းရာအတိုင်းဆုံးဖြတ်စေချင်ပါတယ်
မှန်ကန်တဲ့လမ်းကို နှလုံးသားကပြပေးမှာပါ
ဟုတ်တယ်..... ခိုင်းစေရာအတိုင်းလုပ်ရမယ်
Saint အိမ်လေးထဲကအမြန်ပြေးထွက်ပြီး သူ့ကားကိုအရှိန်
တင်မောင်းသွားလိုက်တယ်
သူ့အဖေရဲ့ Company ရုံးခန်းဆီ........
Dad : သားလေး ရောက်လာတာလား ဘာလို့လဲ
Saint : P Perth သေဆုံးသွားတာ ဘာလို့မပြောခဲ့တာလဲ
အဖေ.... ဘာလို့ ကို့သားတစ်ယောက်သေဆုံးတာ
ကိုဖုံးကွယ်ခဲ့တာလဲ
အပြုံးတွေနဲ့ဆီးကြိုခဲ့တဲ့ အဖေ့ရဲ့မျက်နှာကချက်ချင်း
အသက်မဲ့သွားခဲ့တယ်......
Dad : ဘယ်လို သိတာလဲ
Saint : အကုန်သိပြီးပါပြီ..... မလိမ်ပါနဲ့တော့ ဘာလို့လုပ်
ရတာလဲ
သူရဲ့သေဆုံးခြင်းက ဘယ်လောက်ထိအထီးကျန်
ဆန်နေလိုက်မလဲ !!!!!!!!
အဖေ့ကိုပြန်အော်တာ ဒါပထမဆုံးအကြိမ်ဖြစ်မှာပါ
Dad : အဖေလည်းမဖြစ်ချင်ဘူး.... Perth ကိုအဖေကို
တိုင်လည်းမဆုံးရှုံးချင်ဘူး အဖေ့သားကိုအဖေချစ်
တာပေါ့
Saint : ဒါဆို ဘာလို့လဲ....... ဘာလို့လဲ
Dad : မင်းအမေနဲ့ကွဲကွာသွားပေမယ့် ငါ့မှာမင်းဆိုတဲ့
သားတစ်ယောက်ကျန်နေသေးတယ်.....
ဒီသတင်းသာပေါက်ကြားခဲ့ရင် မင်းအတွက်ဘာ
ထောက်ပံ့မှုမှပေးနိုင်မှာမဟုတ်ဘူး
Saint : အခု.... ဒီလိုဖြစ်လာတာ သားကြောင့်လို့ပုံချနေ
တာလား ဘယ်သူကအထောက်အပံ့လိုချင်လို့လဲ
ဘယ်သူကအဖေ့ကိုကောင်းကောင်းထားဖို့ပြောခဲ့
လို့လဲ
Dad : Perth လိုမဖြစ်စေချင်ဘူး.... မင်းအကိုသေဆုံး
တာအဖေ့ကြောင့်ဆိုပြီး မင်းအကိုလိုအဖေ့ကိုမမုန်း
စေချင်ဘူး ဒါကြောင့် ရွေးချယ်ခဲ့ရတာ
Saint : ဘာလို့ Ae ဆိုတဲ့ကောင်လေးကိုအသုံးချခဲ့တာလဲ
Dad : သူလက်ခံခဲ့တယ်..... သူလက်ခံအောင်အတင်းစေ
ခိုင်းခဲ့တယ်
အဲ့ညက အခန်းလေးထဲမှာပြောခဲ့တဲ့ စကားတစ်ခွန်းကျန်ရှိနေသေးတယ်
Ae : ကျွန်တော် မလုပ်ပါရစေနဲ့.... သူဌေး
Dad : ငါ့ကိုကြည့်စမ်း..... မင်း Saint ကိုချစ်တယ်မလား
ဒါသူ့ဘဝကောင်းစားရေးအတွက် ငါလုပ်နေရတာ
ဒီသတင်းသာပေါက်ကြားရင် ငါ့လုပ်ငန်းအခြေအ
နေကတည်ငြိမ်တော့မှာမဟုတ်ဘူး
Saint လည်းမင်းလိုဆင်းရဲတဲ့ဘဝမှာနေရလိမ့်မယ်
ကို့ခြေကို့လက်တွေကိုပြန်ကြည့်ပြီး Saint ကိုမြင်ယောင်
လိုက်မိတယ်..... မဖြစ်စေချင်ဘူး သူ့ကိုဒီလိုဘဝမျိုးမ
ရောက်စေချင်ဘူး ကျွန်တော့်လိုမဖြစ်စေချင်ဘူး
Dad : သူမငြင်းနိုင်တာမျိုးနဲ့ အပေးအယူလုပ်ခဲ့တယ်
Saint သူ့နောက်ကဆိုဖာပေါ်ချက်ချင်း ထိုင်ချလိုက်မိ
တယ်.... မျက်ရည်တစ်စက်ကျတိုင်းရင်ထဲမှာနာကျင်ရပါ
တယ်
Saint : ဒါဆို..... သူအရမ်းအနစ်နာခံခဲ့တာပေါ့ သူအရမ်း
ချစ်ခဲ့တာပေါ့
နောင်တတွေကခေါင်းကိုအတင်းရိုက်နှက်နေသလိုပဲ
ကိုကို့ကိုပြောခဲ့တာတွေ မုန်းခဲ့တာတွေ အခုချိန်ပြန်ပြင်ဆင်ဖို့နောက်ကျသွားပြီလား
ဘာလို့အစထဲက ပွင့်ပွင့်လင်းလင်းငါမမေးခဲ့တာလဲ
ငါအရမ်းမှားတယ် ငါမှားခဲ့တယ်
Ding Dong...... ဆက်တိုက်ကိုမြည်နေတဲ့ ဘဲလ်သံ
ကြောင့် Plan လည်းပြေးပြီးတံခါးကိုဖွင့်လိုက်တယ်
မျက်ရည်တွေနဲ့ မောဟိုက်နေတဲ့ Saint ကိုမြင်ပြီးအံ့သြ
သွားမိတယ်
Saint : ကိုကိုဘယ်မှာရှိလဲသိတယ်မလား..... ပြောပြပါ
သူဘယ်မှာလဲ
Plan : ငါမပြောနိုင်ဘူး.....
