Perth : ရောက်ပြီလား
ချင်းမိုင်ကိုကပ်ဆိုက်တဲ့ လေယာဉ်ပေါ်ကနေသူတို့သုံး
ယောက်အတူဆင်းလာကြတယ်
Saint နောက်ကိုလှည့်လှည့်ပြီးကြည့်နေတာ ဘာဖြစ်လို့လဲ
Plan : Saint မင်းငါ့ကိုဘာလို့လှည့်ကြည့်နေတာလဲ
Saint : ဘာမှမဖြစ်ပါဘူး P Plan လိုက်လာမယ်မထင်လို့
Perth : Plan ကကိုကိုသွားတဲ့နေရာတိုင်းလိုက်နေကြ
ကိစ္စမရှိဘူးမလား အသိမပေးဘဲခေါ်လာမိသလို
ဖြစ်သွားမိတယ်
Saint : ဘာမှမဖြစ်ပါဘူး ဒီတိုင်းလိုက်လာမယ်မထင်ထား
လို့ သွားကြရအောင်
Perth က Saint လက်ထဲကအိတ်ကိုဆွဲယူလိုက်တယ်
Perth : ငါကိုင်ပေးမယ်
Saint : ကျေးဇူးပါ ကိုကို
Perth : Plan မင်းလက်ထဲကအိတ်ပေးလေ
Plan : ရပါတယ် သူဌေးသားကမသယ်ပေးပါနဲ့
Perth : မင်းကတော့လုပ်ပြီ ......
နှစ်ယောက်လှောင်ပြောင်ရီမောနေတဲ့ပုံက သူဌေးနဲ့အ
တွင်းရေးမှူးဆက်ဆံရေးလိုကိုမဟုတ်တာ .... သူငယ်ချင်းတွေဆိုရင်တောင် သူတို့ဘယ်အချိန်ထဲကအဲ့လောက်ရင်းနှီးခဲ့တာလဲ
Perth : Saint ဘာငိုင်နေတာလဲ လာလေ
ဒေါက် ဒေါက် ...... ကို့အိမ်တံခါးကိုခေါက်တာတောင်
စိတ်လှုပ်ရှားနေမိတယ် မေမေက ကိုကို့ကိုတွေ့ရင်အရမ်း
ပျော်နေမှာ
Mom : Saint .....
သားတစ်ယောက်ကိုမြင်လိုက်တာနဲ့ အမေ့ရင်ထဲကလာတဲ့အပြုံးတွေကနွေးထွေးလိုက်တာ
Saint ကသူ့အမေကိုတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်
တယ်
Saint : သားအရမ်းလွမ်းနေတာ
Mom : မေမေလည်းလွမ်းတာပေါ့
Saint : ကိုကို့ကိုနှုတ်ဆက်လိုက်ပါဦး မေမေ
အိမ်ရှေ့မှာရပ်နေတဲ့ ကောင်လေးနှစ်ယောက်နားကိုမျက်
ရည်တွေနဲ့ လျှောက်သွားခဲ့တယ်
ဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်ဆိုတာ ငြင်းဆန်လို့မရနိုင်ဘူး
Mom : သားလေး ......
မေမေဘာလုပ်တာလဲ နှစ်ယောက်ရှိတဲ့ထဲကဘာလို့
Plan ရဲ့ပါးကိုသွားကိုင်ပြီး သားလို့ခေါ်တာလဲ
Saint : မေမေ.....
