Part 1

3K 138 16
                                    

   လေဆိပ်ထဲရောက်တာနဲ့ အရပ်ရှည်ရှည် ချစ်စရာမျက်နှာ
ထားလေးနဲ့ ကောင်လေးက အသက် ၅၀ ဝန်းကျင်အရွယ်
လောက်အဒေါ်ကြီးကိုဖက်ထားလိုက်တယ်
Mom : Saint ဟိုရောက်ရင်ကို့ကိုယ်ကိုဂရုစိုက်နော်
Saint : မေမေ ဘာလို့မလိုက်လာတာလဲ အတူပြန်ရအောင်
Mom : မေမေလိုက်ချင်ပါတယ် မေမေလည်းသားကြီးလေး
နဲ့တွေ့ချင်တာအရမ်းပဲ ဒါပေမယ့် သားတို့ဖေဖေကို
           တစ်သက်လုံး ပြန်မတွေ့ဘူးဆုံးဖြတ်ထားတာသိတယ်
            မလား ဟိုမှာ Perth ရှိနေတော့သားကိုစိတ်ချလက်ချ
            လွှတ်နိုင်တာ
Saint : သားစာကြိုးစားမှာပါ စိတ်မပူပါနဲ့ မေမေ ပြီးတော့
             ကိုကို့ကိုလည်း တစ်ခါလောက်ခေါ်လာခဲ့ပါမယ်
Mom : အင်းပါ လေယာဉ်ချိန်နီးပြီ သွားတော့လေ
    အမေ့ကိုနှုတ်ဆက်အနမ်းတွေခြွေပြီး အိမ်ကိုပြန်ခေါ်သွား
ပေးမယ့်လေယာဉ်ပေါ်ကိုစီးနင်းခဲ့တယ်
အမေကပိုက်ဆံမရှိတော့ ချင်းမိုင်လိုနေရာလေးမှာပဲနေနိုင်
တယ် အဖေကတော့မတူဘူး မျိုးရိုးဆက်ချမ်းသာလာတဲ့
သူမို့လို့ ဘန်ကောက်မြို့ထဲက ကြီးကျယ်ခမ်းနားတဲ့နေရာမှာ
နေနိုင်တယ်လေ ၁၀ နှစ်ကျော်ကြာမှ ပြန်သွားရမယ်ဆိုတော့
အိမ်ဆိုတာ သူစိမ်းပါပဲ
လေယာဉ်စိုက်တာနဲ့ စိတ်တွေလှုပ်ရှားနေခဲ့တာ လေဆိပ်က
နေထွက်လာခါနီး ပိုပြီးလှုပ်ရှားလာတာ ပေါက်ထွက်မတတ်ပဲ
အပျော်တွေလွန်နေခဲ့တာပါ ကိုကိုနဲ့ဖေဖေ လာကြိုမလားလို့
ပေါ့
ဒါပေမယ့် စိတ်အလိုတိုင်းမဖြစ်ခဲ့ပါဘူး
" Saint " ဆိုတဲ့ဆိုင်းဘုတ်ကိုင်ပြီးရပ်စောင့်နေတာ ဦးလေး
ကြီးတစ်ယောက်
Saint : ကျွန်တော်က Saint ပါ
Uncle : မင်္ဂလာပါ သခင်လေး
Saint : အဲ့လိုကြီးမခေါ်ပါနဲ့ မတွေ့ရတာကြာပြီနော် ဦးလေး
   Saint ကဟိုကြည့်ဒီကြည့်နဲ့ တစ်ခုခုကိုရှာနေပုံရတယ်
Uncle : သခင်ကြီးနဲ့သခင်လေးက အိမ်မှာစောင့်နေပါတယ်
Saint  : အာ ဟုတ်ကဲ့
Uncle : ကောငိးကောင်းကြီးပြင်းလာတာပဲ သခင်လေး
             ကျွန်တော်အိတ်တွေကူသယ်ပေးပါ့မယ် ကားပေါ်
             တက်ပါ
    ဒီလိုဇိမ်ခံကားမျိုးကို ငယ်ငယ်ကပဲစီးခဲ့ဖူးတာ အခုကျတော့
လည်းစီးရတာ ခေါင်းတောင်မူးတယ်
Saint : ဦးလေး ဖေဖေနေကောငိးတယ်မလား ကိုကိုရော