Saint : ကျေးဇူးပြုပြီး.....
Plan : ငါ့မှာပြောခွင့်မရှိဘူး Saint
Saint ကမျက်လုံးစုံမှိတ်ပြီး Plan ရှေ့မှာဒူးထောက်ချ
လိုက်တယ်
Saint : တောင်းပန်ပါတယ် ကျွန်တော့်အမှားတွေကိုပြင်
ခွင့်ပေးပါလား ကျေးဇူးပြုပြီးတော့ သူရှိတဲ့နေရာ
လေးပြောပြပေးပါ
Plan ကိုလိပ်စာတစ်ခုကိုစာရွက်ဖြူပေါ်ချရေးပေး
လိုက်တယ်
Saint : ကျေးဇူးတင်ပါတယ်
Plan : ခဏလေး Saint.......
ငါမင်းကိုတောင်းပန်ပါတယ်
Saint : ဘာအတွက်လဲ ဘာလို့လဲ
Plan : ဒီတိုင်းပဲ တောင်းပန်ပါတယ်.... နောက်ဆိုမင်းနား
လည်လာမှာပါ.
သွားလေ.... မင်းချစ်တဲ့သူဆီ
Saint လည်း Plan ကိုပြုံးပြပြီး ထွက်လာခဲ့တယ်.....
ပိတ်စဖြူပေါ်ကို ရေးဆွဲနေတဲ့စုတ်တံတွေက အသက်မပါ
သလိုပဲ.....
အရင်လိုလှပတဲ့အပြုံးတွေကိုထပ်မမြင်နိုင်တော့ဘူးလေ
ဒါတွေကိုရေးဆွဲနေလည်း ဆွဲနိုင်မယ်မထင်ပါဘူး
Saint : ကိုကို......
တောင်ကုန်းအောက်လေးကနေ ကိုကို ဆိုတဲ့အသံကို
ကြားလိုက်ရတယ်
Saint အသံပဲ.... ဒါပေမယ့် သူမလာပါဘူး အရင်လိုပဲမြင်
ယောင်နေမိတာပါ
Perth ကသူ့နားနှစ်ဖက်လုံးကို လက်နဲ့ပိတ်ကာလိုက်တယ်
Perth : ကျေးဇူးပြုပြီး ထွက်သွားပေးပါ
Saint : ကိုကို......
အသံကရှင်းလင်းပြတ်သားလွန်းတယ်..... အသံလာရာ
အနောက်ဖက်ကိုလှည့်ကြည့်လိုက်တာနဲ့... သူ့ကိုပြုံးပြီး
ကြည့်နေတဲ့ ကောင်လေး......
Saint : ကိုကို......
Perth : ဒါအိမ်မက်လား......
အခုထိအိမ်မက်လို့မြင်နေတာလား..... ဒါဆိုလည်းအိမ်
မက်မဟုတ်ကြောင်း ကျွန်တော်ကသက်သေပြပေးပါ့မယ်
Perth အနားကိုပြေးပြီး အားနဲ့ပြေးဖက်လိုက်တယ်
Saint : တောင်းပန်ပါတယ်......
အိမ်မက်မဟုတ်ဘူး မြင်ယောင်နေတာမဟုတ်ဘူး.....
တကယ်သူပဲ.... တကယ်သူပဲ
Saint ရဲ့ခါးကို ပြန်ပြီးပွေ့ဖက်ထားလိုက်မိတယ်
Saint : တောင်းပန်ပါတယ်နော် ကိုကို
ဒီအချိန်လေးကိုရပ်တန့်ထားခွင့်ရှိရင် အရမ်းပျော်မိမှာပဲ
သူ့ကိုအမြဲတမ်းထွေးပွေ့ထားချင်မိတယ်
ဒီကလေးကို ကျွန်တော်အရမ်းချစ်တယ်
Perth : Saint..... ဘယ်လိုရောက်လာတာလဲ
Saint : ကိုကိုသိလား နှလုံးသားကကိုကို့်အတွက်ရပ်တည်
ပေးနေတာ..... ကျွန်တော် Ae ဆိုတာကိုမမှတ်မိဘူး
ဒါပေမယ့် Ae ကိုချစ်တာကိုတော့ခံစားနိုင်တယ်
Perth : Saint.... ကျေးဇူးတင်ပါတယ် မှတ်မိနေပေးလို့
တကယ်ကျေးဇူးတင်ပါတယ်
ကျွန်တော့်အချစ်တွေက ကိုကို့အတွက်အမြဲတမ်းရှိနေ
နိုင်တော့မှာပါ......
ကျွန်တော်လည်း ကိုကို့ကိုအရမ်းချစ်လို့ပါ
Part 21 ( the end )