Plan : လူမှားနေပါတယ် ကျွန်တော်ကအန်တီ့သားမဟုတ်
ပါဘူး
Plan ကသူ့ပါးပေါ်ကလက်ကိုဖယ်ချပြီးနောက်ဆုတ်
ပေးလိုက်တယ်
Saint : မေမေ ဘာလို့လူမှားရတာလဲ ကိုကိုစိတ်မကောင်း
ဖြစ်နေတော့မယ်
Mom : မေမေလည်းစိတ်အရမ်းလှုပ်ရှားသွားမိတယ်
မေမေတောင်းပန်ပါတယ်နော် သားလေး
Perth ကအပြုံးတွေနဲ့ သူ့အမေကိုဖက်ထားလိုက်တယ်
နွေးထွေးလိုက်တာ မိခင်တစ်ယောက်ဆီကယုယကြင်နာ
မှုမျိုးဒီတစ်သက်ရဖူးပါ့မလားလို့ အမြဲတွေးတောနေမိတာ
ကျေနပ်လိုက်ပါပြီ ဒီထွေးပွေ့မှုနဲ့တင်ကို့ကိုယ်ကိုကျေနပ်
မိပါပြီ
Saint : အလွမ်းသယ်နေကြတယ်နော် လာပါ အိမ်ထဲဝင်
ရအောင်
Saint ကနှစ်ယောက်လုံးကိုအပေါ်ထပ်ကိုခေါ်သွား
လိုက်တယ်
Saint : အိမ်ကအကောင်းကြီးတော့မဟုတ်ပေမယ့် ကိုကို
နေလို့ပြောမှာပါ မေမေကသေချာလုပ်ပေးထားတာ
Perth : ငါအဆင်ပြေပါတယ် Plan နဲ့အတူနေလိုက်မယ်
Saint : P Plan ကကျွန်တော့်အခန်းမှာအိပ်လို့ရပါတယ်
ကျွန်တော်ကကိုကိုနဲ့အတူနေမယ်လေ
Perth တော့အကျပ်ရိုက်ပြီ Plan ကိုကြည့်လိုက် Saint ကိုကြည့်လိုက်နဲ့ ရွေးချယ်ရခက်နေပြီ
Plan : Saint ..... ဒီနေ့တော့အကို Perth နဲ့အတူနေလိုက်ပါ
မယ် မင်းကို့အိမ်ကိုပြန်ရောက်တုန်းအေးဆေးနေပါ
Perth :ဟုတ်သားပဲ Saint
Saint : ဟုတ်ကဲ့ပါ ကိုကို့သဘောပါ
စိတ်ထဲတော့မတင်မကျဖြစ်မိတာပေါ့ ကိုကိုကသူ့ကိုငြင်းဆန်လိုက်သလိုပဲ
Mom : အခန်းအဆင်ပြေရဲ့လား ကလေးတို့ အမေနေ့
လည်စာပြင်နေတာကြာသွားတယ် ထိုင်ကြလေ
Saint ကသူ့အမေအတွက် ဟင်းတွေကိုဦးချပြီးထည့်ပေး
ပြီးတာနဲ့ Perth ပန်းကန်ထဲကိုလည်းထည့်ပေးလိုက်တယ်
Saint : ကိုကို .. အများကြီးစားနော်
Mom : Saint .... အဲ့လိုအခေါ်အဝေါ်ကိုဘယ်အချိန်ကစ
သုံးနေတာလဲ ..... ကိုကိုဆိုတာ သားခေါ်နေကြမ
ဟုတ်ပါဘူး
Saint : ငယ်ငယ်က P Perth လို့ခေါ်ခဲ့တယ်ထင်တယ် အ
ပြောင်းအလဲဖြစ်တာပေါ့ မေမေ..... ဟုတ်တယ်မ
လား ကိုကို
Perth : ဒါပေါ့ .... မင်းသဘောကျနေတာပဲ
အားလုံးကရီမောပြောဆိုနေပေမယ့် Plan ကတော့အသံ
ကိုတိတ်ပြီး ငြိမ်သက်နေတာပဲ
သူအားနာနေလို့လား သေချာလည်းထည့်မစားဘူး
Mom : Plan .... ထည့်စားလေ ဒါကဂဏန်းသားလေး
ကိုတိုင်ယူမစားတော့ Plan ရဲ့ပန်းကန်ထဲကိုသေချာ
ထည့်ပေးလိုက်တယ်
Mom : Perth ဆိုအရမ်းကြိုက်တာ စားလေ သား