Uncle : နှစ်ယောက်လုံးနေကောင်းကြပါတယ်
Saint : ကိုကို့ကိုတစ်ခါမှ မတွေ့ဖူးသေးဘူး သူချောလားဟင်
             စာရောတော်လား ကောင်မလေးတွေရှိနေပြီလား
   Saint ကတော်တော်ချစ်ဖို့ကောင်းတဲ့ကလေးပဲ အဆက်မ
ပြတ်မေးနေပုံထောက်ရင် ဒီကလေး သူ့အကိုကိုအရမ်းလွမ်း
နေပုံပဲ
Uncle : ဖြေးဖြေးမေးပါ သခင်လေး ကျွန်တော်လိုက်မမီတော့
             ပါဘူး
   အဲ့တော့မှ ရှက်ကိုးရှက်ကန်းနဲ့ ရီနေလိုက်မိတယ်
Uncle : သခင်လေး Perth က အရမ်းချောပါတယ် အရာရာ
             တိုင်းမှာထက်မြတ်တဲ့ကလေးပါ သူကမိန်းကလေး
             တွေစိတ်မဝင်စားပါဘူး ခပ်အေးအေးနေတတ်တဲ့
              ကလေးပါ
    စိတ်သက်သာရာရလိုက်တာ ပြီးတော့ ပျော်လိုက်တာ
ကိုကိုက ကျွန်တော့်ထပ်စာရင် ကောင်းကောင်းမွန်မွန်ကြီး
ပြင်းခဲ့တာပဲ အိမ်ကောင်းကောင်း ကားကောင်းကောင်းနဲ့
အထက်တန်းဆန်ဆန်နေခဲ့ရတာပဲ
သူ့ကိုတွေ့ချင်စိတ်က ထိန်းမထားနိုင်တော့ဘူး
Saint : အိမ်ကအရင်တိုင်းပဲနော် ဦးလေး
     ဖေဖေတို့စောင့်နေမယ်ဆိုလို့ အိမ်ထဲကိုတက်ကြွတဲ့ခြေ
လှမ်းတွေနဲ့ဝင်လာခဲ့တယ် ဖေဖေကိုလှမ်းတွေ့လိုက်ရတော့
အစကပြုံးရီနေတဲ့ မျက်နှာကထိတ်လန့်မှုတွေအပြည့်နဲ့ ပြောင်းလဲသွားတယ် အံ့သြပြီးလန့်သွားတာ
ဖေဖေက ကျွန်တော်ရှေ့မှာပဲ ကျောခိုင်းထားတဲ့ကောင်လေး
တစ်ယောက်ကိုလက်သီးပြင်းပြင်း တစ်ချက်နဲ့ဆွဲထိုးလိုက်
တယ်
Uncle : သခင်ကြီး
    ဦးလေးစကားစလိုက်တော့မှ ဖေဖေကျွန်တော့်ကိုမြင်တယ်
ထင်တယ် ကျွန်တော်လန့်သွားပြီးကျောခိုင်းထားတဲ့ကောင်
လေးကိုပဲ ငေးကြည့်နေမိတယ်
Dad  : သားငယ်လေး ရောက်လာပြီလား သားလန့်သွားတာ
            လား ဖေဖေကသားအကိုကို ဆုံးမနေတာပါ
     သားအကိုဆိုတော့ ...... အခုကျောခိုင်းထားတဲ့ကောင်လေးက Perth ပေါ့
Dad   : သားသွားနားဦးလေ ခရီးပန်းလာတယ်မလား
Saint : ရ.... ရပါတယ်
Dad : Perth ..... မင်းညီလေးကိုနေရမယ့်အခန်းလိုက်ပြပေး
           လိုက်
    အဲ့အချိန်မှ ကိုကိုကကျွန်တော့်ကိုလှည့်ကြည့်လိုက်တယ်
သူ့ရဲ့ချောမောလွန်းတဲ့မျက်နှာကိုပထမဆုံးအကြိမ် တွေ့မြင်
ဖူးခြင်းပါ ဒါပေမယ့် သူ့နှုတ်ခမ်းမှာအဖေ့ရဲ့လက်သီးချက်