Perth : Plan .... နေကောင်းတယ်မလား
Plan : ကောင်းပါတယ် .... အများကြီးစားပါ့မယ် အန်တီ
Mom : မေမေလို့ခေါ်လို့ရပါတယ် သားတစ်ယောက်လိုပဲ
ခံစားမိလို့ပါ
Plan : ကျေးဇူးတင်ပါတယ် မေ .... မေမေ
Mom : ဒီလိုမှပေါ့ .... စားကြလေ ကလေးတို့ အမေကပြီး
ရင်ဖျော်ရည်လုပ်ပေးဦးမယ်
Saint : မေမေ သားအတွက်ပန်းသီးဖျော်ပေးနော်
Mom : လုပ်ပေးမှာပေါ့ Perth လေးရောပဲ
" ဒေါက် ဒေါက် " တံခါးကိုဖြည်းဖြည်းလေးတွန်းဖွင့်ပြီး
ဝင်လာတော့ Plan ကကုတင်ပေါ်မှာ တစ်ယောက်ထဲငိုင်တိုင်တိုင်နဲ့ထိုင်နေတယ်
Perth : Plan မင်းအဆင်ပြေရဲ့လား
Plan ဘာမှလည်းပြန်မဖြေ သက်ပြင်းပဲချနေတော့
Perth လည်းသူ့ပခုံးတစ်ဖက်ကိုအင်အားတွေနဲ့ဆုပ်ကိုင်
ထားလိုက်တယ်
Perth : Plan .... ငါမေးတာဖြေဦးလေ ဘာလို့မဖြေတာလဲ
Plan : ငါ ..... ငါလိုက်မလာသင့်ဘူးကွာ
Perth : မင်းအမေကို သတိရနေတယ်မလား
Plan : အင်း Perth .... ငါတို့လိုချင်တာရပြီ ငါတို့ကတိကို
ဘယ်တော့စပြီးအပေးအယူလုပ်ကြမှာလဲ
Perth ချက်ချင်းမှိုင်တွေသွားမိတယ်
Perth : မင်း သေချာလို့လား မင်းစိတ်သဘောအရလုပ်
ချင်တာ သေချာလား
Plan : အဲ့နေ့ထဲက ငါတကယ်သေချာခဲ့ပါတယ်
Perth : Saint အတွက်မင်းမကြည့်တော့ဘူးလား
Plan : ငါတို့နှစ်ယောက်ရဲ့သဘောတူညီချက်ထဲမှာ Saint
အတွက်မပါဝင်ခဲ့ဘူး မင်းလိုချင်တာကိုတောင်းဆို
ခဲ့ပြီးပြီ ငါ့အတွက်လည်းငါလိုချင်တာကိုလုပ်မှာပဲ
ပြီးတော့ Saint အတွက်ပိုကောင်းလာမယ်ဆိုတာ
မင်းလည်းသိမှာပါ
Perth : သူအရမ်းစိတ်ထိခိုက်သွားနိုင်တယ် ဘာတွေဖြစ်
လာမယ်မသိပေမယ့် သူ့မျှော်လင့်ချက်တွေရိုက်
ချိုးခံရသလိုဖြစ်သွားလိမ့်မယ် ဒီကလေး .....
လမ်းပျောက်သွားနိုင်တယ်
Plan : ငါဂရုမစိုက်ဘူး ငါ့ကိုမင်းပဲကူညီနိုင်တယ် မင်းသိ
တယ်မလား ခဏလောက်မေ့ထားကြရအောင်
Perth : အမှန်တရားတွေကို မင်းမပြောတော့ဘူးလား
Plan : ဟင့်အင်း ပြောလိုက်ရင်ဒီအချိန်ထိငါရပ်တည်နေ
တာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ မင်းအဲ့ကလေးကို
အရမ်းချစ်တာ ငါသိပါတယ် ဒါပေမယ့် .....
ငါတို့ကြားမှာကတိတစ်ခုရှိသေးတာကိုမမေ့ပါနဲ့
Perth : ငါမင်းကိုအကောင်းဆုံးကူညီပါ့မယ်
Plan : ကျေးဇူးပါပဲ ....... Ae
Part 14 ( the end )