ကြောင့် သွေးစလေးကို မြင်လိုက်ရတာ ကျွန်တော့်ရင်တွေ
ကြေကွဲမတတ်ပါ ငိုချလိုက်ချင်ပေမယ့် ထိန်းချုပ်ထားခဲ့တယ်
ထင်ခဲ့မိတာ ကျွန်တော့်ထပ် ကိုကိုက ကောင်းကောင်းမွန်မွန်
နေခဲ့ရမယ်လို့ပေါ့ အထက်တန်းကျတဲ့မိသားစုမှာကြီးပြင်းလာ
ရတယ်ပေါ့ အကောင်းစားတွေသုံးပြီးကောင်းကောင်းနေရ
တယ်ပေါ့ ဒါပေမယ့် ကျွန်တော်ထင်ထားတာနဲ့ မြင်တွေ့လိုက်
ရတာ တစ်ခြားစီများဖြစ်နေသလား
Perth က Luggage ကိုဆွဲပြီး အပေါ်ထပ်ကိုတက်သွားလိုက်
တယ် အေးဆေးစကားပြောချင်ပေမယ့် ဒီအချိန်ကအချိန်
ကောင်းမဟုတ်ဘူးထင်လို့ အနောက်ကနေပဲလိုက်သွားခဲ့
တယ် အခန်းကျယ်ကြီးကိုဖွင့်ပြီး Luggage တွေကိုအထဲထိ
သယ်ခဲ့ပေးတယ်
Saint : ခဏလေးနေပါဦး ကိုကို ခဏလေးပါ
    Saint ကသူ့လွယ်အိတ်ကိုမွှေနှောက်ရှာပြီး ဆေးဘူးအ
သေးလေးကိုထုတ်လိုက်တယ်
Saint : နှုတ်ခမ်းမှာ သွေးထွက်နေတယ် ကျွန်တော်ဆေး
          လိမ်းပေးမယ်လေ
   Perth ရဲ့လက်ကိုဆွဲပြီး ဘေးကကုတင်ပေါ်မှာထိုင်ခိုင်း
လိုက်တယ် သူလည်း Perth ရဲ့ရှေ့မှာထိုင်ချလိုက်တယ်
အခုထိ Perth ဆီကစကားသံမကြားရသေးဘူး
ဆေးဘူးကိုဖွင့်ပြီး လက်ချောင်းလေးတွေပေါ်ဆေးတင်လိုက်
တဲ့ ကောင်လေးကိုပဲငေးကြည့်နေခဲ့တယ်
Saint ကအနားကိုကပ်ပြီး Perth ရဲ့နှုတ်ခမ်းပေါ်ကို သူ့လက်
နဲ့ကိုယ်တိုင်ဆေးလိမ်းပေးလိုက်တယ်
ဆေးလိမ်းဖို့ကိုပဲ အာရုံစိုက်နေတော့ Perth ကသူ့ကိုပဲကြည့်
နေတာကိုသတိရော ထားမိရဲ့လား ဒါပေမယ့် အခုတော့သတိ
ထားမိလိုက်ပုံပဲ နှစ်ယောက်လုံးရဲ့အကြည့်ချင်းကစက္ကန့်ပိုင်း
လောက်ဆုံပြီးငြိမ်သက်သွားသလိုပဲ
အရင်ဆုံးအခြေအနေကိုလှုပ်ခတ်လိုက်တာ ကလေးလေးရဲ့
ချစိဖို့ကောင်းပြီး နွေးထွေးလွန်းတဲ့အပြုံးတစ်ပွင့်
Saint : ကိုကို့ကို လွမ်းနေခဲ့တာ
   Saint ရဲ့အပြုံးလေးနဲ့အတူ ဖွင့်ဟလာတဲ့စကားလေး
ကြောင့် Perth ရဲ့မျက်ဝန်းအိမ်ကနေ ပျော်ရွှင်မှုအရိပ်အ
ယောင်လေးကို တစ်စွန်းတစ်စ တွေ့လိုက်ရသလိုပဲ
                                    Part 1 ( the end )
🖤 အစစ်မလုံးဝမပါဝင်ပါ
🖤 ဗီလိန်မပါဝင်ပါ
🖤 အေးအေးဆေးဆေး Feel လေးနဲ့ဖတ်ကြပါ ❤️

ကိုကို့ရဲ့ ကလေးလေး Where stories live. Discover now